Tuesday, February 7, 2012

မှန်​နေရင်လည်း​ လက်ခုပ်တီး​ပြီး​ လက်ခံရမှာ​ပေါ့

November | 2/07/2012 09:30:00 PM | Best Blogger Tips
လာမယ့်​ ဧပြီ ၁ရက် ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ ရန်ကုန်တိုင်း​ ​ကော့​မှူး​မြို့​နယ် မဲဆန္ဒနယ်မှာ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် (NLD)ပါတီ ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ယှဉ်ပြိုင်မယ့်​ ပြည်​ထောင်စုကြံ့​ခိုင်​ရေး​နဲ့​ဖွံ့​ဖြိုး​ရေး​ပါတီ ကိုယ်စား​လှယ်​လောင်း​ ​ဒေါက်တာ စိုး​မင်း​ကို ဆက်သွယ်​မေး​မြန်း​ထား​ပါတယ်။
ဒေါက်တာစိုး ​မင်း​က ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ယှဉ်ပြိုင်မယ်ဆို​တော့​ အား​လုံး​ စိတ်ဝင်စား​ကြတယ်။ ပြည်တွင်း​ရော ပြည်ပပါ။ ဆရာ့​အ​ကြောင်း​လေး​လည်း​ အရင်မိတ်ဆက်​ပေး​ပါလား​။

ဒေါက်တာစိုး မင်း
“ကျ​နော်က​ တော့​ ၁၉၆၂ ခုက ကန်ဘဲ့​ စမ်း​ရွာ ​ကျေး​ရွာမှာ ​မွေး​ဖွား​ခဲ့​တယ်။ မိဘ​တွေက ရန်ကုန်တက်ပြီး​ အလုပ်လုပ်တဲ့​အခါ ၅ နှစ် သား​လောက်မှာ ရန်ကုန်တက်လာပြီး​တော့​ အထက (၁) လမ်း​မ​တော် စိန်ဂျွန်း​မှာ ​ကျောင်း​စ​နေတယ်။ ၉ တန်း​၊​ ၁၀ တန်း​ကို အထက (၁) လမ်း​မ​တော်မှာ ပြန်တက်တယ်။
၇၈ မှာ ၁၀ တန်း​အောင်တယ်။ ၁၉၈၁ ခုနှစ်မှာ ​ဆေး​တက္ကသိုလ်(၁) ကို​ရောက်ပါတယ်။ ၁၉၈၆ ခုနှစ်မှာ ဘွဲ့​ရတယ်။ ဘွဲ့​ရပြီး​တော့​ အ​ရေး​အခင်း​ကာလနဲ့​ သွား​တိုး​တယ်။ အဲဒီက​နေ ပြည်သူ့​စစ်မှုထမ်း​ ဆရာဝန်ဖြစ်လာတယ်။ စစ်မှုထမ်း​ရတယ်။ ၃ နှစ် စစ်မှုထမ်း​ပြီး​တော့​ ဗိုလ်ကြီး​ဖြစ်လာတယ်။ ဘွဲ့​လွန်ယူခဲ့​တယ်။ စစ်မှုထမ်း​ပြီး​ ဗိုလ်ကြီး​အဆင့်​နဲ့​ လာယူတာပါ။ ​ဆေး​တက္ကသိုလ် (၁) က ယူတာပါ။ အ​ထွေ​ထွေ​ရောဂါ အထူး​ကုအ​နေနဲ့​ ​ဆေး​ခန်း​ဖွင့်​ပြီး​တော့​ ဆရာ့​ရဲ့​ အသက်​မွေး​ဝမ်း​ကြောင်း​ လုပ်​နေပါတယ်။”
ဒေါက်တာစိုး​မင်း​ရဲ့​ နိုင်ငံ​ရေး​ဖြတ်သန်း​မှုကို အကြမ်း​ဖျင်း​လောက် ​ပြောပြ​ပေး​ပါလား​။
