ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ် (ဓာတ်ပုံ - အေဘီအက်စ်ဒီအက်ဖ်)
အစိုးရကို
လက်နက်ကိုင် တိုက်ပွဲဝင်နေတဲ့
ကျောင်းသားတပ်မတော်နဲ့အစိုးရငြိမ်းချမ်းရေးအဖွဲ့ ဒီကနေ့
တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
မြန်မာနိုင်ငံလုံး
ဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်စ်) က
ကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာအစိုးရရဲ့ ပြည်ထောင်စုအဆင့်
ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၊ အဖွဲ့ဝင် သီရိပျံချီ
ဦးစောခင်စိုး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေ
ဒီကနေ့မွန်းလွဲပိုင်းက ထိုင်း-မြန်မာ နယ်စပ်မဲဆောက်မြို့မှာ
တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
ပဏာမအဆင့်
တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ပြီး ပြည်တွင်းငြိမ်းချမ်းရေး၊
ဒီမိုကရေစီဖော်ဆာင်နိုင်ရေးတို့ကို ဦးတည် ဆွေးနွေးခဲ့တယ်လို့
ဆွေးနွေးပွဲမှာ ပါဝင်တဲ့ အေဘီအက်စ်ဒီအက်ဖ် ဒု-ဥက္ကဋ္ဌ ကိုမျိုးဝင်းက
ပြောပါတယ်။
“အဓိကအား
ဖြင့်တော့ ဒီကနေ့ တိုင်းပြည်အတွင်းမှာ တည်ရှိနေတဲ့ ပြဿနာတွေကို
နိုင်ငံရေးအရ တန်းတူရည်တူ ဆွေးနွေးဖို့ လိုအပ်တယ်ဆိုတဲ့ အခြေခံကို
နှစ်ဖက် သဘောထား အမြင်တူတယ်။ ဒီသဘောထားတူညီမှု အပေါ်မှာ
အခြေခံပြီးတော့မှ ကျနော်တို့ နိုင်ငံရေးအရ တန်းတူရည်တူ
ဆွေးနွေးပွဲ အဆင့်ကို ရောက်အောင် ဘယ်လို
နှစ်ဖက်ညှိနှိုင်းပြီးတော့ သယ်ဆောင်သွားမလဲဆိုတာ အဲဒီအချက်ကို ဦးတည်
ဆွေးနွေးဖြစ်တာပါ။ အခုကတော့ ကျနော်တို့ ပဏာမအကြို ဆွေးနွေးမှု
အဆင့်ကနေပြီးတော့ ပြည်ထောင်စုငြိမ်းချမ်းရေး
ဖော်ဆောင်ရေးအဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးမှု အဆင့်ကို ကျနော်တို့
ဆက်လက် ပြုလုပ်သွားဖို့ အစီအစဉ် ရှိပါတယ်။”
နိုင်ငံရေး
ပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းသွားနိုင်ရေးအတွက်
ငြိမ်းချမ်းရေး တန်းတူညီတူ တွေ့ဆုံ ဆွေးနွေးမှုတွေကို အဆင့်ဆင့်
ပြုလုပ်သွားမယ်လို့လည်း အေဘီအက်စ်ဒီအက်ဖ်က ပြောပါတယ်။
ဆွေးနွေး
ပွဲမှာ အေဘီအက်စ်ဒီအက်ဖ်အဖွဲ့က အထွေထွေအတွင်းရေးမှူး ရဲဘော်ဆန်နီ၊
အတွင်းရေးမှူး ၁ ရဲဘော်မြင့်ဟိန်းနဲ့ဗဟိုကော်မတီဝင် ၅ ဦး
ပါဝင်ပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြတယ်လို့လည်း
ကိုမျိုးဝင်းက ပြောပါတယ်။
“ပွင့်ပွင့်
လင်းလင်း ကျနော်တို့ ဆွေးနွေးနိုင်ခဲ့တယ်။ အဲဒီ နှစ်ဖက်
ပွင့်လင်းမှု၊ ဆွေးနွေးမှု အခြေခံပေါ်ကနေပြီးတော့မှ
ငြိမ်းချမ်းရေးစားပွဲမှာ တန်းတူရည်တူ ဆက်လက်ပြီးတော့
ဆွေးနွေးဖို့အတွက် ကျနော်တို့ တူညီတဲ့ သဘောထားတွေ ကျနော်တို့
ရယူနိုင်ခဲ့တယ်။ ဒီအခြေခံပေါ် ကနေတဆင့် ကျနော်တို့
တိုင်းပြည်အတွင်းမှာ ရှိနေတဲ့ ငြိမ်းချမ်းရေးပြဿနာ။ ပြည်တွင်းစစ်
ရပ်စဲရေးပြဿနာ၊ နိုင်ငံရေးပြဿနာတွေကို တန်းတူရည်တူ
ဆွေးနွေးပြီးတော့ အဖြေရှာခွင့် ရလိမ့်မယ်လို့ ကျနော်တို့
မျှော်လင့်ပါတယ်။”
နောက်တခါ ဆွေးနွေးပွဲတွေကို ရန်ကုန်မှာ ကျင်းပဖို့စီစဉ်ထားပြီး နေ့ရက် မသတ်မှတ်ရသေးဘူးလို့သိရပါတယ်။
ကျောင်းသား
တပ်မတော်ဟာ ရှစ်လေးလုံးလူထုအုံကြွမှုအပြီး စစ်တပ်က
အာဏာသိမ်းပြီးနောက် အစိုးရကို လက်နက်ကိုင် တော်လှန်နေတဲ့
အဖွဲ့ဖြစ်ပါတယ်။
From DVB
No comments:
Post a Comment