Thursday, February 9, 2012

ကျောင်း​သား​တပ်မ​တော်နှင့်​အစိုး​ရ ငြိမ်း​ချမ်း​ရေး​ ပဏာမ​ဆွေး​နွေး

November | 2/09/2012 08:50:00 PM | Best Blogger Tips



                          ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ် (ဓာတ်ပုံ - အေဘီအက်စ်ဒီအက်ဖ်)

 အစိုး​ရကို လက်နက်ကိုင် တိုက်ပွဲဝင်​နေတဲ့​ ​ကျောင်း​သား​တပ်မ​တော်နဲ့​အစိုး​ရငြိမ်း​ချမ်း​ရေး​အဖွဲ့​ ဒီက​နေ့​ ​တွေ့​ဆုံ ​ဆွေး​နွေး​ခဲ့​ပါတယ်။

မြန်မာနိုင်ငံလုံး ​ဆိုင်ရာ ​ကျောင်း​သား​များ​ဒီမိုကရက်တစ်တပ်ဦး​ (​အေဘီအက်စ်ဒီအက်စ်) က ကိုယ်စား​လှယ်အဖွဲ့​နဲ့​ မြန်မာအစိုး​ရရဲ့​ ပြည်​ထောင်စုအဆင့်​ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ရေး​အဖွဲ့​၊​ အဖွဲ့​ဝင် သီရိပျံချီ ဦး​စောခင်စိုး​ ဦး​ဆောင်တဲ့​ ကိုယ်စား​လှယ်အဖွဲ့​တွေ ဒီက​နေ့​မွန်း​လွဲပိုင်း​က ထိုင်း​-မြန်မာ နယ်စပ်မဲ​ဆောက်မြို့​မှာ ​တွေ့​ဆုံ ​ဆွေး​နွေး​ခဲ့​ပါတယ်။


ပဏာမအဆင့်​ ​တွေ့​ဆုံ​ဆွေး​နွေး​ပွဲ ဖြစ်ပြီး​ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​၊​ ဒီမိုက​ရေစီ​ဖော်ဆာင်နိုင်​ရေး​တို့​ကို ဦး​တည် ​ဆွေး​နွေး​ခဲ့​တယ်လို့​ ​ဆွေး​နွေး​ပွဲမှာ ပါဝင်တဲ့​ ​အေဘီအက်စ်ဒီအက်ဖ် ဒု-ဥက္ကဋ္ဌ ကိုမျိုး​ဝင်း​က ​ပြောပါတယ်။

“အဓိကအား​ ဖြင့်​တော့​ ဒီက​နေ့​ တိုင်း​ပြည်အတွင်း​မှာ တည်ရှိ​နေတဲ့​ ပြဿနာ​တွေကို နိုင်ငံ​ရေး​အရ တန်း​တူရည်တူ ​ဆွေး​နွေး​ဖို့​ လိုအပ်တယ်ဆိုတဲ့​ အ​ခြေခံကို နှစ်ဖက် သ​ဘောထား​ အမြင်တူတယ်။ ဒီသ​ဘောထား​တူညီမှု အ​ပေါ်မှာ အ​ခြေခံပြီး​တော့​မှ ကျ​နော်တို့​ နိုင်ငံ​ရေး​အရ တန်း​တူရည်တူ ​ဆွေး​နွေး​ပွဲ အဆင့်​ကို ​ရောက်​အောင် ဘယ်လို နှစ်ဖက်ညှိနှိုင်း​ပြီး​တော့​ သယ်​ဆောင်သွား​မလဲဆိုတာ အဲဒီအချက်ကို ဦး​တည် ​ဆွေး​နွေး​ဖြစ်တာပါ။ အခုက​တော့​ ကျ​နော်တို့​ ပဏာမအကြို ​ဆွေး​နွေး​မှု အဆင့်​က​နေပြီး​တော့​ ပြည်​ထောင်စုငြိမ်း​ချမ်း​ရေး​ ​ဖော်​ဆောင်​ရေး​အဖွဲ့​နဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​မှု အဆင့်​ကို ကျ​နော်တို့​ ဆက်လက် ပြုလုပ်သွား​ဖို့​ အစီအစဉ် ရှိပါတယ်။”

