Saturday, February 4, 2012

ကံ​ပေါက်တွင် ထိုင်း​ ပီတီတီ ကုမ္ပဏီ အလုပ်သမား​များ​ ဆန္ဒပြ

November | 2/04/2012 03:03:00 PM | Best Blogger Tips

အလုပ်ချိန်များ ​ပြား​မှု လုပ်ခလစာနည်း​ပါး​မှု​တွေနဲ့​ လုပ်ငန်း​ခွင်အဆင်မ​ပြေ မှု​တွေ​ကြောင့်​ တနင်္လာရီတိုင်း​၊​ ထား​ဝယ်ခရိုင် ကံ​ပေါက်​ဒေသမှာ ထိုင်း​နိုင်ငံပိုင် ပီတီတီကုမ္ပဏီက အလုပ်သမား​တွေ ဆန္ဒပြခဲ့​ကြပါတယ်။
ကံ​ပေါက်​ ဒေသရှိ သဘာဝဓာတ်​ငွေ့​ပိုက်လိုင်း​ စီမံကိန်း​တွေမှာ အခြား​ကုမ္ပဏီ​တွေက အလုပ်သမား​ တဦး​အတွက် တရက်လုပ်ခ ကျပ် ၇​ ထောင် ​ပေး​ချိန်မှာ ပီတီတီကုမ္ပဏီက ကျပ် ၄​ထောင်ပဲ ​ပေး​တဲ့​အပြင် အလုပ်ချိန် တ​နေ့​ ၁၂ နာရီအထိ တိုး​မြှင့်​လုပ်ဖို့​ လက်မှတ်ထိုး​ခိုင်း​လာတာ​ကြောင့်​ ကုမ္ပဏီအလုပ်သမား​ ၆၀ ​လောက်က ဆန္ဒပြခဲ့​ကြတာပါ။
ဇန်နဝါရီ ၃၁ ရက်​နေ့​က​နေ ​ဖေ​ဖော်ဝါရီလ ၂ ရက်​နေ့​အထိ လုပ်ခလစာတိုး​မြှင့်​ရေး​၊​ နဂိုအလုပ်ချိန် ၈ နာရီနဲ့​ ထမင်း​စား​ချိန်​ပေး​ရေး​၊​ လုပ်ငန်း​ခွင်အဆင်​ပြေ​ရေး​နဲ့​ သယ်ယူပို့​ဆောင်​ရေး​တာဝန်ယူ​ပေး​ဖို့​ ဆိုတဲ့​ အချက်​တွေကို ​တောင်း​ဆို​နေကြပါတယ်။
သဘာဝဓာတ်​ငွေ့ ​စီမံကိန်း​ရဲ့​ လူမှုစီး​ပွား​ဌာနကို ဒီပြဿနာ​တွေ တင်ပြခဲ့​ပေမယ့်​ တစုံတရာ ​ဖြေရှင်း​ပေး​တာမျိုး​ မရှိတာ​ကြောင့်​ ​တောင်း​ဆိုဆန္ဒပြခဲ့​ကြတာလို့​ ဦး​ဆောင်ဆန္ဒပြခဲ့​တဲ့​ အလုပ်သမား​တဦး​က ​ပြောပြပါတယ်။
“ကျ​နော်တို့​ ဆန္ဒပြမှု မဖြစ်ခင် ၂ ပါတ်​လောက်အလိုမှာ သူက စာချုပ်တခု ချုပ်ဖို့​ ကျ​နော်တို့​ကို​ပေး​တယ်။ အဲဒီစာချုပ်ထဲမှာ အလုပ်သမား​တွေရဲ့​ တရက်အလုပ်ချိန် ၁၂ နာရီ၊​ ​နောက်ပြီး​တော့​ တပတ်မှာ ၇ ရက်ဆင်း​ရမယ်၊​ အဲဒီစာချုပ်ပါ ကျ​နော်တို့​ သိမ်း​ထား​တယ်။ လက်ခံတ​စောင် သိမ်း​ထား​တယ်။ အဓိကအချက်​တော့​ အဲဒါပဲ။ ခံစား​မှု၊​ ဝန်​ဆောင်မှုပါ တခုမှမရှိဘူး​။ သူရဖို့​ တခုတည်း​ ချုပ်ထား​တဲ့​စာချုပ်ပါ။ ကျ​နော်တို့​ဆီမှာ လူမှုစီး​ပွား​ ဌာနကို တင်လိုက်ပါတယ်။ ၂ ပတ်​လောက် ​စောင့်​တယ်။ အ​ခြေအ​နေမထူး​လာဘူး​။ ၃၁ ရက်​နေ့​က ဆိုင်း​ဘုတ်​တွေကိုင်ပြီး​ ဆန္ဒပြတယ်။ ဆန္ဒပြတဲ့​အထဲမှာ ၅၈ ​ယောက်ရှိပါတယ်။ ဒီ​နေ့​အချိန်မှာ​တော့​ နည်း​နည်း​လျော့​လာတယ်။”
ဆန္ဒပြ​တောင်း​ဆို​နေ​ပေမယ့်​ ကုမ္ပဏီ​တွေဘက်က ဘာမှ လုပ်မ​ပေး​သေး​ဘူး​လို့​လည်း​ ဆန္ဒပြ အလုပ်သမား​ခေါင်း​ဆောင်က ​ပြောပါတယ်။
