Thursday, July 17, 2014

လျှပ်စစ်ရုံးချုပ်အနီး ဗို့အား ၆၆၀၀ ဓာတ်ကြိုးပြတ်ကျ

Ever November | 7/17/2014 09:12:00 AM | Best Blogger Tips
ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေးရုံးချုပ်အနီးရှိ ဗို့အား(၆၆၀၀) ဓာတ်ကြိုး သုံးကြိုး ပြတ်ကျမှုတစ်ခု ယနေ့ နေ့လယ် ၃ နာရီက ဖြစ်ပွားခဲ့ပြီး လူထိခိုက် ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်းသတင်းရရှိသည်။
ဗို့အားပြင်း ဓာတ်ကြိုးသုံးကြိုးသည် အလုံမြို့နယ် ၊ စောရန်ပိုင် (တောင်)ရပ်ကွက် လျှပ်စစ် ဓာတ်အားပေးရေးရုံးချုပ် အနီးတွင် ပြတ်ကျ ခဲ့ခြင်းဖြစ်ပြီး ပြတ်ကျသည့်ကြိုးအရှည်မှာဓာတ်တိုင် ငါးတိုင်စာခန့်ရှိကြောင်း အဆိုပါနေရာသို့ ရောက်ရှိနေသည့် 7Day Daily
သတင်းထောက်က ပေးပို့သည်။
  
"အဲဒီလမ်းက လူသွားလူလာများတဲ့လမ်းပါ။ အလုံဈေးကို အဲဒီလမ်းကနေ ဖြတ်သွားဖြတ်လာလုပ်ကြတယ်။ ဒါပေမဲ့ လျှပ်စစ်ရုံးနဲ့နီးတဲ့အတွက် ဓာတ်အားကိုချက်ချင်းဖြတ်ချလိုက်လို့လူအထိအခိုက်မရှိဘူး"ဟု သတင်းထောက်က ပေးပို့ထားသည်။

ပြတ်ကျသွားသည့် ဓာတ်ကြိုးများကို လျှပ်စစ်ဝန်ထမ်း သုံးဆယ်ဖြင့် ချက်ချင်းပင် ကြိုးသစ်ပြန်လဲ တပ်ကာ ပြင်ဆင်နေပြီး ပြင်ဆင်ချိန် သုံးနာရီဝန်းကျင်ကြာမြင့်မည်ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးရုံးချုပ်မှ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။
7 Day Daily

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1