Monday, June 10, 2013

ဆယ်ကျော်သက်များအတွက် လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုး ဖြစ်လာစေသော Facebook

Ever November | 6/10/2013 02:56:00 PM | Best Blogger Tips

အင်တာနက်လူမှုကွန်ယက် တစ်ခုဖြစ်သော Facebookသည် ဆယ်ကျော်သက် အသုံးပြုသူအ များစုကို လူမှုရေးရှုပ်ထွေးမှုများနှင့် ဝန်ထုပ်ဝန်ပိုး (burden) ဖြစ်လာစေကြောင်း သိရှိရသည်။ လေ့လာမှုကို အသက် ၁၂နှစ်မှ ၁၇နှစ်အရွယ်ရှိ Facebookအသုံးပြုသူများကို လေ့လာခဲ့ပြီး Pew Research Center for children သည် ကလေးများ Facebook အသုံးပြုချိန်များလာလျှင်အောင် မြင်မှုအပေါ် စူးစိုက်ကြိုး ပမ်းမှုနည်း ပါးလာပြီးလေ့ ကျင့်ခန်းများ၊ သင်ခန်းစာများအပေါ် အာရုံစူး စိုက်မှုနည်းပါးလာကြောင်း သက်သေ ပြနိုင်ခဲ့ သည်။
လေ့လာမှုတွင် ဖော်ပြထားချက် အရ Facebook သည် အခြားလူမှု ကွန်ယက်များဖြစ်သော တွစ်တာ (twitter)၊ My Spaceနှင့် ဓာတ်ပုံမျှ ဝေသည့်ကွန်ယက် Instragram တို့ နှင့် မတူသောအချက်မှာလူမှုရေး အချက်အလက်များကို မျှဝေရာတွင် လွယ်ကူမှုရှိခြင်း၊ ကိုယ်ပိုင်ခံစားချက် များကို အခြားသူအလွယ်တကူ သိရှိ နိုင်ခြင်းတို့ပင်ဖြစ်သည်။

ထို့ကြောင့် လူမှုရေးဆိုင်ရာစော်ကားမှုများ၊ စိတ်မလုံခြုံမှုများ၊ အွန်လိုင်း လိင်ဖျော် ဖြေခြင်း၊ ကျူးလွန်ခြင်း မျာ ကို ဆယ်ကျော်သက်များခံစား ရစေနိုင် ကြောင်း Pew Research Center for children က ထုတ်ပြန်
ထားသည်။

ဖေ့ဘွတ်သည် ဆယ်ကျော်သက် များ ပြင်ပတွင်မဟုတ်ဘဲ အွန်လိုင်း တွင်စေ့စပ်ခြင်း (engagement)များ တိုးပွားစေပြီး အဆိုပါစေ့စပ်မှုကို သူ ငယ်ချင်းများနှင့် နီးစပ်ရာအွန်လိုင်းအသိုင်းအဝိုင်းသာသိရှိပြီး မိဘများ မသိရှိနိုင်ကြောင်း၊ ပြင်ပတွင် ချိန်းဆိုတွေ့ဆုံမှုများ၊လက်မထပ်ဘဲ အတူ နေထိုင်ခြင်းများလည်း အရေအတွက် မြင့်တက်လာကြောင်း Huffington Post သတင်းစာတွင် ဖော်ပြထား သည်။ ပုဂ္ဂိုလ်ရေး ဆိုင်ရာ လုံခြုံမှုသည် ဆယ်ကျော်သက်များ ဖေ့ဘွတ် အသုံးပြုခြင်းတွင် အရေးကြီးသော အစိတ်အပိုင်း တစ်ရပ်ဖြစ်လာပြီး ယင်းတို့ ဘယ်နေရာတွင် ရှိနေကြောင်း၊ မည်သူနှင့်ရှိကြောင်း၊ တစ်ယောက်တည်းသာ ရှိကြောင်း၊ အီးမေးလ်နှင့်ဖုန်းနံပတ်များ စသည် တို့ကိုမျှဝေခြင်း၊ ဖော်ပြထားခြင်းသည် သူငယ်ချင်းများကို သိရှိစေသည်သာ မက လူမှုရေးအကြမ်းဖက်ခံရမှုများ လည်း ရှိလာနိုင်သည်။

လေ့လာမှုတွင်ပါဝင်သောဆယ် ကျော်သက်များ၏ ၁၇%သည် သူ စိမ်းများ၏မိတ်ဆက်ခြင်း၊ လူမှုရေး ဆိုင်ရာစော်ကားမှုပြုခြင်း တို့ကို ခံစား ရသည်ဟု ဖြေဆိုခဲ့ကြပြီး ၅၇%က သူတို့ကိုပျော်ရွှင်စေသည်ဟု ဖြေ
ဆိုကြကာ ၃၆%ကမူ လူမှုရေး ကွန်ယက်က မိတ်ဆွေများတိုးစေ ကြောင်း ပြောကြားခဲ့သည်။

သက်ကို
ref: ANI
Health Updates Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1