Monday, June 10, 2013

ILO တွင် HIV/AIDS အစီအစဉ်အတွက် ကူညီရေးဝန်ထမ်းများ လိုအပ်

Ever November | 6/10/2013 01:43:00 PM | Best Blogger Tips

နိုင်ငံတကာ အလုပ်သမားအဖွဲ့ (ILO) သည် HIV/AIDS ဆိုင်ရာ ကုလသမဂ္ဂ အစီအစဉ်နှင့် ပူးပေါင်းကာ HIV/AIDS ရောဂါဝေဒနာရှင်အား ရောဂါရှာဖွေရေး၊ နှစ်သိမ့်ဆွေးနွေးရေး၊ လျှို့ဝှက်ချက်အား ထိန်သိမ်းထားပေးရေး လုပ်ငန်းများကို လုပ်ပေးနိုင်သော အကူအညီပေးရေး လုပ်အားပေး ငါးသန်းအား ၂၀၁၅ ခုနှစ်မတိုင်မီ ရရှိရေး အစီအစဉ်ကို ဇွန် ၆ ရက်က စတင်လိုက်ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ ကူညီရေးအဖွဲ့ဝင်များသည် HIV ကူးစက်ခံရသူ လူနာများကို နှစ်သိမ့်ဆွေးနွေး ပညာပေးမှုမျာနှင့် လိုအပ်ပါက ဆေးဝါးကုသမှုလုပ်ငန်းများ ဆောင်ရွက်ပေးရမည်ဟု အိုင်းအယ်လ်အိုက ပြောကြားခဲ့သည်။ ကမ္ဘာ့နိုင်ငံ အသီးသီးမှ အလုပ်သမား ၀န်ကြီးဌာနများ၊ အလုပ်သမားများနှင့် အလုပ်သမား အဖွဲ့အစည်းများအား ခေါ်ယူပူးပေါင်းကာ လက်တွေ့ ကွင်းဆင်း ဆောင်ရွက်သွားမည်ဟု သိရသည်။ HIV/AIDS ဆိုင်ရာ ကုလသမဂ္ဂ အစီအစဉ်မှ ထုတ်ပြန်ချက်အရ လက်ရှိတွင် ကမ္ဘာတစ်ဝန်း၌ AIDS ရောဂါဝေဒနာရှင် ခုနစ်သန်းခန့်သည် ဆေးကုသခွင့် မရဖြစ်နေကြောင်း သိရသည်။ 
(ဆင်ဟွာ)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1