Tuesday, February 7, 2012

ပြည်ပ​ရောက် နိုင်ငံ​ရေး​အဖွဲ့​များ​နှင့်​ ငြိမ်း​ချမ်း​ရေး​ ​ကော်မတီ အမြင်ဖလှယ်

November | 2/07/2012 08:53:00 AM | Best Blogger Tips
ထိုင်း ​-မြန်မာနယ်စပ်မှာ ​ရောက်ရှိ​နေတဲ့​ အစိုး​ရ ငြိမ်း​ချမ်း​ရေး​ ကိုယ်စား​လှယ်နဲ့​ ပြည်ပ​ရောက် နိုင်ငံ​ရေး​အဖွဲ့​တွေ ဒီက​နေ့​ ​တွေ့​ဆုံခဲ့​ပါတယ်။
လက်ရှိ နိုင်ငံ​ရေး​ အ​ခြေအ​နေနဲ့​ ပတ်သက်ပြီး​တော့​ သ​ဘောထား​တွေ အပြင် ပြင်ပ​ရောက် နိုင်ငံ​ရေး​ အဖွဲ့​အစည်း​များ​အ​ပေါ် သ​ဘောထား​တွေကို ​မေး​မြန်း​ခဲ့​တယ်လို့​ ​တွေ့​ဆုံခဲ့​တဲ့​ အဖွဲ့​အစည်း​က ​ပြောပါတယ်။
ငြိမ်း​ချမ်း​ ရေး​အဖွဲ့​က ဝန်ကြီး​ ဦး​အောင်မင်း​က တိုင်း​ပြည်အတွက် အလုပ် လုပ်ချင်သူများ​ ပြန်လာပြီး​ အလုပ်လာလုပ်ဖို့​ ​ပြောဆိုခဲ့​တယ်လို့​ ထိုင်း​အ​ခြေစိုက် မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အား​စုအဖွဲ့​ (အက်ဖ်ဒီဘီ) အတွင်း​ရေး​မှူး​ချုပ် ​ဒေါက်တာနိုင်​အောင်က ​ပြောပါတယ်။

