Wednesday, May 15, 2013

မဟာဆန် ဆိုင်ကလုန်း အနီရောင် အရေးပေါ်အဆင့်သို့ရောက်ရှိ

Ever November | 5/15/2013 10:46:00 PM | Best Blogger Tips

ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မဟာဆန် သည် အနီရောင်အရေး ပေါ်အဆင့်သို့ရောက်ရှိလာပြီး ရခိုင်ပြည်နယ် ၊ မောင်တောမြို့ကို နောက် ၁၈ နာရီ အတွင်းဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီး ဌာနက မေလ ၁၅ ရက် ည ၇ နာရီက သတိပေးချက် ထုတ် ပြန်လိုက်သည်။

အဆိုပါမုန်တိုင်းသည် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွှေ့လျားနေပြီး နောက် ၁၈ နာရီအတွင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့နှင့် ရခိုင်ပြည်နယ်မောင်တောမြို့ကမ်းခြေကို ဖြတ်ကျော် ဝင်  ရောက်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

မုန်တိုင်းဖြတ်ကျော်ဝင်ရောက်စဉ် လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၇၀ အထိ တိုက်ခတ်နိုင်ပြီး မုန်တိုင်းကြောင့်မြင့်တက်လာသော ရေလှိုင်းအမြင့်မှာ မောင်တောမြို့နယ် ကမ်းခြေတွင် ၈ ပေမှ ၁၀ ပေ ခန့် ၊ စစ်တွေခရိုင် ကမ်းခြေတွင် ၆ ပေမှ ၈ ပေခန့်နှင့် ကျောက်ဖြူခရိုင်ကမ်းခြေတွင် ၄ ပေမှ ၆ ပေခန့် အထိမြင့်တက်နိုင်ကြောင်း ည ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ထုတ်ပြန်ထားသည်။
လက်ရှိအနေအထားတွင် အဆိုပါမုန်တိုင်းသည် မောင်တောမြို့၏ အနောက်တောင်ဘက် မိုင် ၂၇၀ ခန့်၊ စစ်တွေမြို့၏ အနောက်တောင်ဘက် မိုင် ၂၈၀ ခန့် ၊ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် မိုင် ၃၀၀ ခန့် ၊ အိန္ဒိယနိုင်ငံ ၊ ကိုလ်ကတ္တားမြို့၏ တောင်ဘက် မိုင် ၂၆၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း ဖေါ်ပြထားသည်။

ထို့အပြင် မုန်တိုင်းနှင့်အတူ မိုးသည်းထန်စွာရွာသွန်းနိုင်ပါသဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးရွာ သွန်းမှုကြောင့် မြေပြိုခြင်း ၊ တောင်ကျရေများကြောင့်လျှပ်တစ်ပြက်ရေကြီးခြင်း အန္တရာယ်များကို သတိပြုရှောင်ရှား သင့်ကြောင်း လည်း သတိပေးထားသည်။

အဆိုပါ မုန်တိုင်းကြောင့် ဖြစ်လာမည့်အန္တရာယ်များအတွက် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်ရန် ဒုတိယ သမ္မတ ဦးဥာဏ်ထွန်းမှာ ရခိုင်ပြည်နယ်အမ်းမြို့သို့ ရောက်ရှိနေပြီဖြစ်သည်။

Mizzima

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1