Sunday, February 5, 2012

လာမည့် ကြားဖြတ် ရွေးကောက်ပွဲများ၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အပါအ၀င် ၁၉ ပါတီ ၀င်ရောက်ယှဉ်ပြိုင်မည်

November | 2/05/2012 11:41:00 AM | Best Blogger Tips
7192


ဇန်န၀ါရီ ၂၉ ရက်နေ့က ထားဝယ်သို့ ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်အား 
မြို့ခံပြည်သူများက ကြိုဆိုနေကြစဉ်
  ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲများ၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အပါအ၀င် နိုင်ငံရေးပါတီ ၁၉ ပါတီ ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပါတီ ၁၉ ပါတီ အ နက် ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပါတီ ၁၁ ခုအပြင် အဆိုပါရွေးကောက်ပွဲ နောက်ပိုင်းမှတ်ပုံတင်ခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အပါအ၀င် ပါတီသစ် ရှစ်ခုပါ ထပ်မံဝင်ရောက်ယှဉ် ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။


ကြားဖြတ် ရွေးကောက်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်သွားမည့် ပါတီသစ်ရှစ်ခုမှာ ပြည်သူ့ ဒီမိုကရေစီပါတီ၊ အမျိုးသားဒီမိုကရေစီ ပါတီသစ်၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရက်တစ် မဟာမိတ်ပါတီ၊ ၈၈ ပြည်သူ့အင်အားစုပါတီ၊ မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ၊ မြန်မာအမျိုးသား ကွန်ဂရက်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့ ဖြစ်ကြကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ သိရသည်။
၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ရွေးကောက် တင်မြှောက်လိုက်သည့် လွှတ်တော် ကိုယ်စားလှယ်များအနက် ပြည်သူ့ လွှတ်တော်တွင် နေရာ ၄၀၊ အမျိုးသား လွှတ်တော်တွင် ခြောက်နေရာ၊ တိုင်းဒေသကြီး လွှတ်တော်တွင် နှစ်နေရာ စုစုပေါင်း ၄၈ နေရာ တွင် လွှတ်တော် ကိုယ်စားလှယ်များ လစ်လပ်လျက် ရှိနေသည်။
လစ်လပ်မဲဆန္ဒနယ်များ အလိုက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရမည့် မဲဆန္ဒနယ်များမှာ ကချင်ပြည်နယ် တွင် ပြည်သူ့လွှတ်တော် သုံးနေရာ (ဖားကန့်၊ မိုးကောင်း၊ ဗန်းမော်)၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် ပြည်သူ့ လွှတ်တော် သုံးနေရာ (စစ်ကိုင်း၊ ပုလဲ၊ မင်းကင်း)၊ အမျိုးသားလွှတ်တော်နှစ်နေရာ (ကန့်ဘလူ၊ ကျွန်းလှ၊ ရေဦး၊ တန့်ဆည်)နှင့် (ဗန်းမောက်၊ ကောလင်း၊ ၀န်းသို၊ ပင် လယ်ဘူး)၊ တနင်္သာရီတိုင်းဒေသ ကြီးတွင် ပြည်သူ့လွှတ်တော် နှစ်နေရာ (ကျွန်းစု၊ လောင်းလုံ)၊ ပဲခူး တိုင်းဒေသကြီးတွင် ပြည်သူ့လွှတ်တော် လေးနေရာ (တောင်ငူ၊ ထန်း တပင်၊ သနပ်ပင်၊ လက်ပံတန်း)၊ အမျိုးသား လွှတ်တော် တစ်နေရာ (အုတ်တွင်း၊ ထန်းတပင်)၊ တိုင်းဒေသကြီး လွှတ်တော်တစ်နေရာ (က၀ မြို့နယ် မဲဆန္ဒနယ်အမှတ် ၂)တို့ ဖြစ်ကြသည်။
ထို့ပြင် မကွေးတိုင်းဒေသကြီး တွင် ပြည်သူ့လွှတ်တော် ငါးနေရာ (မကွေး၊ ရေစကြို၊ မြိုင်၊ ပခုက္ကူ၊ ပွင့်ဖြူ)၊ အမျိုးသားလွှတ်တော် တစ်နေရာ (တောင်တွင်းကြီး)၊ မန္တလေးတိုင်း ဒေသကြီးတွင် ပြည်သူ့လွှတ်တော် ၁၀ နေရာ (ဇဗ္ဗူသီရိ၊ ပုဗ္ဗသီရိ၊ ဒက္ခိဏသီရိ၊ ဥတ္တရသီရိ၊ ကျောက်ပန်းတောင်း၊ နွားထိုးကြီး၊ မဟာအောင်မြေ၊ တံတားဦး၊ မိတ္ထီလာ၊ ပြင်ဦးလွင်)၊ မွန်ပြည်နယ်တွင် ပြည်သူ့လွှတ်တော် တစ်နေရာ (မော်လ မြိုင်)၊ ရန်ကုန်တိုင်းဒေသကြီးတွင် ပြည်သူ့လွှတ်တော် ခြောက်နေရာ (ကော့မှူး၊ သုံးခွ၊ ဒဂုံဆိပ်ကမ်း၊ မင်္ဂလာတောင်ညွန့်၊ လှည်းကူး၊ မရမ်း ကုန်း)၊ ရှမ်းပြည်နယ်တွင် ပြည်သူ့ လွှတ်တော်တစ်နေရာ(ကလော)၊ အမျိုးသားလွှတ်တော် တစ်နေရာ (လားရှိုး၊ တန့်ယန်း၊ မိုင်းရယ်၊ သိန္နီ၊ ကွမ်းလုံ)၊ ဧရာဝတီတိုင်းဒေသကြီး တွင် ပြည်သူ့လွှတ်တော် ငါးနေရာ (ပုသိမ်၊ မအူပင် ၊မြောင်းမြ၊ ၀ါးခယ်မ၊ မြန်အောင်)၊ အမျိုးသားလွှတ်တော် တစ်နေရာ(ဖျာပုံ၊ ဒေးဒရဲ)၊ တိုင်းဒေသကြီး လွှတ်တော်တစ်နေရာ (ရေကြည်မြို့နယ်-မဲဆန္ဒနယ်အမှတ် ၂) တို့ဖြစ်သည်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် မဲဆန္ဒနယ်များမှာ ပြည်သူ့ လွှတ်တော်တွင် ငါးနေရာ၊ ပြည်နယ် လွှတ်တော်တွင် ၁၂ နေရာ စုစုပေါင်း ၁၇ နေရာရှိသည်။
From EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1