Saturday, February 4, 2012

လူအခွင့်​အ​ရေး​ ကိုယ်စား​လှယ် အတိုက်အခံများ​နှင့်​ ​တွေ့​ဆုံ

November | 2/04/2012 08:08:00 PM | Best Blogger Tips
မြန်မာနိုင်ငံကို ​ရောက်ရှိ​နေတဲ့​ ကုလသမဂ္ဂ လူအခွင့်​အ​ရေး​ ကိုယ်စား​လှယ် မစ္စတာ ကင်တား​နား​ဟာ ဒီက​နေ့​ မနက်ပိုင်း​ ၁၁ နာရီမှာ ရန်ကုန် အင်း​စိန်​ထောင် ကိုသွား​ရောက်ခဲ့​ပြီး​ အင်း​စိန်​ထောင်အတွင်း​ နိုင်ငံ​ရေး​အကျဉ်း​သား​ ၃ ဦး​နဲ့​ ​တွေ့​ဆုံခဲ့​ပါတယ်။


Tomas Ojea Quintana

အဲဒီ​နောက်မှာ အမျိုး​သား​လူ့​အခွင့်​အ​ရေး​ ​ကော်မရှင်ဥက္ကဋ္ဌ ဦး​ဝင်း​မြ အပါအဝင် အဖွဲ့​ဝင်တချို့​နဲ့​လည်း​ ​နေလည်း​ပိုင်း​မှာ ​တွေ့​ဆုံတယ်လို့​ အမျိုး​သား​ လူအခွင့်​ရေး​ကော်မရှင်က ဦး​ခင်​မောင်​လေး​က ဒီဗွီဘီကို ​ပြောပါတယ်။

“အထူး​အ​ထွေ​ တော့​ မရှိပါဘူး​။ လူ့​အခွင့်​အ​ရေး​နဲ့​ ပတ်သက်ပြီး​တော့​ ဖွဲ့​စည်း​ထား​တာ​လေး​တွေကို ဝမ်း​သာတယ်လို့​ ​ပြောတယ်။ သူသိချင်တဲ့​ အချက်တချို့​လေး​တော့​ ​မေး​သွား​တာ​ပေါ့​။”

မစ္စတာ ကင်တား​နား​ဟာ ည​နေပိုင်း​မှာ​တော့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ဥက္ကဋ္ဌ ​ဒေါ်​အောင်ဆန်း​စုကြည်ကို သူမရဲ့​ ​နေအိမ်မှာ သွား​ရောက် ​တွေ့​ဆုံခဲ့​ပြီး​ ပြည်တွင်း​ပြည်ပက သတင်း​ထောက်​တွေကိုလည်း​ ​တွေ့​ခဲ့​တယ်လို့​ ကိုယ်တိုင် သတင်း​သွား​ရောက် ယူ​နေတဲ့​ ပြည်ပသတင်း​ဌာန သတင်း​ထောက် တဦး​က ဒီဗွီဘီကို အခုလို ​ပြောပါတယ်။

“​မေး​ခွန်း​ ၂ ခု​လောက်​တော့​ သူ ​ပြောသွား​တယ်။ ​မေး​ခွန်း​တခုက ​ကျေနပ်လား​လို့​ ​မေး​တော့​ ​ကျေနပ်တယ် မ​ကျေနပ်ဘူး​ဆိုတာ သူ့​(တင်ပြချက်) report ထဲကျမှ ထည့်​ရေး​မယ်​ပေါ့​။ အ​ရေး​ကြီး​တာ​တွေ​တော့​ မပါပါဘူး​။ အများ​ကြီး​ မ​ပြောဘူး​။ တခြား​သီး​ခြား​ဟာ ​မေး​တော့​ သူ မန္တ​လေး​သွား​တဲ့​ ကိစ္စက​တော့​ ​နေရာ​ကြောင့်​ပါ။ ​နေရာကို ​သေချာ ပြင်ဆင်ပြီး​မှ သူသွား​မှာပါတဲ့​။ ကျန်တဲ့​ ခရီး​စဉ်လည်း​ စီစဉ်ထား​တဲ့​အတိုင်း​ သွား​မယ်တဲ့​။ အ​သေး​စိတ်က​တော့​ ​နောက်ဆုံး​နေ့​ကျမှ ​ပြောမယ်တဲ့​။ တချို့​ဟာ​တွေလည်း​ report ထဲမှာ ထည့်​ရေး​မယ်လို့​ ​ပြောတယ်။”

