Saturday, April 6, 2013

မြောက်ကိုရီးယား တာလတ်ပစ်ဒုံးကျည်တစ်စင်း တောင်ကိုရီးယားနှင့် ဂျပန်ကို ချိန်ရွယ်ထား

Ever November | 4/06/2013 02:20:00 PM | Best Blogger Tips

မြောက်ကိုရီးယားနိုင်ငံက တောင်ကိုရီးယားနှင့် ဂျပန်ကို ပစ်မှတ်ထားလျက် ၄င်း၏ တာလတ်ပစ် ဒုံးကျည်တစ်စင်းကို အရှေ့ဘက် ကမ်းရိုးတန်းသို့ ပြောင်းရွှေ့ ချထားပြီးဖြစ်ကြောင်း ပရက်စ်တီဗွီ သတင်းတစ်ရပ်တွင် ဖော်ပြသည်။ ပြုံယမ်း၏ လှုပ်ရှားမှုအပေါ် အမေရိကန်နှင့် တောင်ကိုရီးယား ထောက်လှမ်းရေး အဖွဲ့က စုံစမ်း ထောက်လှမ်းခဲ့ကြောင်း တောင်ကိုရီးယား ယွန်ဟတ် သတင်းအေဂျင်စီက ဧပြီ ၄ ရက်တွင် ပြောကြားသည်။ ယင်းဒုံးကျည်သည် အကွာအဝေး အတော်အတန်ကို ပစ်ခတ် ရောက်ရှိနိုင်ကြောင်း၊ သို့သော် အမေရိကန်ပြည်မအထိ မရောက်နိုင်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ကင်ကွမ်းကျင်းက ပြောကြားသည်။ ယင်းဒုံးကျည်သည် မူဆူဒန်ဟုခေါ်ပြီး ကီလိုမီတာ ၃ဝဝဝ ခန့် ပစ်နိုင်သည်ဟု သတင်းများက ဆိုသည်။ ယင်းဒုံးကျည်ကို မြောက်ကိုရီးယားနိုင်ငံ ထူထောင်သူ ကင်အီဆွန်၏ မွေးနေ့ကျရောက်ချိန် ဧပြီလလယ်တွင် စမ်းသပ် ပစ်ခတ်ဖွယ်ရှိကြောင်း ထောက်လှမ်းရေး သတင်းရပ်ကွက်များက ဆိုသည်။ မြောက်ကိုရီးယား၏ မည်သည့် တိုက်ခိုက်မှုကိုမဆို ချက်ချင်းလက်တုံ့ ပြန်သွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံက ပြောကြားသည်။ ထိုစဉ်အတွင်း ပြုံယမ်း၏ ဒုံးကျည်ခြိမ်းခြောက်မှုကို လက်တုံ့ပြန်ရန် လိုအပ်သည်များ ပြင်ဆင်ထားကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂျေးကာနေးက ဆိုသည်။ 
(ပရက်စ်တီဗွီ)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1