“အဓိက​တော့​ သူတို့​ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​ ​ဖော်​ဆောင်​ရေး​ လုပ်​နေတာ​ပေါ့​။ အခု ဒီဘက်မှာရှိတဲ့​ ဒီမိုက​ရေစီအဖွဲ့​တွေနဲ့​ ​တွေ့​တယ်ဆို​တော့​ ကျ​နော်တို့​ ဘယ်လို သ​ဘောထား​ရှိလဲ၊​ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​ ​ဖော်​ဆောင်​ရေး​ ကိစ္စ​တွေမှာ ကျ​နော်တို့​ကို ဘယ်လိုရည်ရွယ်ချက်နဲ့​ ​တွေ့​တာလည်း​ပေါ့​။ အဲဒါနဲ့​ စ​မေး​ဖြစ်​တော့​ အဓိက ရှင်း​ပြတာ​တော့​ ဒီ​နေ့​ဆိုရင်လည်း​ ဒီမိုက​ရေစီ လမ်း​ကြောင်း​ကို​ရောက်​နေပြီ။ ပြုပြင်​ပြောင်း​လဲ​ရေး​လည်း​ စ​နေပြီ။ ​ဒေါ်​အောင်ဆန်း​စုကြည်တို့​လည်း​ လွှတ်​တော်ထဲမှာ ​ရွေး​ကောက်ပွဲဝင်ပြိုင်ကြမယ်။ ကိုမင်း​ကိုနိုင်တို့​လည်း​ လွတ်လာပြီ ဆို​တော့​ ခင်ဗျား​တို့​ ကျ​နော်တို့​ အား​လုံး​သိကြတဲ့​အတိုင်း​ပဲ သူတို့​လည်း​ နိုင်ငံ​ရေး​ကို လွတ်လပ်စွာ လှုပ်ရှား​လို့​ရ​နေကြပြီ။ အပြင်မှာရှိတဲ့​ အင်အား​စု​တွေလည်း​ သမ္မတကြီး​ ​ပြောတဲ့​အတိုင်း​ ပြည်တွင်း​ထဲမှာ ပူး​ပေါင်း​ဆောင်ရွက်ကြဖို့​ပေါ့​။ အဲဒီလိုစပြီး​ မိတ်ဆက်ဖြစ်တာ​ပေါ့​။”
အရင်တကြိမ်က ​ဒေါက်တာနိုင်​အောင်နဲ့​ ​တွေ့​ဆုံခဲ့​ပေမယ့်​ အခု ဒုတိယအကြိမ်က အဖွဲ့​အစည်း​ ကိုယ်စား​ပြု တရား​ဝင်ကမ်း​လှမ်း​ပြီး​ အလွတ်သ​ဘော ​တွေ့​ဆုံခြင်း​ ဖြစ်တယ်လို့​ ဆိုပါတယ်။
နောက်ထပ် သီး​သန့်​တွေ့​ဆုံမှု တခုမှာ​တော့​ အမျိုး​သား​ ပြန်လည်သင့်​မြတ်​ရေး​နဲ့​ ပတ်သက်တဲ့​အမြင်​တွေကို အစိုး​ရငြိမ်း​ချမ်း​ရေး​ ကိုယ်စား​လှယ်​တွေနဲ့​ ​ဆွေး​နွေး​ခဲ့​တယ်လို့​ အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ် လွတ်​မြောက်နယ်​မြေ (အန်အယ်ဒီ -အယ်လ်​အေ)က ဗဟိုအလုပ်အမှု​ဆောင် အဖွဲ့​ဝင် ကိုမိုး​ဇော်ဦး​က ​ပြောပါတယ်။
ပြည်ပမှာ ရပ်တည်​နေတဲ့​ အန်အယ်လ်ဒီ-အယ်လ်​အေကို အစိုး​ရက မတရား​အသင်း​အဖြစ် အရင်က ​ကြေညာခဲ့​တာနဲ့​ ပတ်သက်ပြီး​တော့​လည်း​ ​ဆွေး​နွေး​ခဲ့​တယ်လို့​ သူက ​ပြောပါတယ်။
“လက်ရှိသွား​ နေတဲ့​ အ​ခြေအ​နေနဲ့​ ပတ်သက်ပြီး​တော့​ ကျ​နော်တို့​ စိုး​ရိမ်တဲ့​ စိုး​ရိမ်ချက်​တွေ မြင်တဲ့​ အမြင်​တွေ။ အစိုး​ရအ​နေနဲ့​ ပိုပြီး​ အ​လေး​ထား​သင့်​တဲ့​ ကိစ္စ​တွေ စသည်ဖြင့်​ ဒါ​တွေပဲ ​ဆွေး​နွေး​တာပါ။ ကျ​နော်တို့​ အမြင်​တွေ ​ပြောတယ်။ ဝန်ကြီး​ကလည်း​ သူ့​အမြင်​တွေ​ပြောတယ်။ အပြန်အလှန်​ပေါ့​။ ဘယ်ကိစ္စ​တွေကို​တော့​ ကျ​နော်တို့​အ​နေနဲ့​ အ​ရေး​တကြီး​ လုပ်သင့်​တယ်။ ပြင်ပမှာ ရှိတဲ့​ အဖွဲ့​အစည်း​တွေ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချူပ်ဆိုရင်လည်း​ ဒါ မတရား​အသင်း​ ​ကြေညာခံထား​ရတာ ဒါ​တွေနဲ့​ ပတ်သက်ပြီး​တော့​လည်း​ ဥပ​ဒေအ​ကြောင်း​နဲ့​ ဘာ​တွေ ​ဆောင်ရွက်သင့်​တယ်။ ဘယ်လိုလုပ်ကိုင်​ဆောင်ရွက်နိုင်တယ် ဆိုတာနဲ့​ ပတ်သက်ပြီး​တော့​လည်း​ ​ပြောဖြစ်ပါတယ်။”
အန်အယ်လ်ဒီ-အယ်လ်​အေက ဥက္ကဋ္ဌ ဦး​ဘို​သောင်း​ ​ခေါင်း​ဆောင်ပြီး​တော့​ ​ဆွေး​နွေး​ပွဲကို သွား​ရောက်တာဖြစ်တယ်လို့​လည်း​ သူက ဆိုပါတယ်။
ဆွေး​နွေး​ တာက ​ယေဘုယျသ​ဘော ​ဆွေး​နွေး​တာ ဖြစ်ပြီး​တော့​ ဆုံး​ဖြတ်တာ သ​ဘောတူညီချက် ရယူတာ တစုံတရာ မရှိခဲ့​ဘူး​လို့​လည်း​ ​ပြောပါတယ်။
From DVB

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1