“၃၁ ရက်​နေ့​က ဆန္ဒပြပြီး​တာနဲ့​ သူတို့​က ကျ​နော်တို့​ကို တာဝန်ခံတဲ့​ လူကြီး​က ကျ​နော်တို့​ကို လစာတိုး​ပေး​မယ်ဆိုပြီး​ နှစ်သိမ့်​ပြီး​တော့​ ကား​ပေါ်တက်၊​ ပိုက်ဆံရှင်း​ပေး​မယ်ဆိုပြီး​ အဲဒီပုံစံမျိုး​လုပ်တယ်။ လကုန်ရက်ဆို​တော့​။ ဒါ​ပေမယ့်​ ကျ​နော်တို့​ကလည်း​ ဦး​ဆောင်ပြီး​ ကား​ပေါ်မတက်ခိုင်း​ဘဲ တရုတ်​တွေ​နေတဲ့​ ကုမ္ပဏီနဲ့​ ​နောက်ပြီး​တော့​ ပီတီတီ ကုမ္ပဏီက နည်း​နည်း​ ခပ်လှမ်း​လှမ်း​ရှိတယ်။ အဲဒါကို လမ်း​လျှောက်သွား​ပြီး​ အဲဒီ ပီတီတီ ကုမ္ပဏီအ​ရှေ့​မှာ အဲဒီစာရွက်​တွေ ​ထောင်ပြီး​တော့​ ငြိမ်ငြိမ်သက်သက်​နေပါတယ်။ လူကြီး​တွေ၊​ နိုင်ငံခြား​သား​တွေ၊​ တာဝန်ရှိသူ​တွေ ထွက်လာတယ်။ အဲဒီမှာမှ သူတို့​ ထိထိ​ရောက်​ရောက် လုပ်​ပေး​မယ် ​ပြောပြီး​တော့​ အခုချိန်ထိ ဘာမှ မထူး​သေး​ဘူး​။”
ဒီလို ကုမ္ပဏီ​တွေဘက်က လုပ်​ဆောင်​နေတာကို အစိုး​ရတာဝန်ရှိသူ​တွေ၊​ ပြည်သူ့​ကိုယ်စား​လှယ်​တွေအ​နေနဲ့​ ကြား​ဝင် ​ဖြေရှင်း​ပေး​ဖို့​ကိုလည်း​ အလုပ်သမား​တွေက လိုလား​နေတယ်လို့​လည်း​ ဆိုပါတယ်။
သူတို့​တောင်း ​ဆို​နေတဲ့​ အချက်​တွေနဲ့​ ပတ်သက်ပြီး​ ကံ​ပေါက် သဘာဝဓာတ်​ငွေ့​ပိုက်လိုင်း​ စီမံကိန်း​ အလုပ်သမား​ ​ခေါင်း​ဆောင်တ​ယောက်က “ကျ​နော်တို့​က တင်ပြထား​တာ အလုပ်ချိန် ၁၂ နာရီသတ်မှတ်ထား​တာ အဲဒါကို ပြုပြင်​ပေး​သင့်​တယ်။ အလုပ်သမား​ အကြိုအပို့​ အစီအစဉ်​တွေရှိတယ်။ အဲဒါ​တွေက လုံး​ဝ ကိုယ့်​အစီအစဉ်နဲ့​ ကိုယ်လာရတဲ့​သူ​တွေ များ​တယ်။ ကျ​နော်တို့​ ဒီ နယ်တဝိုက်မှာ။ ​နောက် အလုပ်ချိန်အတွင်း​မှာ အခုဆိုရင် ​ရေသန့်​စက်က ​ရေကိုအလုံအ​လောက် မရဘူး​။ ​ရေကို ဖြစ်သလို လိုက်​သောက်​နေရတယ်။ ​နောက်ပြီး​ အလုပ်ထဲမှာ တရုတ်​တွေက အလုပ်ခိုင်း​စရာရှိရင် လက်နဲ့​ခေါ်ပြီး​မခိုင်း​ဘူး​။ ​ခြေ​ထောက်နဲ့​ ပြခိုင်း​တယ်။”
ပြီး​ခဲ့​ လပိုင်း​တွေကလည်း​ ထား​ဝယ်​ရေနက်ဆိပ်ကမ်း​ စီမံကိန်း​တွေမှာ အလား​တူ အလုပ်သမား​တွေ လုပ်ခ လစာ အပြည့်​အဝမရတာ၊​ လုပ်ငန်း​ခွင် မသာယာမှု​တွေ​ကြောင့်​ မ​ကျေမနပ်ဖြစ်ခဲ့​ဖူး​ပါတယ်။
အစိုး​ရရဲ့​ မူဝါဒ​တွေထဲမှာ​တော့​ ဒီလိုပြဿနာ​တွေကို သက်ဆိုင်ရာ တိုင်း​ဒေသကြီအစိုး​ရ၊​ ပြည်သူကိုယ်စား​လှယ်​တွေ၊​ အလုပ်သမား​တွေနဲ့​ အလုပ်ရှင်​တွေ ​စေ့​စပ်ညှိနှိုင်း​ဖြေရှင်း​ဖို့​ဆိုတာမျိုး​တွေ ချမှတ်ထား​ပါတယ်။ 
DVB

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1