Thursday, June 27, 2013

ဘက်ဂျက်နဲ့ ဦးပိုင် အတွက် အဆိပ်တက်နေသူများဖတ်ဖို့ပါ

Ever November | 6/27/2013 10:07:00 AM | Best Blogger Tips

2013 - 2014 ခုနှစ် မြန်မာ့တပ်မတော် အတွက် ခွင့် ပြုငွေ က နိုင်ငံတော် ဘက်ဂျက်ရဲ့ ၂၁ ရာခိုင်နှုန်း .. သုံးစွဲဖို့ မဲခွဲ ဆုံးဖြတ်ရာမှာ အထက်လွှတ်တော် ၊ အောက်လွှတ်တော် အမတ် ၄၄၅ ယောက် ရှိတဲ့ အနက် ၆၀ ကတော့ ဘက်ဂျက်လျော့ချဖို့ ဆန္ဒပြု ပြီး ကျန်အမတ်များကတော့ ထောက်ပံ့ဖို့ ဆန္ဒပြုပါသတဲ့ ။

နိုင်ငံတော်ရဲ့ စစ်ရေးဘက်ဂျက် ဟာ ရာခိုင်နှုန်းအားဖြင့် ၂၁ ရာခိုင်နှုန်းရှိပြီး ၊ ပမာဏအားဖြင့်တော့ အမေရိကန်ဒေါ်လာ ၁.၁၅ ဘီလီယံ (သန်းပေါင်း ၁၁၅၀) ရှိပါသတဲ့ ။

တပ်မတော်က စာရင်းတင်ပြရာမှာ တပ်မတော်ရဲ့ Military Hardware အတွက် ဒေါ်လာ သန်းပေါင်း ၆၃၁.၁ သုံးစွဲ မယ်လို့ ဆိုပါတယ် ။ အဲဒီ Military Hardware တွေကတော့
စစ်ဘက်သုံး လေယာဉ်များ - ဒေါ်လာ သန်းပေါင်း ၂၀၀
စစ်ဘက်သုံး သဘောင်္များ - ဒေါ်လာ သန်းပေါင်း ၉၃
စစ်ဘက်သုံး ယာဉ်များ - ဒေါ်လာသန်းပေါင်း ၃၀
စစ်ဘက်သုံး ပစ္စည်းများ - ဒေါ်လာသန်းပေါင်း ၁၉၅
တပ်မတော်စက်ရုံများ - ဒေါ်လာသန်းပေါင်း ၁၁၂
စစ်လက်နက်များ - ဒေါ်လာသန်းပေါင်း ၁.၁

လက်ကျန်ငွေများ ကိုတော့ တပ်မတော်ဆိုင်ရာ အဆောက်ဦးများ ၊ စစ်ရေးစခန်းများ ၊ စစ်ရေးပရော့ဂျက်များ ၊ စစ်ကျောင်းကြီးများ ၊ တပ်မတော်တန်းမြင့်ကျောင်းများ ၊ တပ်မတော်ကောလိပ်များ ၊ တပ်မတော် လေ့ကျင့်ရေးကျောင်းများ မှာသုံးစွဲ မယ်လို့ဆိုပါတယ် ။

ဒီစာရင်းတွေထဲမှာ ကြည့်လိုက်တော့ တပ်မတော်သားတွေ ရဲ့ လစာငွေ ၊ ရိက္ခာငွေ ၊ မှီခိုမိသားစုတွေ အတွက် ထောက်ပံ့ ငွေတွေ မပါတာကိုတွေ့ ရမှာပါ ။ အဲဒီ ငွေတွေဘယ်ကနေရပါသလဲ ။ ကိုယ့်ဘာကို တွေးပါ ။