“အမ်း​မြို့​ မှာ တပ်သစ်​တွေ တည်ရတယ်။ ၃၇ (၁) (၂) (၃) ​ပေါ့​။ အဲဒီက​နေ မိတ္ထီလာ စစ်​ဆေး​ရုံမှာ တာဝန်ကျတယ်။ အမ်း​မှာ တာဝန်ကျတယ်။ ​တောင်ငူမှာ တာဝန်ကျတယ်။ ​တောင်ငူ စစ်​ဆေး​ရုံက​နေ အ​ရှေ့​ဘက် ​ဘောဂလိကြီး​ အ​ရှေ့​ဘက်ခြမ်း​တွေမှာ တာဝန်​တွေ ထမ်း​ဆောင်ခဲ့​တယ်။ ​နောက်ပြီး​ မုန်း​ထော်၊​ မုန်း​ထ ​ဒေသ ရှမ်း​ပြည်ရဲ့​တောင်ပိုင်း​၊​ ​နောက်ဆုံး​မှာ​တော့​ ကျိုင်း​တုံ အမှတ် (၁၂) စစ်​မြေ ​ဆေး​တပ်ရင်း​မှာ ​ခေတ္တတပ်ရင်း​မှူး​နဲ့​ ပင်စင်ယူခဲ့​တယ်။ ဗိုလ်မှူး​အဆင့်​နဲ့​ပေါ့​။ အဲဒီက​နေ စည်ပင်သာယာမှာ ခရိုင်ကျန်း​မာ​ရေး​ အရာရှိ​ပေါ့​။ ကျန်း​မာ​ရေး​ ဌာနမှာ တာဝန် ဆက်ထမ်း​ဆောင်တယ်။”
ပြည်​ထောင်စု ကြံ့​ခိုင်​ရေး​နဲ့​ ဖွံ့​ဖြိုး​ရေး​ပါတီကို ဘာ​ကြောင့်​ ဝင်ဖြစ်တာလဲ။
“အဲဒီမှာ​ နေရင်း​နဲ့​ ဖြိုး​စေတနာ ​ဆေး​ကုခန်း​တွေ ​ပေါ်လာတယ်။ အဲဒီအချိန်မှာ စည်ပင်မှာ တာဝန်ထမ်း​ဆောင်ရင်း​ လုပ်အား​ပေး​ဖို့​ဆိုပြီး​ ​မြောက်ဥက္ကလာ ၂ ရပ်ကွက်မှာ ဖြိုး​စေတနာ ​ဆေး​ခန်း​တွေကို တာဝန်ယူပြီး​ လုပ်​ဆောင်​ပေး​ရတယ်။ စည်ပင်ကထွက် အနား​ယူလိုက်ပြီး​တော့​ ၂၀၁၀ ထဲမှာ ပါတီဝင် ဖြစ်သွား​တယ်။ ဖြိုး​စေတနာ ​ဆေး​ခန်း​တွေ ​ဆောင်ရွက်ရင်း​နဲ့​ပဲ ယ​နေ့​မှာ ပစ္စုပ္ပန်ကာလ တာဝန် ​ပေါ်လာတာ​ပေါ့​။”
ဘာ​ကြောင့်​ ကြား​ဖြတ် ​ရွေး​ကောက်ပွဲကို ဝင်ဖို့​ ဆုံး​ဖြတ်လိုက်ရတာလဲ၊​ ​ဒေါက်တာစိုး​မင်း​ရဲ့​ နိုင်ငံရး​ ခံယူချက်ကို သိပါရ​စေ။
“နံပါတ်တစ်က​ တော့​ ​ကော့​မှူး​ဒေသသား​ ဖြစ်​နေတယ်။ ကိုယ့်​ဒေသကို​တော့​ ဒလ​တောကြီး​တန်း​လို့​ ​ခေါ်တယ်။ သမိုင်း​မှာ အဲဒီအတိုင်း​ ​ခေါ်တယ်။ အဲဒီ​ဒေသသား​ ဖြစ်တာ တ​ကြောင်း​၊​ ဆရာဝန် ဖြစ်​နေတာလည်း​ တ​ကြောင်း​ပေါ့​။ ​ဒေသခံသား​ ဆရာဝန် တဦး​အ​နေနဲ့​ နိုင်ငံ​ရေး​ကို ဝင်​ရောက်လှုပ်ရှား​ဖို့​အတွက် တာဝန်ယူဖို့​ အစီအစဉ် ဖြစ်လာတယ်။ ​လျှောက်လွှာတင်​တော့​လည်း​ ပါတီက လူကြီး​တွေက ကိုယ့်​ကို​ရွေး​ချယ်ပြီး​ ခွင့်​ပြု​ပေး​လိုက်တယ်။”