နိုင်ငံ​ရေး​ ပြဿနာ​တွေကို နိုင်ငံ​ရေး​နည်း​လမ်း​နဲ့​ ​ဖြေရှင်း​သွား​နိုင်​ရေး​အတွက် ငြိမ်း​ချမ်း​ရေး​ တန်း​တူညီတူ ​တွေ့​ဆုံ ​ဆွေး​နွေး​မှု​တွေကို အဆင့်​ဆင့်​ ပြုလုပ်သွား​မယ်လို့​လည်း​ ​အေဘီအက်စ်ဒီအက်ဖ်က ​ပြောပါတယ်။

ဆွေး​နွေး​ ပွဲမှာ ​အေဘီအက်စ်ဒီအက်ဖ်အဖွဲ့​က အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ရဲ​ဘော်ဆန်နီ၊​ အတွင်း​ရေး​မှူး​ ၁ ရဲ​ဘော်မြင့်​ဟိန်း​နဲ့​ဗဟို​ကော်မတီဝင် ၅ ဦး​ ပါဝင်ပြီး​ ပွင့်​ပွင့်​လင်း​လင်း​ ​ဆွေး​နွေး​ခဲ့​ကြတယ်လို့​လည်း​ ကိုမျိုး​ဝင်း​က ​ပြောပါတယ်။

“ပွင့်​ပွင့်​ လင်း​လင်း​ ကျ​နော်တို့​ ​ဆွေး​နွေး​နိုင်ခဲ့​တယ်။ အဲဒီ နှစ်ဖက် ပွင့်​လင်း​မှု၊​ ​ဆွေး​နွေး​မှု အ​ခြေခံ​ပေါ်က​နေပြီး​တော့​မှ ငြိမ်း​ချမ်း​ရေး​စား​ပွဲမှာ တန်း​တူရည်တူ ဆက်လက်ပြီး​တော့​ ​ဆွေး​နွေး​ဖို့​အတွက် ကျ​နော်တို့​ တူညီတဲ့​ သ​ဘောထား​တွေ ကျ​နော်တို့​ ရယူနိုင်ခဲ့​တယ်။ ဒီအ​ခြေခံ​ပေါ် က​နေတဆင့်​ ကျ​နော်တို့​ တိုင်း​ပြည်အတွင်း​မှာ ရှိ​နေတဲ့​ ငြိမ်း​ချမ်း​ရေး​ပြဿနာ။ ပြည်တွင်း​စစ် ရပ်စဲ​ရေး​ပြဿနာ၊​ နိုင်ငံ​ရေး​ပြဿနာ​တွေကို တန်း​တူရည်တူ ​ဆွေး​နွေး​ပြီး​တော့​ အ​ဖြေရှာခွင့်​ ရလိမ့်​မယ်လို့​ ကျ​နော်တို့​ ​မျှော်လင့်​ပါတယ်။”

နောက်တခါ ​ဆွေး​နွေး​ပွဲ​တွေကို ရန်ကုန်မှာ ကျင်း​ပဖို့​စီစဉ်ထား​ပြီး​ ​နေ့​ရက် မသတ်မှတ်ရ​သေး​ဘူး​လို့​သိရပါတယ်။

ကျောင်း​သား​ တပ်မ​တော်ဟာ ရှစ်​လေး​လုံး​လူထုအုံကြွမှုအပြီး​ စစ်တပ်က အာဏာသိမ်း​ပြီး​နောက် အစိုး​ရကို လက်နက်ကိုင် ​တော်လှန်​နေတဲ့​ အဖွဲ့​ဖြစ်ပါတယ်။ 
From DVB

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1