Thursday, February 16, 2012
ဒေါ်​အောင်ဆန်း​စုကြည် မတ်လဆန်း​တွင် မန္တ​လေး​သွား​မည်
November | 2/16/2012 08:23:00 PM | Best Blogger Tips
နဂိုက မန္တ​လေး​ခရီး​စဉ်ကို ဒီလ ၄ ရက်၊​ ၅ ရက်​နေ့​တွေမှာ စီစဉ်ထား​ပေမယ့်​ ဗထူး​အား​ကစား​ကွင်း​နဲ့​ မန္တ​လေး​တောင်​ခြေမှာရှိတဲ့​ အား​ကစား​ကွင်း​တွေ ငှား​ရမ်း​တာကို မြန်မာနိုင်ငံ ​ဘောလုံး​အဖွဲ့​ချုပ်နဲ့​ တိုင်း​ဒေသကြီး​ ဝန်ကြီး​ချုပ်တို့​က ခွင့်​မပြုတဲ့​အတွက် ​ရွှေ့​ဆိုင်း​ထား​ရတာပါ။
ပြီး​ခဲ့​တဲ့​ ရက်ပိုင်း​က မန္တ​လေး​ကို သွား​ရောက်ခဲ့​ပြီး​ ​ဒေါ်​အောင်ဆန်း​စုကြည်ခရီး​စဉ်အတွက် စီစဉ်ခဲ့​တဲ့​ မန္တ​လေး​တိုင်း​ ​ဒေသကြီး​၊​ မပာ​အောင်​မြေ မဲဆန္ဒနယ် ကိုယ်စား​လှယ်​လောင်း​ ဦး​အုန်း​ကြိုင်က အခုတ​ခေါက် ​နေရာကိစ္စက ညှိနှိုင်း​နေတာနဲ့​ ပတ်သက်လို့​ ဒီရက်ပိုင်း​မှာ အတိအကျ သိရမယ်လို့​ ​ပြောပါတယ်။
ဇန်နဝါရီလကုန်ပိုင်း ​က​နေ အခုအချိန်ထိ အဖွဲ့​ချုပ် ဥက္ကဋ္ဌ ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ တနင်္သာရီတိုင်း​ ထား​ဝယ်၊​ ဧရာဝတီတိုင်း​ ပုသိမ်နဲ့​ ​မြောင်း​မြ၊​ ရန်ကုန်တိုင်း​ ​ကော့​မှူး​ နဲ့​ လှည်း​ကူး​မြို့​တွေကို ပါတီစည်း​ရုံး​ရေး​နဲ့​ ​ရွေး​ကောက်ပွဲ မဲဆွယ်တဲ့​ ခရီး​တွေ ထွက်ခဲ့​ပြီး​ လူသိန်း​ချီ ကြိုဆိုခဲ့​ကြပါတယ်။
From DVB
No comments:
England - Premier League
Italy - Serie A
Spain - Primera Division
Germany - Bundesliga
France - Ligue 1