Thursday, June 27, 2013

ဒေါ်လာလေးသန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးမှု ရန်ကုန်တွင် ပြုလုပ်

Ever November | 6/27/2013 09:55:00 AM | Best Blogger Tips
ဖမ်းဆီးရမိခဲ့သော မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးနေမှုအား ဇွန် ၂၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- အောင်ရဲကို)
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ဖြစ်သည့် ဇွန်
၂၆ ရက်တွင် ရန်ကုန်မြို့၊ လှော်ကားမြို့နယ်ရှိ အမှတ်(၁) ရဲတပ်ရင်းဝန်း အတွင်း၌ ဒေါ်လာလေးသန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။
ယင်းသို့ ဖျက်ဆီးမှုများ ပြုလုပ်သည့် မူးယစ်ဆေးဝါး အမျိုးအစား ၁၅ မျိုးမှာ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ဖမ်းဆီးရမိခဲ့မှုများ ဖြစ်သည်။
ဖမ်းဆီးရမိခဲ့ပြီး ဖျက်ဆီးခဲ့သည့် မူးယစ်ဆေးဝါးများ အနေဖြင့် ဆေးခြောက် ၇၉ ဒသမ ၂၅၆၊ ဘိန်းဖြူ ၀ ဒသမ ၀၅၅၊ ဘိန်းဆီ ၀ ဒသမ ၁၄ ကီလို၊ ဘိန်းစာမှုန့်/ဘိန်းစာရွက် ၁၂၇၂ ဒသမ ၉၈ ကီလို၊ စိတ်ကြွဆေးပြား ၈၄၂၈၇၇၊ စိတ်ကြွဆေးပြား ၀ ဒသမ ၀၁၊ Ephedrine ၀ ဒသမ ၄၅ ကီလို၊ Pentazozine ၁၇၀၁ ဆေးပြား၊ Phensedyi ၈ လီတာ၊ Diazepam ဆေး ၁၀၉ ပြား၊ Diazepam ထိုးဆေး ၄၈၅၀၊ Tramadol ဆေး ၁၅၉၅၃ လုံး၊ Alprazolan ဆေး ၂၆၅၁၉၃ ပြား၊ Marphine ထိုးဆေး ၁၄၅၄ တို့ ဖြစ်သည်။
မီးရှို့ဖျက်ဆီးခဲ့သော မူးယစ်ဆေးဝါးများ တန်ဖိုးမှာ မြန်မာငွေကျပ် သန်းပေါင်း ၄၄၀၇ ဒသမ ၀၁ ရှိပြီး ဒေါ်လာတန်ဖိုးဖြင့် ၄ ဒသမ ၆၃ သန်းရှိကြောင်း မူးယစ်ဗဟိုအဖွဲ့မှ ဒုတိယရဲမှူးကြီး တင်အောင်ထံက သိရသည်။
မူးယစ်ဗဟိုအဖွဲ့ ဥပဒေ/စီမံရေးရာမှ ဒုတိယညွှန်ကြားရေးမှူး၊ ဒုတိယရဲမှူးကြီး တင်အောင်က "အခု ဖျက်ဆီးတဲ့ မူးယစ်ဆေးဝါးတွေဟာ ငါးလတာ ဖမ်းဆီးရမိခဲ့တာတွေ ဖြစ်ပါတယ်။ ခန့်မှန်းချက် အတိုင်းအတာ အရတော့ ယခင်နှစ်တွေနဲ့ ယှဉ်ရင်တော့ နည်းသွားတယ်လို့ ယူဆရပါတယ်" ဟု ပြောကြားခဲ့သည်။
ဇွန် ၂၆ ရက်တွင် ပြုလုပ်ခဲ့သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေး အခမ်းအနား မီးရှို့မှု အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး တရားဥပဒေချုပ် ဦးဝင်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ တားဆီးကာကွယ်ရေး ဥက္ကဋ္ဌ ဦးခင်မောင်သိန်း၊ ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းနိုင်တို့ တက်ရောက်ခဲ့ကြသည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1