မြောက်ကိုရီးယားထံမှ ကမ်းလှမ်းလာသည့် ငြိမ်းချမ်းရေး သံလွင်ခက်ကို တောင်ကိုရီးယား အစိုးရက မယုံမရဲဖြင့် စောင့်ကြည့်နေကြောင်း သိရှိရသည်။ မြောက်ကိုရီးယား အစိုးရ မီဒီယာက တောင်နှင့်မြောက် နှစ်နိုင်ငံတို့ အနေဖြင့် ရန်လိုသော စစ်ရေးအားပြိုင်မှုများကို အဆုံးသတ်ပြီး အတူတကွ ပူးပေါင်းရပ်တည်ရန် လိုအပ်လာပြီဖြစ်ကြောင်း အိတ်ဖွင့်ပေးစာ တစ်စောင်ကို ရေးသား ဖော်ပြလာခဲ့သည်။ အဆိုပါ အိတ်ဖွင့်ပေးစာတွင် ကိုရီးယားကျွန်းဆွယ်၏ တင်းမာမှု အခြေအနေကို မြင့်တက်စေသည့် စစ်ရေးပြပွဲ ကာလနှင့်လည်း နီးကပ်တိုက်ဆိုင်နေသည်။ တောင်ကိုရီးယားသည် အမေရိကန်နှင့် ပူးပေါင်း၍ စစ်ရေးလေ့ကျင့်မှုများ နှစ်စဉ်ပြုလုပ်လေ့ရှိပြီး ယင်းကို မြောက်ကိုရီးယားက ရန်စမှုတစ်ခုအဖြစ် ရှုမြင်လေ့ရှိသည်။
(စစ်ရေးပြအခမ်းအနားတစ်ခုမှ မြောက်ကိုရီးယားစစ်သားများ)
တောင်ကိုရီးယား နိုင်ငံ၏ နှစ်နိုင်ငံ
ပေါင်းစည်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ကင်မ်အူဒိုက
သောကြာနေ့တွင် မြောက်ကိုရီးယား သတင်းစာပါ ဖော်ပြချက်အပေါ် မိမိတို့ သံသယ
ဝင်နေဆဲဟု အတည်ပြု ပြောဆိုခဲ့သည်။ "မြောက်ကိုရီးယားဟာ ငြိမ်းချမ်းရေး
စကားပြောပြီးတိုင်း ရန်စလာတတ်တဲ့ အကျင့်မျိုးတွေ အရင်က ရှိခဲ့ဖူးတယ်။ ဒါဟာ
တကယ့်ကို အရေးပါတဲ့ အဆိုပြုမှုလား။ ဒါမှမဟုတ် ငြိမ်းချမ်းရေးကို
ခုတုံးလုပ်ပြီး အကြံအစည် တစ်ခုခုကို ဖုံးကွယ်ထားတာလားဆိုတာ
ကျွန်တော်တို့ မသိနိုင်သေးပါဘူး"ဟု ကင်မ်က သတင်းထောက်များအား
ပြောကြားခဲ့သည်။
တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်
ဝီယွမ်ဆွပ်ကလည်း "စစ်ရေးမှာ အရေးအပါဆုံး နည်းဗျူဟာ တစ်ရပ်က ရန်သူရဲ့
ဖုံးကွယ်ထားတဲ့ စိတ်သဘောထားကို အဖြေရှာဖို့ပါပဲ"ဟု မှတ်ချက်ပြုခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်ကလည်း မြောက်ကိုရီးယား ကာကွယ်ရေးကောင်စီက
တောင်ကိုရီးယား အနေဖြင့် အမေရိကန်နှင့် ပူးပေါင်းပြုလုပ်သည့်
နှစ်စဉ်စစ်ရေးပြပွဲ အခမ်းအနားကို ပယ်ဖျက်သင့်ကြောင်း တိုက်တွန်းခဲ့သေးသည်။
No comments:
Post a Comment