Monday, April 8, 2013

ဆက်သွယ်ရေး အော်ပရေတာ ရွေးချယ်မှု ဒုတိယအဆင့်အတွက် ပြည် ပအော်ပရေတာ ၂၂ ခုမှ Pre-qualification Application တင်သွင်း

Ever November | 4/08/2013 11:29:00 AM | Best Blogger Tips
၂၀၁၂ ခုနှစ်က ကျပ်နှစ်သိန်းတန် မိုဘိုင်းဆင်းကတ်များကို ရတနာပုံ တယ်လီ ကွန်ကုမ္ပဏီ မှ ရောင်းချပေးနေ စဉ်
ပြည်တွင်းရှိ ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းများအတွက် ဆက် သွယ်ရေး အော်ပရေတာ ရွေးချယ်မှု ဒုတိယအဆင့်အတွက် ပြည်ပအော်ပရေတာ ၂၂ ခုမှ ၂၀၁၃ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် Pre-qualification Application တင်သွင်းခဲ့ကြောင်း ဆက်သွယ်ရေး အော်ပရေတာ တင်ဒါ အကဲဖြတ်ရေးနှင့် ရွေးချယ်ရေး ကော်မတီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံတစ်ဝန်း ဆက်သွယ်ရေး ၀န်ဆောင်မှု ရရှိစေမည့် ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းလိုင်စင်နှစ်ခု ခွင့်ပြုရန်အတွက် ဆက်သွယ်ရေး အော်ပရေတာ တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီမှ ၂၀၁၃ ခုနှစ် ဧပြီလ ၄ ရက်နေ့ ညနေ ၃ နာရီ၌ Pre-qualification Application များအား ဖွင့်ဖောက် စစ်ဆေးခဲ့ရာ နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏီ ၂၂ ခုမှ တင်သွင်းသည့်Documentများအား စိစစ်ပြီး ကော်မတီအနေဖြင့် လက်ခံ အတည်ပြုခဲ့ကြောင်း သိရသည်။

Pre-qualification Application Process အောင်မြင်သည့် အော်ပရေတာများ၏ စာရင်းအား ၂၀၁၃ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့တွင် ကြေညာသွားမည် ဖြစ်သည်။

အဆိုပါ ဆက်သွယ်ရေး ၀န်ဆောင်မှုအတွက် လိုင်စင်လျှောက်ထားရာတွင် အဆင့်သုံးဆင့် ခွဲခြားသတ်မှတ် ထားပြီး ပထမအဆင့် အနေဖြင့် ကော်မတီမှ မည်သည့်စီးပွားရေး လုပ်ငန်းစုကိုမဆို ၎င်းတို့ဝင်ရောက် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားပါက ဆက်သွယ်ရေးလုပ်ငန်း လုပ်ပိုင်ခွင့် လိုင်စင်အား လျှောက်ထားနိုင်ကြောင်း၊ ဒုတိယအဆင့်တွင် ယင်းလုပ်ငန်းစုများ အနေဖြင့် ဆက်သွယ်ရေး အော်ပရေတာများအဖြစ် လုပ်ကိုင်ဆောင် ရွက်ရန် အရည်အသွေးရှိ၊ မရှိနှင့် တတိယအဆင့်အတွက် ဆက်လက်ပါဝင် အရွေးချယ်ခံနိုင်ခြင်းရှိ၊ မရှိ စသည့်အချက်များကို စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

လိုင်စင်လျှောက်ထားခွင့် ဒုတိယမြောက် အဆင့်တွင် ၎င်းလုပ်ငန်းစုများ အနေဖြင့် ဆက်သွယ်ရေး အော် ပရေတာများအဖြစ် လုပ်ကိုင် ဆောင်ရွက်ရန် အရည်အသွေး ရှိ၊ မရှိနှင့် တတိယ အဆင့် အတွက် ဆက်လက် ပါဝင် အရွေးချယ်ခံနိုင်ခြင်း ရှိ၊ မရှိ စသည့် အချက်များကို စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဒုတိယမြောက် အဆင့်တွင် လာရောက် လျှောက်ထားသူ ကုမ္ပဏီများအနေဖြင့် သတ်မှတ်ထားသော အခြေခံ လိုအပ်ချက်များဖြစ်သည့် အရင်းအမြစ်၊ ဘဏ္ဍာရေး ခိုင်မာတောင့်တင်းမှု၊ လုပ်ငန်းလည်ပတ် နိုင်စွမ်းရှိ၊ မရှိ၊ ဒီဇိုင်းအတွေ့အကြုံ၊ အကောင်အထည် ဖော်နိုင်စွမ်း ရှိ၊ မရှိ စသည့် အချက်များကို စစ်ဆေးသွားနိုင်ရန် ရည်ရွယ်ထားသည်။

မြန်မာ့ဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများအရ ဆက်သွယ်ရေး ကဏ္ဍအတွက် Myanmar Telecom, Yatanarpon Telecom ကုမ္ပဏီနှစ်ခုနှင့်အတူ သီးခြားဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုတို့မှ ဆက်သွယ်ရေး ကဏ္ဍအတွက် အပြိုင်ဝန်ဆောင်မှု ပေးကြမည်ဖြစ်ပြီး ယင်းဆက်သွယ်ရေး ကုမ္ပဏီလေးခုမှ ၂၀၁၃ မှ ၂၀၁၆ ခုနှစ် အတွင်း၌ မိုဘိုင်းဖုန်း အလုံးရေ ၃၉ သန်းခွဲခန့် ရောင်းချပေးနိုင်ရန် စီစဉ်ထားကြောင်းလည်း သိရှိရပါသည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1