Friday, February 17, 2012

ရွေး​ကောက်ပွဲလွတ်လပ်မျှတရန် ​ဒေါ်​အောင်ဆန်း​စုကြည် ကုလသမဂ္ဂကို ​ဆွေး​နွေး

November | 2/17/2012 02:35:00 PM | Best Blogger Tips

မစ္စတာ ဗီ ဂျေနမ်ဘီယာ နှင့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - ရိုက်တာ)


အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ်ဥက္ကဋ္ဌ ​ဒေါ်​အောင်ဆန်း​စုကြည်က လာမယ့်​ ကြား​ဖြတ်​ရွေး​ကောက်ပွဲဟာ ​စောင့်​ကြည့်​ရမယ့်​ကိစ္စတခုဖြစ်တယ်လို့​ ကုလသမဂ္ဂကို ​ပြောဆိုလိုက်ပါတယ်။
ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူး​သံတမန် မစ္စတာ ဗီ​ဂျေနမ်ဘီယာနဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည် ​နေအိမ်မှာ မ​နေ့​ ည​နေက တနာရီကြာ ​တွေ့​ဆုံစဉ် ​ပြောဆိုလိုက်တာပါ။

တွေ့​ ဆုံပွဲတက်​ရောက်တဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် အတွင်း​ရေး​မှူး​အဖွဲ့​ဝင် ဦး​ဟံသာမြင့်​က “​ဒေါ်​အောင်ဆန်း​စုကြည်က သူ့​အ​နေနဲ့​က​တော့​ အခု​ရွေး​ကောက်ပွဲ ကာလမှာ ကြုံ​နေရတဲ့​ ကိစ္စ​တွေနဲ့​ပတ်သက်ပြီး​တော့​ အ​တွေ့​အကြုံ နည်း​နည်း​ပါး​ပါး​ ​ပြောပြပြီး​တော့​ ​ရွေး​ကောက်ပွဲဟာ ​စောင့်​ကြည့်​ရမယ့်​ကိစ္စတခု ဖြစ်တယ်​ပေါ့​နော်။ ဒီ​ရွေး​ကောက်ပွဲဟာ တကယ်ပဲ တရား​မျှတပြီး​ လွတ်လပ်တဲ့​ ​ရွေး​ကောက်ပွဲ ဖြစ်မဖြစ်ဆိုတာ ထည့်​ပြီး​စဉ်း​စား​ရမယ့်​ ကိစ္စတခုဖြစ်တယ်ဆိုတာကို ​ပြောသွား​တာပါ” လို့​ ​ပြောပါတယ်။
မစ္စတာ နမ်ဘီယာက​တော့​ အစိုး​ရတာဝန်ရှိသူ​တွေနဲ့​ ​တွေ့​ဆုံစဉ် ​ပြောဆိုခဲ့​တဲ့​ အ​ကြောင်း​အရာ​တွေကို ရှင်း​ပြတယ်လို့​ ​ပြောပါတယ်။
“သူနဲ့​ နိုင်ငံ​တော်သမ္မတတို့​ ​တွေ့​ခဲ့​တာကို ​ပြောပြတာပါ။ ဘာမှ အထူး​အခြား​ မရှိပါဘူး​။ ကျ​နော်တို့​ ကြား​နေကြအတိုင်း​ပါပဲ။ ယူအန်အ​နေနဲ့​ အကူအညီဆက်​ပေး​ဖို့​၊​ အစိုး​ရနဲ့​ ပူး​ပေါင်း​ဆောင်ရွက်သွား​မယ့်​ကိစ္စ​တွေ ဒါ​တွေပါပဲ ​ပြောတာ။ လူအခွင့်​အ​ရေး​ အ​ခြေအ​နေကိစ္စက​တော့​ အထူး​အ​ထွေ​ပြောတာ​တော့​ မရှိပါဘူး​။ မြန်မာပြည်မှာ ဖြစ်​နေတဲ့​ကိစ္စ။ အကျဉ်း​သား​လွှတ်တဲ့​ကိစ္စက အ​ကောင်း​မြင်တယ်​ပေါ့​နော်။ တိုး​တက်တယ်လို့​ သူတို့​ယူဆတယ်။ ဒီ​လောက်ပါပဲ” လို့​ ​ပြောပါတယ်။
မစ္စတာနမ်ဘီယာဟာ ​ဖေ​ဖော်ဝါရီ ၁၄ ရက်​နေ့​က သမ္မတဦး​သိန်း​စိန်၊​ ပြည်သူလွတ်​တော်ဥက္ကဋ္ဌ ဦး​ရွှေမန်း​တို့​နဲ့​ ​နေပြည်​တော်မှာ ​တွေ့​ခဲ့​ပြီး​ မြန်မာနိုင်ငံမှာ လက်ရှိလုပ်​ဆောင်​နေတဲ့​ အ​ပြောင်း​အလဲ​တွေကို ဆက်လုပ်ဖို့​ တိုက်တွန်း​ခဲ့​ပါတယ်။
အဲဒီ​နေ့​ မှာပဲ ကုလသမဂ္ဂဖွံ့​ဖြိုး​ရေအစီအစဉ် (ယူအန်ဒီပီ) က လာမယ့်​ဧပြီလ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ အကူအညီ​ပေး​ဖို့​ ကမ်း​လှမ်း​ခဲ့​ပါတယ်။
မြန်မာနိုင်ငံ ​ပေါ် ဒဏ်ခတ်ပိတ်ဆို့​ထား​တဲ့​ အ​မေရိကန်နဲ့​ ဥ​ရောသမဂ္ဂတို့​ကလည်း​ လာမယ့်​ကြား​ဖြတ်​ရွေး​ကောက်ပွဲကို လွတ်လပ်သန့်​ရှင်း​တဲ့​ ​ရွေး​ကောက်ပွဲဖြစ်ဖို့​ တိုက်တွန်း​ထား​သလို ​ရွေး​ကောက်ပွဲပြီး​တဲ့​အခါ မြန်မာအ​ပေါ် ပိတ်ဆို့​ဒဏ်ခတ်မှုနဲ့​ပတ်သက်လို့​ ပြန်လည်သုံး​သပ်မယ်လို့​ ​ပြောထား​ကြပါတယ်။
၂၀၁၀ မှာ ကုလသမဂ္ဂအထူး​သံတမန်အဖြစ် ခန့်​အပ်ခံရတဲ့​ အိန္ဒိယသံတမန် မစ္စတာနမ်ဘီယာဟာ မြန်မာနိုင်ငံကို ​ဖေ​ဖော်ဝါရီ ၁၁ ရက်​နေ့​က ​ရောက်တာဖြစ်ပြီး​ အစိုး​ရသစ်လက်ထက် တတိယအကြိမ် လာ​ရောက်တဲ့​ ခရီး​စဉ်ဖြစ်ပါတယ်။
From DVB

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1