Monday, April 1, 2013

“ဂျပန်ရှိ အမေရိကန်စစ်စခန်းများကို ပစ်မှတ်ထားဟု မြောက်ကိုရီးယား ခြိမ်းခြောက်”

Ever November | 4/01/2013 10:40:00 PM | Best Blogger Tips
(ဂျပန်နိုင်ငံရှိ အမေရိကန်၏ စစ်အခြေစိုက်စခန်းတစ်ခု မြင်ကွင်း)
အမေရိကန် စစ်အခြေစိုက်စခန်းများတည်ရှိနေသည့် ဂျပန်မြို့ (၃)ခုကိုပါ ပစ်မှတ်အဖြစ် သတ်မှတ်ပြီး ဖြစ်ကြောင်း မြောက်ကိုရီးယားက ခြိမ်းခြောက် လိုက်သည်။ မြောက်ကိုရီးယား အာဏာရ ပါတီ၏ ဝါဒဖြန့် ဝက်ဘ်ဆိုက် တစ်ခုဖြစ်သည့် ရိုဒွန်ဆင်မွန်းတွင် ဂျပန်ရှိ မြို့ပြ (၃)ခုကိုလည်း တောင် ကိုရီးယားနှင့် အမေရိကန် ပြည်ထောင်စုတို့ နည်းတူ မိမိတို့၏ ပစ်မှတ်စာရင်း သွင်းထားကြောင်း ဖော်ပြထားသည်။
"ယိုကိုဆူကာ၊ မီဆာဝါနဲ့ အိုကီနာဝါတို့ဟာ ကျွန်ုပ်တို့ ပစ်ခတ်တိုက်ခိုက်နိုင် တဲ့ အကွာအဝေးအတွင်းမှာပဲ တည်ရှိတယ်။ ဂူအမ်နိုင်ငံလည်း တူတူပဲ"ဟု ယင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ ဂူအမ်ရော၊ ယင်းဂျပန်မြို့များပါ အမေရိကန် စစ်အခြေစိုက် စခန်းများကို ဖွင့်လှစ်ခွင့် ပြုထားသည်။
Planet Myanmar Network
 

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1