တပ်မတော်သားတွေရဲ့ လစာငွေကို ခန့်မှန်းချေ တွက်ကြည့် ရအောင်ပါ ။ မြန်မာမှာ စစ်သည်တော် ၄ သိန်းရှိတယ်လို့ ဆိုတယ်ဗျ ။ ယခု အရာရှိ ကိုယ်ပိုင်နံပါတ်တွေဟာ ၆ သောင်းကျော်ရှိပါတယ် ။ ရေ တို့ လေတို့လည်းပါပါဦးမယ် ။ ဒီထဲကနေ ပြီးတော့
ပြတ် ၊ ကန်း ၊ သေ ၊ ထောင်ကျ ၊ အငြိမ်းစား ၊ ထွက်ရ တွေ ကို နှုတ်မယ်ဆိုရင် တပ်မတော် မှာ အရာရှိပေါင်း ၄ သောင်းနဲ့ ယေဘုယျ တွက်ကြည့်ပါတယ် ။ အရာရှိထဲမှာ အငယ်ဆုံး ဒုဗိုလ်တစ်ယောက်လစာ က တစ်သိန်း ၆ သောင်းဝန်းကျင် ၊ အမြင့်ဆုံးတပ်ချုပ်လစာဟာ သိန်း ၂၀ ဝန်းကျင်ဖြစ်တဲ့ အတွက် ။ ပျမ်းမျှ တစ်ယောက်ကို ၄ သိန်း နဲ့ တွက်ကြည့်ပါတယ် ။ မြန်မာငွေ သန်းပေါင်း ၁၆၀၀ ကုန်ပါလိမ့်မယ် ။ စစ်သည် အောက်ခြေရဲဘော်ကနေ တပ်ရင်းအရာခံဗိုလ်ထိ ပျမ်းမျှ လစာ ကို ၁ သိန်း နဲ့ တွက်ကြည့်ပါတယ် ။ မြန်မာငွေ သန်းပေါင်း ၃၆၀၀ ပါ ။
အဲဒီ ငွေတွေကို ပေါင်း မြန်မာငွေ ရလာတာကို တစ်ဒေါ်လာ ၉၀၀ နဲ့ စားကြည့်ပါ ။ တလ မှာ ပေးရတဲ့ စစ်သည်များလစာ ဟာ အမေရိကန် ဒေါ်လာ ၆ သန်း နဲ့ ၇ သန်းကြားရှိပါတယ် ။ တစ်နှစ်စာ ဆိုဘယ်လောက်ရှိမလဲ ။

အခြားတပ်မတော်ပညာသင်များ ထောက်ပံ့စားရိတ် ၊ စစ်သည်မိသားစုဝင်များထောက်ပံ့ စားရိတ် ၊ရုံးလုပ်ငန်းတွေအတွက် တပ်ဆောင်ငွေ ၊ စစ်ပွဲစားရိတ် ၊ စစ်ရေးစခန်းများ ၊ စစ်ရေးပရော့ဂျက်တွေ ၊ တပ်မတော်သုတေသနလုပ်ငန်းတွေ ၊ လေ့ကျင့်ရေးကျောင်း ၊တန်းမြင့်ကျောင်း ၊ ပညာသည်ကောလိပ်/ကျောင်း ၊ အကယ်ဒမီ စစ်ကျောင်း တွေ စတာတွေ ကိုယ့်ဘာသာခန့် မှန်းကြည့်ပါ ။

စစ်သားတွေ အတွက် စစ်ဝတ်စုံ ကို ၆ လတခါ လဲလှယ်ပေးပါတယ် ( အရာရှိများမပါ)။ ရှေ့တန်းထွက်ချိန်ဆိုရင် ဖိနပ်၊ယူနီဖောင်း ၊ တောဆောင်း ခံ လှမှ ၃ လပါပဲ ။ အဲဒီ အပေါစား စစ်ဝတ်စုံစားရိတ်တွေ ၄ သိန်းစာ တွက်ကြည့်ပါ ။
( အပေါ်က စစ်ဘက်သုံး ပစ္စည်းများ နှင့် မှားမယ်နော် ။ သေနတ် က ပစ်တဲ့ ချိန်မှ ကောက်ပစ်လို့ရတာမဟုတ်ဘူး ။သေနတ်ပြောင်းတိုက်တဲ့ ပြောင်းတိုက်တံတွေ ၊ ချောဆီတွေ ၊ ပြောင်းပို ၊ ကျည်ကပ်အပို ၊ ပျက်ရင်လဲဖို့ မောင်းတုံးအပို ၊ သေနတ်မှာတပ်တဲ့ စို့တွေ ၊ မှန်ပြောင်းတွေ ၊ သံလိုက်အိမ်မြှောင်တွေ ၊ စစ်သုံးမြေပုံတွေ ၊ သေနတ်လွယ်ကြိုးတွေ ၊ လှံစွပ်တွေ ၊ ကျောပိုးအိပ်တွေ ၊ စစ်သုံးတန်ဆာပလာတွေ ...စတာတွေ က သက်သက်ထုတ်ရတယ် ။ အဲဒါတွေ က Military accessories နဲ့အကျုံးဝင်တယ် )