ည​နေပိုင်း​ မှာလည်း​ ၁၉၉၀ ​ရွေး​ကောက်ပွဲအနိုင်ရ တိုင်း​ရင်း​သား​နိုင်ငံ​ရေး​ ပါတီ​တွေနဲ့​ မကြာခင်က အကျဉ်း​ထောင် အသီး​သီး​က လွတ်​မြောက်လာတဲ့​ ကိုမင်း​ကိုနိုင် အပါအဝင် ၈၈ မျိုး​ဆက်​ကျောင်း​သား​ ​ခေါင်း​ဆောင်​တွေနဲ့​လည်း​ ​တွေ့​ဆုံတယ်လို့​ သိရပါတယ်။

ဇိုမီအမျိုး​ သား​ကွန်ဂရက်က ပူကျင်ရှင်ထန်က တိုင်း​ပြည် ငြိမ်း​ချမ်း​ရရုံနဲ့​ မပြီး​ဘဲ တိုင်း​ရင်း​သား​ စည်း​လုံး​ညီညွှတ်​ရေး​ဟာ အ​ရေကြီး​ပုံကိုလည်း​ ကင်တာနာနဲ့​ ​ဆွေး​နွေး​ခဲ့​တယ်လို့​ ဒီဗွိဘီကို အခုလို ​ပြောပါတယ်။

“ခွန်ထွန်း​ဦး ​၊​ ကျ​နော်၊​ ဦး​အေး​သာ​အောင်ရယ် ကျ​နော်တို့​ သုံး​ယောက်​တော့​ ​ကောင်း​ကောင်း​ သိတယ်​လေ။ အထူး​သဖြင့်​ ကျ​နော်တို့​ အား​လုံး​ ​ပြော​နေတာက တိုင်း​ပြည်ကို ဒီမိုက​ရေစီ တည်​ဆောက်မယ်ဆိုရင် တိုင်း​ပြည်​အေး​ချမ်း​ဖို့​ လိုတယ်။ စစ်ဖြစ်ဖို့​ မလိုဘူး​။ အဲဒါ​ကြောင့်​ အပစ်အခတ်ရပ်စဲရုံနဲ့​တော့​ တိုင်း​ပြည်က ​အေး​ချမ်း​မှာ မဟုတ်ဘူး​။ ​နောက်တခါ ပြန်စစ်မဖြစ်ရ​အောင် ဒီနိုင်ငံကို တည်​ဆောက်တုန်း​က ပင်လုံ စာချုပ်အရ ကျ​နော်တို့​တည်​ဆောက်တယ်။ အဲဒီအတိုင်း​ ဘယ်သူက ဘာ​ကြောင့်​ မလိုက်နာတာလဲ။ မလိုက်နာရင် ဒုတိယ ပင်လုံညီလာခံလုပ်ပြီး​တော့​ ​ဖြေရှင်း​မှ ဖြစ်မယ်။ အဲလိုမှ မဟုတ်ရင် အ​ခေါက်တရာ လာလည်း​ ပြီး​မှာ မဟုတ်ဘူး​။ အဲဒါကို လိုအပ်တယ်လို့​ အ​ရေး​ဆိုကြတယ်​လေ။”

ကင်တား​နား​ဟာ မနက်ဖြန်မှာလည်း​ ကရင်နဲ့​ မွန် တိုင်း​ရင်း​သာ​ဒေသ​တွေကို သွား​ရောက်မှာ ဖြစ်ပါတယ်။ 
ိDVB

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1