Sunday, February 5, 2012

ဒေါ်လာအဟောင်းအနွမ်း လက်မခံသည့်ကိစ္စ ညွှန်ကြားထုတ်၍ တားမြစ်သင့်

November | 2/05/2012 11:54:00 AM | Best Blogger Tips


 မြန်မာနိုင်ငံ၏ မီးခိုးတိတ်စက်ရုံများဖြစ်သည့် ခရီးသွားလုပ်ငန်းများမှ ၀င်ငွေပိုမိုရရှိစေရန်နှင့် နိုင်ငံခြားငွေအဟောင်းအနွမ်းများအား လက်ခံယူငင်ပေးရန် သက်ဆိုင်ရာမှတရားဝင်အမိန့်ထုတ်ပြန်သင့်သည်ဟု ခရီးသွားလုပ်ငန်းကုမ္ပဏီများက အကြံပြုပြောကြားသည်။
´´တစ်ကမ္ဘာလုံးလက်ခံသုံးစွဲနေသည့် အမာခံနိုင်ငံခြားငွေ Hard Currency အသစ်အဟောင်းတွေကို မြန်မာနိုင်ငံကလွဲလို့ ကြိုက်ရာပြည်ပ ဘဏ်တွေ (Money Changer ) မှာ လဲပေးနေပေမယ့် မြန်မာနိုင်ငံကဘဏ်တွေ၊ ဟိုတယ်၊ Money Changer၊ လေယာဉ်လက်မှတ်အရောင်းဌာန၊ ၀င်ကြေးကောက်ခံ တဲ့နေရာတွေမှာ အနာအဆာကင်းတဲ့ နိုင်ငံခြားငွေပဲယူတယ်၊ ဒီတော့ ပြည်တွင်းမှာဝင်လာတဲ့ ကမ္ဘာလှည့်ခရီးသွားတွေအတွက် သုံးစရာငွေမရှိတော့ဘူး။ သုံးစရာမရှိတော့ ပိုက်ဆံအဟောင်းသုံးလို့မရတဲ့ မြန်မာနိင်ငံခရီးစဉ်တွေဖျက်ပြီး ပိုက်ဆံအဟောင်းသုံးလို့ရတဲ့ အခြားနိုင်ငံကိုပဲ သွားလည်ကြလို့၊ ကိုယ့်နိုင်ငံကရသင့်တဲ့ နိုင်ငံခြားငွေဆုံးရှုံးပါတယ်´´ဟု ပတ္တမြားမြေခရီးသွားလုပ်ငန်းမှ MD ဦးအေးကျော်က ပြောသည်။
အဆိုပါ နိုင်ငံခြားငွေအဟောင်းအနွမ်းအား ပြည်တွင်းတွင်သုံးစွဲ၍ မရသဖြင့် ကမ္ဘာလှည့်ခရီးသွားများမှာ ဆောလျင်စွာပြန်လည်ထွက်ခွာကြသဖြင့်
မြန်မာနိုင်ငံ၏ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမှာ သိသိသာသာတိုးတက်မှုမရှိခြင်း အကြောင်းအရင်းများတွင် ပါဝင်နေသည်ဟုသိရသည်။ ခရီးသွား လုပ်ငန်းများပိုမိုတိုးတက်စေရန် မြန်မာနိုင်ငံရှိဘဏ်များ၊ နိုင်ငံခြားငွေရောင်းဝယ်လဲလှယ်ကောင်တာများ၊ ဟိုတယ်၊ လေယာဉ်လိုင်းစသည့်
နိုင်ငံခြားငွေကြေးဖြင့် အဓိက ထိတွေ့လုပ်ကိုင်ရသည့်နေရာများတွင် နိုင်ငံခြားငွေအဟောင်းများ မယူမဖြစ်လက်ခံရန် ညွှန်ကြားချက်ထုတ်ပြန် သင့်သည်ဟု ယင်းက အကြံပြုပြောကြားသည်။
နိုင်ငံခြားငွေဖြင့်လက်ခံဆောင်ရွက်သည့် နေရာအနှံအပြားတွင် ၀န်ထမ်းများလက်ခံထားသောနိုင်ငံခြားငွေမှာ ပြည်တွင်း၌သုံးစွဲ၍ မရပါက
လက်ခံသောဝန်ထမ်းများ၏လစာဖြင့် ပေးလျော်ရသည်ဟု ၀န်ထမ်းများကပြောသည်။ ခရီးသွားလုပ်ငန်းများမှာ ၀င်ငွေတိုးတက်စေရန် လုပ်ငန်းရှင်များအနေဖြင့် ပြည်တွင်း၌သုံးစွဲမရသော ဒေါ်လာအဟောင်းအနွမ်းများအား လက်ခံယူငင်ပေးနိုင်ရန် လိုအပ်နေကြောင်းသိရသည်။
ဖြိုးဝေ ( the street view journal)
From သစ်ထူးလွင်(MNN)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1