ကိုယ့်နိုင်ငံအတွင်း သုံးတဲ့ အသုံးတွေကို ခန့်မှန်းနိုင်အောင်လို့ ပြောပြတာပါ ။

အဲဒါပြီး တော့ ဘေးပတ်ဝန်းကျင်နိုင်ငံတွေ နဲ့ ယှဉ်ကြည့်ရအောင် ။
တရုတ် - စစ်အသုံးစရိတ် (၁နှစ်) ၁၂၉.၂ ဘီလီယံ ..ကမ္ဘာမှာ နံပါတ် ၂ ရှိတယ်။
အိန္ဒိ - စစ်အသုံးစရိတ် (၁နှစ်) - ၄၄.၂ ဘီလီယံ ..ကမ္ဘာမှာ နံပါတ် ၈ ရှိတယ် ။
ထိုင်း - စစ်အသုံးစရိတ် (၁နှစ်) - ၅.၁ ဘီလီယံ .. ကမ္ဘာမှာ နံပါတ် ၃၇ ရှိတယ် ။
စကာင်္ပူ - စစ်အသုံးစရိတ် (၁နှစ်) - ၈.၃ ဘီလီယံ .. ကမ္ဘာမှာ နံပါတ် ၂၃ ရှိတယ် ။
အင်ဒို - စစ်အသုံးစရိတ် (၁နှစ်) - ၅.၂ ဘီလီယံ ...ကမ္ဘာမှာ နံပါတ် ၃၄ ရှိတယ် ။
မလေးရှား - စစ်အသုံးစရိတ် (၁နှစ်) - ၄.၂ ဘီလီယံ .. ကမ္ဘာမှာ နံပါတ် ၄၂ ရှိတယ်။
ဖိလစ်ပိုင် - စစ်အသုံးစရိတ် (၁နှစ်) - ၂.၂ ဘီလီယံ .. ကမ္ဘာမှာ နံပါတ် ၅၁ ရှိတယ် ။
ဗီယက်နာမ် - စစ်အသုံးစရိတ် (၁နှစ်) - ၂.၄ ဘီလီယံ - ကမ္ဘာမှာ နံပါတ် ၅၀ ရှိတယ် ။
ဘင်္ဂလားဒေ့ရှ် - စစ်အသုံးစရိတ် (၁နှစ်) - ၁.၁၄ ဘီလီယံ - ကမ္ဘာမှာ နံပါတ် ၆၈ ရှိတယ်။
မြန်မာ - စစ်အသုံးစရိတ် (၁နှစ်) - ၁.၁၅ ဘီလီယံရှိတယ် ... ဘယ်အခြေနေဆိုတာ ကိုယ့်ဘာကိုတွေးပါ ။ အဲဒီ နိုင်ငံတွေရဲ့ လူဦးရေ ၊ ဘေးပတ်ဝန်းကျင်နိုင်ငံများ ရဲ့ အခြေနေ ၊ မဟာဗျူဟာအချက်ချာမြေအနေထား ၊ ပြည်တွင်းစစ်အခြေနေ ၊ နိုင်ငံရေးတည်ငြိမ်မှု ၊ ဖြစ်ပေါ်လာနိုင်တဲ့ နိုင်ငံ ချင်းစစ်အခြေနေ ... အဲဒါတွေ ပါ ထည့်တွက်ပြီး မြန်မာနဲ့နှိုင်းယှဉ်ပါ ။ ဘာလို့ လဲဆိုတော့ စစ်ရေးအင်အားတိုးချဲ့ တာ ၊ စစ်လက်နက်တပ်ဆင်တယ် ဆိုတာတွေက အဲဒီအချက်လက်တွေပေါ်မှာမူတည်ရလို့ပဲ ။

အဲဒါတွေ ပြီး တဲ့ ခါ ... နိုင်ငံတကာ သုံး စစ်လက်နက်တွေဘက်လှည့်ကြည့်ရအောင် ။

* B2- ဗုံးကျဲလေယာဉ်တစ်စီး - ၁.၀၁ ဘီလီယံရှိတယ်
(စစ်သည် ၄ သိန်း အငတ်ခံ ၊ တပ်မတော်လည်ပတ်နေတဲ့ ယန္တရားတွေ အကုန်ရပ်ပြီး ဝယ်ရင် တစ်နှစ်စာ တစ်စီးဝယ်လောက်တယ်)

* DDG-51 Guided Missile Destroyers - သဘောင်္တစ်စီးမှာ ဆင်မယ်ဆိုရင် အမေရိကန် ဒေါ်လာ ၁.၁ ဘီလီယံ
(စစ်သည် ၄ သိန်း အငတ်ခံ ၊ စစ်ပွဲတွေ အကုန်ရပ် ၊ တပ်မတော်လည်ပတ်နေတဲ့ ယန္တရားတွေ အကုန်ရပ်ပြီး ဝယ်ရင် တစ်နှစ်စာ တစ်စီးဝယ်လောက်တယ်)

* ပုံမှာပြထားတဲ့ F-35C လေယာဉ်တစ်စီး ထုတ်လုပ်ပြီး သားဝယ်မယ်ဆိုရင် ၁၉၉ မီလီယံ ရှိတယ် ။ ဒါပေမဲ့ ကနဦး တပ်ဆင်စရိတ် ၊ ထိန်းသိန်းစရိတ် တွေ ရောတွက်တာဟာ ၇၇၆ မီလီယံရှိသတဲ့ ။ (ထိုနည်း ၄င်းပဲ စစ်သည် ၄ သိန်း အငတ်ခံ ၊ စစ်ပွဲတွေ အကုန်ရပ် ၊ တပ်မတော်လည်ပတ်နေတဲ့ ယန္တရားတွေ အကုန်ရပ်ပြီး ဝယ်ရင် တစ်နှစ်စာ တစ်စီးရနိုင်တယ် )

