Saturday, June 15, 2013

ကမ္ဘောဒီးယား၌ လူရာပေါင်းများစွာ သွေးလှူဒါန်း

Ever November | 6/15/2013 09:27:00 AM | Best Blogger Tips

ကမ္ဘောဒီးယားနိုင်ငံသား ရာပေါင်းများစွာနှင့် ယင်းနိုင်ငံ၌ လာရောက် အလုပ်လုပ်ကိုင်နေသူ နိုင်ငံခြားသား ဒါဇင်များစွာတို့သည် (၁ဝ)ကြိမ်မြောက် ကမ္ဘာ့သွေးလှူဒါန်းနေ့ ဇွန် ၁၂ ရက်က သွေးလှူဒါန်းမှုများ ပြုလုပ်ခဲ့ကြကြောင်း ဆင်ဟွာ သတင်းတစ်ပုဒ်တွင် ရေးသားထားသည်။ ယခုကဲ့သို့ သွေးလှူဒါန်းမှုသည် တန်ဖိုးမဖြတ်နိုင်သော အသက်ပေါင်းများစွာကို ကယ်တင်လိုက်ခြင်းပင် ဖြစ်ပါကြောင်း ကမ္ဘောဒီးယားနိုင်ငံ ကျန်းမာရေးဝန်ကြီး မမ်ဘွတ်ဟမ်းက သွေးလှူဒါန်းသူများအား ဂုဏ်ပြုပြောကြားခဲ့သည်။ ဆက်လက် လှူဒါန်းသွားရန် တိုက်တွန်းပါကြောင်းနှင့် သွေးလှူဒါန်းမှုကြောင့် လှူဒါန်းသူ၏ ကျန်းမာရေးအား အန္တရာယ် မဖြစ်စေနိုင်ကြောင်း သွေးလိုနေသော လူသားများအတွက် သွေးလှူရှင်များ၏ သွေးများဖြင့် အသက်ကယ်နိုင်မည်ဖြစ်ကြောင်း ၄င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ လှူဒါန်းသော သွေးများအား အိတ်ခ်ျအိုင်ဗွီ၊ အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး၊ ကာလသားရောဂါနှင့် ငှက်ဖျားရောဂါ ရှိ မရှိ စစ်ဆေးမည်ဖြစ်ပြီး အဆိုပါ ရောဂါပိုးရှိနေသည့် သွေးများအား ဖျက်ဆီးပစ်မည်ဟု ၄င်းက ဆိုသည်။ (ဆင်ဟွာ)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1