Saturday, June 15, 2013

ပီရူးနိုင်ငံက ပထမဆုံး ပြည်တွင်းဖြစ် ဒုံးကျည် စမ်းသပ်ပစ်လွှတ်

Ever November | 6/15/2013 09:19:00 AM | Best Blogger Tips

ပီရူးနိုင်ငံက ၄င်း၏ နည်းပညာ ရာနှုန်းပြည့်ဖြင့် တည်ဆောက်ထားသည့် အာကာသအတွင်း ရောက်ရှိနိုင်သော ပထမဆုံး ပြည်တွင်းဖြစ် ဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ် ပစ်လွှတ်ခဲ့ကြောင်း အမျိုးသား အာကာသ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကော်မရှင်အဖွဲ့ (ကိုနီဒါ) ခေါင်းဆောင်က ဇွန် ၁၂ ရက်တွင် ပြောကြားခဲ့သည်။ Paulet 1-B အမည်ရှိ အဆိုပါ ဒုံးကျည်ကို ပီရူးနိုင်ငံမြို့တော် လီမာတောင်ပိုင်း ပူကူဆာမာခရိုင်ရှိ သိပ္ပံသုတေသန အခြေစိုက်စခန်းမှ ဇွန် ၁၁ ရက်က ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း ကိုနီဒါ အဖွဲ့ခေါင်းဆောင် မာရီယို ပီမင်န်တယ်လ်ဟာဂွါရက်စ်က ပြောကြားခဲ့သည်။ Paulet 1-B ဒုံးကျည်တီထွင် ထုတ်လုပ်ခြင်းသည် ပီရူးအာကာသ လုပ်ငန်းတွင် သမိုင်းမှတ်တိုင် တစ်ခုဖြစ်ခဲ့ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ပီရူးနည်းပညာတစ်ခုတည်းဖြင့် ယင်းဒုံးကျည်ကို ပထမဆုံးအကြိမ် တည်ဆောက်ပြီး အာကာသအတွင်းသို့ ပစ်လွှတ်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ပီမင်န်တယ်လ်က အတည်ပြု ပြောကြားခဲ့သည်။ Paulet 1-B ဒုံးကျည်ထုတ်လုပ်မှု စီမံကိန်းကို ပီရူးသိပ္ပံပညာရှင်များက နှစ် ၂ဝ ကြာ လုပ်ဆောင်ခဲ့ကြကြောင်း ၄င်းက ပြောကြားသည်။ အဆိုပါဒုံးကျည် ပစ်လွှတ်သည့် အခမ်းအနားသို့ သိပ္ပံနှင့် နည်းပညာတီထွင်မှု လွှတ်တော်ကော်မတီ ဥက္ကဋ္ဌ၊ သိပ္ပံဆိုင်ရာ အသိုင်းအဝိုင်းမှ ကိုယ်စားလှယ်များ၊ တက္ကသိုလ်မှ အရာရှိများနှင့် ပီရူးလေတပ်မှူးများ တက်ရောက် ကြည့်ရှုခဲ့ကြသည်။ 
(ဆင်ဟွာ)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1