* တခါပစ် တစ်လုံး ထွက်တဲ့ ခရုဇ် မစ်ဇိုင်းတစ်လုံး တန်ဖိုးက ဒေါ်လာ ၁ သန်းနီးပါးရှိတယ် ။

ငါတို့နိုင်ငံမှာ အဲဒါတွေရှိလို့လား လို့မေးကောင်းမေးလိမ့်မယ် ။ ဘယ်ရှိမတုန်း ။ တက်မှ မတက်နိုင်တာ ။ ကိုယ့် အထွာ နဲ့ ကို ချင့်ချိန်ဝယ်ကြရတာပေါ့ ။ ဟိုနေ့ က စစ်သမိုင်း ပြတိုက်ရောက်တယ် ။ ကိုယ့်နိုင်ငံ က မဟာဗျူဟာမြောက် စစ်လက်နက် ဆိုပြီး ကိုယ့်ရည်းစား ပါးကိုင်သလို ကိုင်နေရတဲ့ စစ်လက်နက်တွေ က ပြတိုက်ကြီး မှာ ဆန့်ဆန့်ကြီး ၊ ကလေးက တက်ဆော့လိုက် ၊ ခွေးကသေးပန်းလိုက် နဲ့ ဒီတိုင်း ပြထားတယ် ။ အဲဒီမြင်ကွင်းမျိုး ကိုမြင်ရတဲ့ စစ်သားတစ်ယောက်ရဲ့ခံစားချက်ကို ခင်ဗျားတို့နားလည်နိုင်မယ်မထင်ဘူး။
အဲဒါကြောင့် ကျွန်တော်တို့ နိုင်ငံ က အမြင့်ဆုံးဆိုတဲ့ စစ်လက်နက်တန်ဖိုးတွေ ထည့်တွက်မပြတာ ။ အပေါ် က ပြောခဲ့ တဲ့ ဟာတွေ တောင် 5th generation အဆင့် တွေပဲရှိသေးတယ် ။ ကြားကောင်းကြားပါလိမ့်မယ် .. စောစောပိုင်းနှစ်က တရုတ်က သူမသုံးတော့တဲ့ ဂြိုလ်တု တစ်ခုကို မြေပြင်ကနေ ပစ်ပြတယ်ဆိုတဲ့သတင်း ... လုပ်စရာမရှိလို့ ဖင်ယားပြီး ပစ်ချတယ်များ မမှတ်ကြနဲ့ဦးဗျ ။ နောက် ထွက်လာမဲ့ ... ဂြိုလ်တု ကနေ တိုက်ရိုက်ထိန်းချုပ် နိုင်တဲ့ စစ်လက်နက်တွေ အတွက် ... သူတို့ မှာ Anti-satellite weapons (ASAT) ရှိတယ်ဆိုတာ ကြိုကန်ထားတာ ။

နိုင်ငံရေး အင်အားစုများရော ၊ anti-military များရော .. စစ်တပ် နဲ့ စစ်တပ်လုပ်ရက်အတွက် ဖဲ့ချင်တယ် ၊ ဖေဝန်ချင်တယ်ဆိုရင် .. စစ်ရေးကိစ္စတွေ ကိုလေ့လာပါ ။ ပြီးရင် အချက်လက်နဲ့ ဝေဖန်ပါ ။ ပညာရေး ကျန်းမာရေး ဘက်ဂျက် တွေ လျှော့ ပေးတာ က နိုင်ငံသားတွေ ပညာမတတ်အောင် ဆိုတဲ့ အတွေးခေါ် တွေ က အတော်လေး ကို လက်လံ တယ် ။ ကျွန်တော်တို့ က အယူဆမတူတဲ့ ...ကိုယ့်ရန်သူတွေ ဆိုရင်တောင် ... ကိုယ့်ထက် အသိဥာဏ်အရည်ချင်း သာလွန် တဲ့ သူတွေကို ပဲဟ ဆိုပြီး
"ကြောက်ရွံ့ " လေးစားချင်တာ ။ "ကောက်ကျစ် ၊ ကုန်းအော်" လုပ်နေရင်တော့ ... ပက်သက်ရမှာ ရွံ ပြီး ..မျက်နှာချင်း ဆိုင် ဆွေး နွေးရမှာ ကြောက်တဲ့ ... "ရွံကြောက်" အဆင့်ပဲ ။

ရုပ်ဆိုး

moethihaaung blog

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1