Friday, February 17, 2012

ရွေး​ကောက်ပွဲဝင်မည့်​ပါတီများ​ နိုင်ငံပိုင်မီဒီယာများ​တွင် ၁၅ မိနစ် မဲဆွယ်ခွင့်​ရမည်

November | 2/17/2012 02:31:00 PM | Best Blogger Tips
ကြား​ဖြတ်​ ရွေး​ကောက်ပွဲဝင်မယ့်​ နိုင်ငံ​ရေး​ပါတီ​တွေကို အစိုး​ရပိုင် ​ရေဒီယိုနဲ့​ရုပ်မြင်သံကြား​က​နေ မဲဆွယ် စည်း​ရုံး​ ​ဟော​ပြောခွင့်​ပေး​မယ်လို့​ပြည်​ထောင်စု ​ရွေး​ကောက်ပွဲ​ကော်မရှင်က ဒီ​နေ့​ ရက်စွဲနဲ့​ထုတ်ပြန်​ကြေညာလိုက်ပါတယ်။

လွှတ်​တော်အသီး ​သီး​မှာ လစ်လပ်​နေတဲ့​ မဲဆန္ဒနယ် ၄၈ ​နေရာအတွက် ဧပြီ ၁ ရက်​နေ့​ ပြုလုပ်မယ့်​ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ ဝင်ပြိုင်ဖို့​စာရင်း​သွင်း​ထား​တဲ့​ နိုင်ငံ​ရေး​ပါတီ ၁၇ ပါတီကို ပါတီမူဝါဒနဲ့​လုပ်ငန်း​စဉ်​တွေ စည်း​ရုံး​မဲဆွယ် ​ဟော​ပြောခွင့်​ ​ပေး​မယ်လို့​ ​ကြေညာချက်မှာ ​ဖော်ပြပါတယ်။
ပါတီဥက္ကဋ္ဌ ဒါမှမဟုတ် အတွင်း​ရေး​မှူး​က ​ဟော​ပြောမယ့်​ အ​ကြောင်း​အရာ စာမူကို အနည်း​ဆုံး​ သီတင်း​တပတ်ကြိုတင်ပြီး​ ​ရွေး​ကောက်ပွဲ​ကော်မရှင်ကို တင်သွင်း​လျှောက်ထား​ရမှာဖြစ်ပြီး​ စာမူကို ပြန်ကြား​ရေး​ဌာနနဲ့​ကော်မရှင်တို့​စိစစ်ပြီး​မှ ခွင့်​ပြုမယ်လို့​ဆိုပါတယ်။
ရွေး​ ကောက်ပွဲဝင်ပြိုင်မယ့်​ ပါတီအ​တွေအ​နေနဲ့​ ​ရေဒီယိုနဲ့​ ရုပ်မြင်သံကြား​တွေမှာ ၁၅ မိနစ်ကြာ ​ဟော​ပြောမဲဆွဲစည်း​ရုံး​ခွင့်​ရမှာပါ။ ဒါ​ပေမယ့်​ ဘယ်​နေ့​မှာ စတင်မဲဆွယ်ခွင့်​ရမလဲဆိုတာ မ​ဖော်ပြထား​ပါဘူး​။
ပါတီတခုချင်း​ အလိုက် မဲဆွယ်​ဟော​ပြောခွင့်​ရမယ့်​ ​နေ့​ရက်နဲ့​အချိန်ဇယား​ကို ​တော့​ ​ရွေး​ကောက်ပွဲ​ကော်မရှင်က သက်ဆိုင်ရာ ဌာန၊​ အဖွဲ့​အစည်း​တွေနဲ့​ညှိနှိုင်း​ပြီး​ သတ်မှတ်​ပေး​မယ်လို့​သိရပါတယ်။
From DVB

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1