Monday, June 10, 2013

မန်ယူကစားသမားဟောင်းများပါဝင်သည့် မြန်မာ့လက်ရွေးစင်အသင်းကို MNL All Stars အသင်းက၂-၁ ဂိုးဖြင့် ခြေစမ်းပွဲတွင်အနိုင်ယူ

Ever November | 6/10/2013 03:01:00 PM | Best Blogger Tips

မန်ယူကစားသမားဟောင်းများပါဝင်သည့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနှင့် မြန်မာ့နေရှင်နယ်လိဂ်မှ နိုင်ငံခြားသားကစားသမားများ
အသင်း (MNL All Stars) ခြေစမ်းပွဲကို ဇွန်လ ၉ရက်နေ့ ညနေ ၄နာရီတွင် သုဝဏ္ဏကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်ရာတွင် ပွဲအပြီးတွင် MNLAll Stars အသင်းက ၂-၁ ဂိုးဖြင့် အနိုင်ရရှိထားသည်။

“MNL All Stars အသင်း ဦးဆောင်ဂိုး ”

ပထမပိုင်းတွင် မန်ယူကစားမား ၄ဦးမှာ နိုင်ငံခြားသားအသင်းမှ ပါဝင်ကစားခဲ့ကြသည်။ပွဲချိန် ၈မိနစ်တွင် မြန်မာအသင်း ကောင်တာ
တိုက်စစ်မှမိုင်အိုက်နိုင်၏ ပေးပို့မှုမှ အောင်မြင်အေး ဂိုးသွင်းရန် ကြိုးပမ်းခဲ့ ဂိုးသမားကာကွယ်သွားနိုင်ခဲ့သည်။ပွဲချိန် ၉မိနစ်တွင် ဆီဇာ ညာတောင်ပံမှ ဂိုးရှေ့ချပေးသည်ကို နေပြည်တော်မှ ကမ် ပြေးဝင်ပိတ်သွင်းခဲ့သဖြင့် MNL All Stars အသင်း ဦးဆောင်ဂိုး စတင်ရရှိခဲ့သည်။
မြန်မာအသင်းမှာ တိုက်စစ်တွင် ရန်ပိုင်နှင့် မိုင်အိုက်နိုင်တို့ကိုထားပြီး
၎-၄-၂ ပုံစံဖြင့် ရင်ဆိုင်ခဲ့ပြီး MNL All Stars အသင်းမှာ တိုက်စစ်တွင်ဆီဇာကိုအထောင်တိုက်စစ်မှူး
အင်ဒီကိုးလ်ကို နောက်ချန်တိုက်စစ်မှူးပုံစံဖြင့် ပွဲထွက်ခဲ့ပြီး ၄-၅-၁ပုံစံဖြင့် ကစားသွားခဲ့သည်။ ပွဲချိန် ၂၃မိနစ်တွင် မန်ယူကစားသမားဟောင်း
လီရှပ်အစား ဇေယျာရွှေမြေတိုက်စစ်မှူး ဆာဆာ ၀င်ရောက်ကစားခဲ့သည်။ ပွဲချိန် ၂၄တွင် ဆီဇာ၏ ဖြတ်တင်ပေးမှုကို ဘလက်မိုး မြေမကျကန်သွင်း
ခဲ့သော်လည်း ဂိုးလွန်ဘောဖြစ်ခဲ့ရသည်။ ပွဲချိန် ၂၆မိနစ်တွင် မြန်မာလက်ရွေးစင်အသင်းမှမင်းသူ အဝေးကန်ချက်ဖြင့် ဂိုးသွင်းယူရန် ကြိုးပမ်းခဲ့သော်လည်း ဂိုးဘားပေါ်မှ ကျော်သွားခဲ့သည်။ ပွဲချိန်၂၈မိနစ်တွင် MNL All Stars အသင်းမှ ဘလက်မိုးအစား နီကိုလာ ၀င်ရောက်ကစားခဲ့သည်။

“ပထမပိုင်းအပြီး ၁-၀ ဂိုး”

ပွဲချိန် ၃၀မိနစ်တွင် အင်ဒီကိုးလ် ဂိုးးသမားနှင့် နှစ်ဦးချင်းတွေကာ အပိုင်ကန်သွင်းခွင့် ရခဲ့သော်လည်း သီဟစည်သူ အကောင်းဆုံးကာကွယ်နိုင်ခဲ့သည်။ ပွဲချိန် ၃၁မိနစ်တွင် မြန်မာအသင်းမှ မိုးဝင်းအစား ၀င်းမင်းထွဋ် ၀င်ရောက်ကစားခဲ့ပြီး MNL Al Stars အသင်းအတွင် အာဝင်အစား ဂျောင်ဝင်ကစားခဲ့သည်။ ပွဲချိန် ၄၅မိနစ်တွင် မြန်မာ့လက်ရွေးစင်အသင်း ဂိုးဧရိယာထိပ်တွင် ရရှိသည့် ပြစ်ဒဏ်ဘောကို ဒိုမီနစ်အပြင်းကန်သွင်းခဲ့သော်လည်း
ဂိုးလွန်ဘော ဖြစ်ခဲ့ရသည်။ ပထမပိုင်းအပြီးတွင် MNL All Stars အသင်းက ၁-၀ ဂိုးဖြင့် အနိုင်ရရှိနေသည်။

