 ရွှေညဝါဆရာ
တော် ဘဒ္ဒန္တ ဦးပညာသီဟဟာ လာမယ့် ၁၉ ရက်နေ့ကျရင် လက်ရှိ 
သီတင်းသုံးနေထိုင်တဲ့ ရန်ကုန်တိုင်းဒေသကြီး 
ကြည့်မြင်တိုင်မြို့နယ်တွင်းက သာဓု ပရိယတ္တိစာသင်တိုက်ကနေ 
ထွက်ခွာမှာဖြစ်ပြီး မှော်ဘီမြို့နယ်က ခြံတခြံရဲ့ သစ်ပင်အောက် 
သီတင်းသုံးမှာ ဖြစ်ပါတယ်။
                              ရွှေညဝါဆရာ
တော် ဘဒ္ဒန္တ ဦးပညာသီဟဟာ လာမယ့် ၁၉ ရက်နေ့ကျရင် လက်ရှိ 
သီတင်းသုံးနေထိုင်တဲ့ ရန်ကုန်တိုင်းဒေသကြီး 
ကြည့်မြင်တိုင်မြို့နယ်တွင်းက သာဓု ပရိယတ္တိစာသင်တိုက်ကနေ 
ထွက်ခွာမှာဖြစ်ပြီး မှော်ဘီမြို့နယ်က ခြံတခြံရဲ့ သစ်ပင်အောက် 
သီတင်းသုံးမှာ ဖြစ်ပါတယ်။
ဒီအကြောင်း
ကို ဆရာတော်က “မှော်ဘီကို ကျုပ် ဒကာ၊ ဒကာမတွေက လှူထားတဲ့ခြံရှိတယ်။ 
လောလောဆယ် ကျောင်းလည်း မဆောက်ရသေးဘူး။ ဆောက်ဖို့လည်း 
မရှိသေးဘူး။ အဲဒါအတွက် သစ်ပင်အောက်မှာပဲ နေမယ် လောလောဆယ်” လို့ 
မိန့်ပါတယ်။
ဒီပြုကျင့်
မှုဟာ ဘုရားဟောအတိုင်းဖြစ်ပြီး ကျောင်းရှိရင်ရှိ၊ မရှိရင် 
သစ်တပင်အောက်မှာ နေရမယ်လို့ ဘုရားဟောအတိုင်း ကျင့်ကြံတာပါလို့ 
ဆရာတော်က မိန့်ပါတယ်။
ဆရာတော်ကို 
ကျောင်းတိုက်ကနေ ထွက်ခွာပေးဖို့ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ရဲ့ 
ဆုံးဖြတ်ချက်ကို လိုက်နာတဲ့အနေနဲ့ ထွက်ခွာတာ ဖြစ်ပါတယ်။
ဆရာတော် 
သွားရောက်သီတင်းသုံးဖို့ စီစဉ်ထားတဲ့ခြံဟာ ရန်ကုန်မြို့ အထွက်က 
သဲအင်းဂူ ဝိပသာနာရိပ်သာ ကျောင်းတိုက်ကြီးဆိုတဲ့ ဆိုင်းဘုတ် 
ရောက်တဲ့အခါ အဲဒီဆိုင်းဘုတ်အောက်ကနေ ၄ မိနစ်ခန့် 
ကားမောင်းဝင်ရပြီး ၄ ဧကခွဲခန့် ကျယ်ဝန်းတယ်လို့ ဆိုပါတယ်။
ဆရာတော် 
နေရာသစ်ကို ကြွသွားတဲ့အခါ ကျောင်းတိုက်မှာ လက်ရှိ ပညာသင်ကြားနေတဲ့ 
ဦးဇင်း၊ ကိုရင်၊ ကျောင်းသား စုစုပေါင်း ၁၀၀ ကျော်ကို တပါတည်း 
ခေါ်ဆောင်သွားမှာလို့ မိန့်ပါတယ်။
“အကုန်လုံး 
ကျုပ်ခေါ်သွားမှာ။ ဟ မလိုက်လို့ သူတို့က စာသင်သား ဘယ်မှာ 
နေရမှာတုန်း။ တပါးတည်း ကြွခိုင်းပေမယ့် ကျုပ်ကို 
မှီခိုနေတဲ့သံဃာတွေ ရှိတယ်။ သူတို့အတွက်လည်း နေစရာထိုင်စရာ 
ကျုပ်မှာကလည်း အခက်အခဲ ရှိနေတယ်။ တရုတ်နည်းပညာနဲ့ 
ကျုပ်တို့နိုင်ငံထဲမှာ အဆောက်အဦကို ချက်ချင်းဆောက် 
ချက်ချင်းနေလို့ရတဲ့ နည်းပညာတွေ ရှိပြီလေ။ ပိုက်ဆံပေးပြီး 
လုပ်ခိုင်းမှာပေါ့။”
နိုင်ငံတော် 
သံဃမဟာနာယကအဖွဲ့က ဆရာတော်ကို မနှစ် ဖေဖော်ဝါရီ လဆန်းပိုင်းမှာ 
တရားဟောခွင့် တနှစ်ပိတ်ပင်ခဲ့ပါတယ်။ အဲဒီနောက် တနှစ်မပြည့်ခင်မှာ 
စည်းကမ်းချိုးဖောက်တယ်ဆိုပြီး ကျောင်းတိုက်ကနေ ဒီလ ၁၉ ရက်နေ့မှာ 
ထွက်ခွာဖို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ဆုံးဖြတ်ခဲ့ပါတယ်။
ဒီလဆန်းမှာတော့ တနှစ်ပိတ်တာပြည့်ပြီ ဖြစ်ပေမယ့် နောက်တနှစ်ဟောခွင့် ပိတ်ခဲ့ပါတယ်။ 
From DVB 
 

 
No comments:
Post a Comment