Tuesday, February 7, 2012

ရွှေတိဂုံ​စေတီနှစ်​ပေါင်း​ ၂၆၀၀ ပြည့်​ပွဲ ကျင်း​ပမည်

November | 2/07/2012 08:31:00 AM | Best Blogger Tips
ကမ္ဘာအံ့​ ဖွယ်တပါး​ဖြစ်တဲ့​ ​ရွှေတိဂုံ​စေတီ​တော်ကြီး​ရဲ့​ နှစ်​ပေါင်း​ ၂၆၀၀ ပြည့်​ အထိမ်း​အမှတ်ပွဲ​တော်ကို အစီအစဉ်မျိုး​စုံနဲ့​ ထူး​ထူး​ခြား​ခြား​ကျင်း​ပဖို့​ပြင်ဆင်​နေတယ်လို့​ ​ရွှေတိဂုံဘုရား​ ​ဂေါပကအဖွဲ့​ဝင် တဦး​က ​ပြောပါတယ်။
“ဒီနှစ်က ​တော့​ ထူး​ထူး​ခြား​ခြား​ ​တော်​တော်များ​တယ်။ အထက်ပစ္စယံ​ရော၊​ အလယ်ပစ္စယံ​ရော၊​ ​အောက်ပစ္စယံ​ရော အကုန်လုံး​အပြည့်​ပေါ့​။ အရင်နှစ်​တွေထက် အ​တော် ထူး​ထူး​ခြား​ခြား​ လုပ်မယ်လို့​ အကြမ်း​ဖျင်း​ သိထား​ပါတယ်။ ဇာတ်​တော်ကြီး​တွေ ပြဇာတ်​လေး​တွေဝင်မယ်။”
ပွဲ​ တော်ရက်ကို လာမယ့်​ ​ဖေ​ဖော်ဝါရီ ၂၂ ရက် တ​ပေါင်း​လဆန်း​ ၁ ရက်​နေ့​ကစပြီး​ မတ်လ ၇ ရက် တ​ပေါင်း​လပြည့်​နေ့​ အထိ ၁၅ ရက်ကြာ ကျင်း​ပမှာပါ။

ဘုရား​ရင်ပြင် ​တော်​ပေါ်မှာ​တော့​ ပဋ္ဌာန်း​ရွတ်ပွဲ​တွေ၊​ ပန်း​ပေါင်း​ ၂၆,၀၀၀ ပူ​ဇော်မယ့်​ ပန်း​ပေါင်း​စုံပူ​ဇော်ပွဲ၊​ ဆီမီး​ ၂၆၀၀ ပူ​ဇော်မယ့်​ ဆီး​မီး​ကပ်လှူပွဲ​တွေနဲ့​ သံဃာ​တော်အပါး​ ၂၆၀၀ ကို ဆွမ်း​ကပ်မယ့်​ ဆွမ်း​ဆန်စိမ်း​ ​လောင်း​လှူပွဲ​တွေလည်း​ လုပ်ဖို့​အစီအစဉ် ရှိပါတယ်။
 တောင်ဘက်မုခ်က တပ်မ​တော် ဓမ္မာရုံမှာ တရား​ပွဲ​တွေကျင်း​ပဖို့​ ရှိပြီး​ အ​နောက်ဘက်မုခ်နဲ့​ အာဇာနည်ကုန်း​ဘက်​တွေမှာ နာမည်ကြီး​ ဇာတ်သဘင် အငြိမ့်​တွေ ခြင်း​အလှခတ်ပွဲ​တွေ၊​ ​ပျော်ပွဲရွှင်ပွဲ​တွေနဲ့​ ​ဈေး​ရောင်း​ပွဲ​တွေ ကျင်း​ပဖို့​ ရှိပါတယ်။
ဒါ့​ပြင် ​ရွှေတိဂုံ ဘုရား​ထီး​တော်​ဟောင်း​တွေကို ကရဝိတ်​ဖောင်​တွေနဲ့​တင်ပြီး​ ဗုဒ္ဓဆံ​တော်ပင့်​ လာခဲ့​ဖူး​တဲ့​ လမ်း​ကြောင်း​ တ​လျောက် ပူ​ဇော်ခံဖို့​ရှိတယ်လို့​ ​ဂေါပကအဖွဲ့​က ​ပြောပါတယ်။
ရွှေတိဂုံ ​စေတီ​တော်ရဲ့​ ဂုဏ်​တော်​တွေကို ရည်ညွှန်း​ဖွဲ့​ဆိုထား​တဲ့​ စာ​တွေ ​ဆောင်း​ပါး​တွေ သမိုင်း​အချက်အလက်​တွေနဲ့​ ဓာတ်ပုံထည့်​သွင်း​ထား​တဲ့​ရွှေတိဂုံ (၂၆ဝဝ) ပြည့်​ အထူး​ထုတ် ဓမ္မမဂ္ဂဇင်း​ကိုလည်း​ ထုတ်​ဝေထား​တယ်လို့​သိရပါတယ်။
ရွှေတိဂုံ​ စေတီ​တော်ကြီး​ဟာ ပင်လယ်​ရေမျက်နှာပြင်အထက် ၁၆၈ ​ပေအမြင့်​ ရန်ကုန်မြို့​ သိင်္ဂုတ္တရကုန်း​တော်​ပေါ်မှာ တည်ရှိပါတယ်။ လွန်ခဲ့​တဲ့​ နှစ်​ပေါင်း​ ၂၆၀၀ က မဟာသက္ကရာဇ် ၁၀၃ ခု တ​ပေါင်း​လပြည့်​နေ့​မှာ ရာမညတိုင်း​က တပုဿ နဲ့​ဘလ္လိက ကုန်သည် ညီ​နောင်တို့​ ပင့်​ဆောင်လာတဲ့​ ဗုဒ္ဓဆံ​တော်​တွေကို ဌာပနာတိုက်သွင်း​ပြီး​ တည်ထား​ကိုး​ကွယ်ခဲ့​တာ ဖြစ်ပါတယ်။
ရွှေတိဂုံ​ စေတီ​တော်ကြီး​ဟာ ပွင့်​တော်မူပြီး​ဖြစ်တဲ့​ ကကုသန် ဘုရား​ရဲ့​ ​တောင်​ဝှေး​တော်၊​ ​ကောဏာဂုံဘုရား​ရဲ့​ ​ရေစစ်​တော်၊​ ကဿပဘုရား​ရဲ့​ ​ရေသနုပ်​တော်နဲ့​ ​ဂေါတမဘုရား​ရဲ့​ ဆံ​တော်​တွေကို ဌာပနာထား​တဲ့​အတွက် ​လေး​ဆူဓာတ်ပုံ ​ရွှေတိဂုံလို့​ဘွဲ့​အမည်ရတာ ဖြစ်ပါတယ်။ 
From DVB

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1