“ပင်နယ်တီကို ဆာဆာကန်သွင်း”

ဒုတိယပိုင်းတွင် မန်ယူကစားသမားဟောင်းများ ဖြစ်သည့် ဘလက်မိုး၊ အင်ဒီကိုးလ်၊ အာဝင်တို့ ၃ဦး မြန်မာ့လက်ရွေးစင်အသင်းတွင် ၀င်ရောက်ကစားခဲ့ကြသည်။ပွဲချိန် ၄၆မိနစ်တွင် အီနာမာ အဝေးမှဂိုးသွင်းရန် ကြိုးပမ်းချက် ဂိုးလွန်ဘောဖြစ်ခဲ့ရသည်။ တစ်မိနစ်အကြာတွင် အင်ဒီကိုးလ် ညာတောင်ပံမှဖြတ်တင်ပေးသည်ကို စည်သူဝင်း အပိုင်ခေါင်းတိုက်သွင်းယူခဲ့သော်လည်း ဂိုးဘေးမှကပ်ထွက်ခဲ့သည်။ ဒုတိယပိုင်းတွင် အင်ဒီကိုးလ် တောင်ပံမှ
ဖန်တီးပေးပို့မှုများ ပြုလုပ်ခဲ့သော်လည်း စည်သူဝင်း အပိုင်သုံးမချနိုင်ခဲ့သဖြင့် မြန်မာ့လက်ရွေးစင်အသင်းချေပဂိုးမရရှိခဲ့ဖြင်းဖြစ်သည်။ပွဲချိန် ၅၂မိနစ်တွင် ၀င်းမင်းထွဋ် ဧရိယာအတွင်း ဥပဒေပ ဖြတ်ထုတ်ခဲ့သည့်အတွက် ပင်နယ်တီပေးခဲ့ရသည်။ အဆိုပါ ပင်နယ်တီကို ဆာဆာကအမှားအယွင်းမရှိကန်သွင်းသွားခဲ့သည်။

“စိုးမြတ်မင်း နောက်ပြန်ကန်ချက် ဘားတန်းထိ”

ပွဲချိန် ၅၃တွင် မြန်မာ့လက်ရွေးစင်အသင်းမှ စိုးမြတ်မင်း နောက်ပြန်ကန်ချက် ဘားတန်းထိထွက်ခဲ့ သဖြင့်ချေပဂိုးရရှိမည့် အခွင့်အရေးနှင့် လွဲချော်ခဲ့ရသည်။ ပွဲကစားချိန် ၅၅မိနစ်တွင် MNL AllStars အသင်းမှ ဆာဆာ နောက်ခံလူ ၂ဦးကို ကျော်ဖြတ်ကန်
သွင်းခဲ့သော်လည်း ဂိုးသမားနိုင်ဇေယျာထွန်း ပုတ်ထုတ်ကာကွယ်ခဲ့ရသည်။ ပွဲချိန် ၆၀တွင် ဘယ်တောင်ပံမှ ဖြတ်တင်ပေးမှုကို အင်ဒီကိုးလ် ပိတ်သွင်း
ဂိုးလွန်ဘောဖြစ်ခဲ့ရသည်။

“ မြန်မာတို့ ချေပဂိုးတစ်ဂိုးအင်ဒီကိုလ်း ဂိုးသွင်းယူ”

နာကျင်အချိန်ပိုတွင် ထောင်ကန်ဘောမှ အောင်ကျော်မိုး၏ ပိတ်သွင်းချက်မှ လျှံထွက်လာသည်ကို အင်ဒီကိုလ်း ကန်သွင်းခဲ့သဖြင့် မြန်မာတို့ ချေပဂိုး
တစ်ဂိုးရရှိခဲ့သည်။ ပြိုင်ပွဲကို ပထမပိုင်း ၃၅မိနစ် ဒုတိယပိုင်း ၃၅မိနစ်ယှဉ်ပြိုင်ကစားခဲ့ပြီး ပွဲအပြီးတွင် MNL All Starsအသင်းက
၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

(နောက်ပေါက်ကန်ချက်ဖြင့်အင်ဒီကိုလ်းဂိုးသွင်းယူပုံပေါ်ပြူလာရဲ့ ဓါတ်ပုံနဲ့ 
သတင်းပြည့်စုံတဲ့MyanmarFootballFederationတို့ ကိုတွဲဖက်ကာသမိုင်း
ဝင်ဘောလုံးပွဲအားပိုပြည့်စုံစေချင်တဲ့ဆနဖြင့်မှတ်မှတ်ရရမှတ်တမ်းပြုတင် ဆက်လိုက်ရခြင်းဖြစ်ပါတယ်။)

Popular Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1