Thursday, February 16, 2012

ပဲခူး​တွင် မဇ္ဈိမလှိုင်း​ စတိတ်ရှိုး​ အခမဲ့​ပြသ

November | 2/16/2012 08:38:00 PM | Best Blogger Tips
ပဲခူး​တိုင်း​ ပဲခူး​မြို့​မှာ ဒီက​နေ့​ည နာမည်ကြီး​အဆို​တော် ခင်​မောင်တိုး​ ပါဝင်တဲ့​ မဇ္ဈိမလှိုင်း​ ​တေး​ဂီတအဖွဲ့​ စင်တင်​ဖျော်​ဖြေပွဲကို အခ​ကြေး​ငွေ မယူဘဲ ပြသမယ်လို့​ ပဲခူး​မြို့​ခံ​တွေက ​ပြောပါတယ်။
ရွှေ​မော်​ ဓောဘုရား​ရဲ့​ အ​နောက်ဘက်မုခ်ကကွင်း​မှာ ကျင်း​ပမယ့်​ ဒီစတိတ်ရှိုး​ကို အဆို​တော် ခင်​မောင်တိုး​၊​ ကိုရဲလွင်၊​ ကို​နေဝင်း​၊​ ကိုသား​ထွေး​တို့​နဲ့​အတူ အမျိုး​သမီး​အဆို​တော် ​တော်​တော်များ​များ​လည်း​ သီဆို​ဖျော်​ဖြေမယ်လို့​ ​ကြေညာထား​တယ်လို့​ ဆိုပါတယ်။

ဒီပွဲအတွက် ဒဂုံဘီယာက စပွန်ဆာ​ပေး​ပြီး​ ကလျာဏမိတ္တ နာ​ရေး​ကူညီမှု အသင်း​အတွက် ရန်ပုံ​ငွေပွဲ ဖြစ်တယ်လို့​ မြို့​ခံတဦး​က ​ပြောပါတယ်။
“ပဲခူး​မှာ နာ​ရေး​ကူညီမှုအသင်း​တွေ ရှိတယ်​လေ။ သူက ကလျာဏမိတ္တ နာ​ရေး​ကူညီမှု အသင်း​အတွက် ရန်ပုံ​ငွေတီး​ပေး​တာ။ ရန်ပုံ​ငွေတီး​ပေး​တယ် ဆို​ပေမယ့်​ ဘယ်​ရွေ့​ဘယ်မျှ သတ်မှတ်ထား​တာ မရှိဘူး​။ ပြည်သူလူထုကို စည်း​ကမ်း​စနစ်ကျကျနဲ့​ ကွင်း​ကြီး​ထဲမှာ အလကား​ ဆို​ပေး​ကြမှာ တီး​ပေး​ကြမှာ။ ဒါ​ပေမယ့်​ ဘယ်လိုလုပ်မလဲဆို​တော့​ အဆို​တော်အမျိုး​သမီး​တွေက ကွင်း​ထဲကို ဝင်ပြီး​တော့​ ​ငွေဖလား​တွေနဲ့​ အလှူခံမယ်​ပေါ့​ဗျာ။ ​စေတနာရှိတဲ့​ လူလည်း​လှူ​ပေါ့​။ မရှိတဲ့​လူလည်း​ ​နေ​ပေါ့​။ ကုန်ကျစရိတ်​တွေ အကုန်လုံး​ကို ဒဂုံဘီယာက (အ​ရောင်း​မြှင့်​တင်​ရေး​ပေါ့​) အကုန်အကျခံတယ်။”
ည​နေသုံး​ နာရီခန့်​မှာကိုပဲ နယ်​မြေခံ စီး​ပွား​ရေး​လုပ်ငန်း​ရှင်​တွေက လာ​ရောက် လှူဒါန်း​ငွေ သိန်း​ရှစ်ဆယ် ​ကျော်သွား​ပြီလို့​ သူက ​ပြောပါတယ်။
ဒီလို ကွင်း​ပြင်မှာ အခ​ကြေး​ငွေမယူဘဲ ကြည့်​ရတဲ့​ စင်တင်​ဖျော်​ဖြေပွဲဟာ ပဲခူး​မှာ ပထမဆုံး​အကြိမ်ဖြစ်ပြီး​ အရင်က ပွဲ​တွေတုန်း​က အခ​ကြေး​ငွေ ​ပေး​ရတာ​ကြောင့်​ ​ငွေ​ကြေး​မတတ်နိုင်သူ​တွေ အနား​မကပ်နိုင်ဖြစ်ခဲ့​တယ်လို့​ ဆိုပါတယ်။
“ပဲခူး​တိုင်း ​ ပြည်ထဲ​ရေး​ သက်သာရန်ပုံ​ငွေပွဲတုန်း​က ရဲ​တွေကလည်း​ လုံခြုံ​ရေး​ အပြည့်​ယူထား​တယ်​လေ။ ပြီး​တော့​အထဲမှာ ခုံမဲ့​ ၅၀၀၀ ကျပ်​ပေါ့​ဗျာ။ ခုံနဲ့​ရှေ့​ဆုံး​တန်း​က ၂ ​သောင်း​တို့​ ၃ ​သောင်း​တို့​ ယူတဲ့​အခါကျ​တော့​ လူကုံထံနဲ့​ ပိုက်ဆံရှိတဲ့​ အသိုင်း​အဝိုင်း​လောက်ပဲ ကြည့်​ရှုနိုင်တာ။ အဆို​တော်​တွေနဲ့​ ​တွေ့​နိုင်ကြတာ။ အခုကျ​တော့​ ​တောရွာ​တွေကပါ ဆိုင်ကယ်​တွေနဲ့​ တက်လာပြီး​တော့​ လာအား​ပေး​ကြမှာ​လေ။”
စတိတ်ရှိုး​ နဲ့​ ပတ်သက်လို့​ လူငယ်တဦး​က “ခင်​မောင်တိုး​ကို​တော့​ ​တော်​တော်များ​များ​က ကြိုက်ကြတာပဲ​လေ။ သမီး​လည်း​ ကြိုက်ပါတယ်။ သူ့​သီချင်း​လေး​တွေက ​အေး​အေး​လေး​တွေနဲ့​လေ။ ဟိုတ​နေ့​က Rဇာနည် ရှိုး​က​တော့​ ၁ ​သောင်း​ခွဲတို့​၊​ ၂ ​သောင်း​တို့​ကျ​တော့​ ​တော်​တော်များ​များ​က မကြည့်​နိုင်ကြဘူး​လေ။” 
From DVB

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1