ပါတီက ​နေ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ယှဉ်ပြိုင်ဖို့​ ဘာ​ကြောင့်​ရွေး​ခဲ့​လဲ။ ၂၀၁၀ တုန်း​က မပြိုင်ဘဲနဲ့​ အခု ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာမှ ဘာ​ကြောင့်​ ယှဉ်ပြိုင်ဖို့​ ပါတီက ​ရွေး​ခဲ့​တယ်လို့​ ထင်လဲ။
“၂၀၁၀ တုန်း​က​တော့​ ပြည်ခိုင်ဖြိုး​စေတနာ လူမှု​ရေး​လုပ်ငန်း​တွေပဲ အား​သွန်ခွန်စိုက် လုပ်​နေတယ်။ အခုကျ​တော့​ ကိုယ့်​ရဲ့​အသိုင်း​အဝန်း​ပေါ့​။ ဆရာသမား​တွေကလည်း​ အခု ဖြိုး​စေတနာ ​ဆေး​ခန်း​မှာ တာဝန်ခံ ဆရာဝန်ကြီး​တွေ အဖြစ်နဲ့​လည်း​ တာဝန် ထမ်း​ဆောင်​နေကြတယ်။ သူတို့​ရဲ့​ လိုလား​ချက်အရ ဆရာဝန် တဦး​လည်း​ ဖြစ်ရမယ်၊​ ​ဒေသခံလည်း​ဖြစ်ရမယ်။ ​ရွေး​ချယ်​တော့​ ကိုယ့်​ကို ​တွေ့​ကြတယ်။ အဲလိုနဲ့​ ​ခေါ်ယူ ​ဆွေး​နွေး​တော့​ ကိုယ်လည်း​ ​လျှောက်လွှာတင်လိုက်တယ်။ ကိုယ်လည်း​ အဲဒါ​ကြောင့်​ အခုမှ ဝင်ဖြစ်တာ​ပေါ့။”
ပြည်တွင်း ​ပြည်ပမှာ လူသိများ​တဲ့​ ဩဇာရှိတဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်လို ပုဂ္ဂိုလ်မျိုး​နဲ့​ ယှဉ်ပြိုင်ရ​တော့​ ဘယ်လိုခံစား​ရလဲ။ ​ရွေး​ကောက်ပွဲမှာ အနိုင်ရဖို့​ ကိုယ့်​ဘက်က ဘယ်လိုမျိုး​တွေ ပိုပြီး​တော့​ အား​ထုတ်ပြင်ဆင်ထားလဲ။
“အစ်မဆိုတာလည်း ​ ​ပြောပြရင် ဗိုလ်ချုပ်​အောင်ဆန်း​ဆိုတာ က​လေး​ဘဝကတည်း​က ကြည်ညိုခဲ့​ရတဲ့​ပုဂ္ဂိုလ်၊​ ကိုယ်တို့​ရဲ့​ နိုင်ငံလွတ်လပ်​ရေး​ဖခင်ကြီး​၊​ သူက​မွေး​ဖွား​တဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်က သူက တိုင်း​ပြည်အကျိုး​ကို ​ရှေ့​ရှုပြီး​တော့​ လုပ်​နေမှာပဲ။ ဒါက​တော့​ ကိုယ်လည်း​ ဒီလိုပဲ မြင်တယ်။ တဘက်ကလည်း​ ကိုယ်တို့​ရဲ့​ ခံယူချက် ယုံကြည်ချက်​ပေါ့​။ တနည်း​အား​ဖြင့်​ ​ပြောမယ်ဆိုရင် ကိုယ်က ၁၉၆၂ ခုနှစ်မှာ ​မွေး​တယ်။ မြန်မာ့​ဆိုရှယ်လစ် လမ်း​စဉ် ပါတီ​ခေတ်ကြီး​မှာ ​မွေး​တယ်။ ​တောက်​လျှောက် ​ခေတ်​တွေ အကုန်လုံး​မှာ ​ကျောင်း​သား​ဘဝ​ကော၊​ ဝန်ထမ်း​ဘဝ​ရော၊​ အမျိုး​စုံကိုယ်လည်း​ ဖြတ်သန်း​ခဲ့​တယ်။ ​ခေတ်ရဲ့​ ​ကောင်း​ကျိုး​ ဆိုး​ကျိုး​တွေကိုလည်း​ မြင်တယ်။ မြင်တဲ့​အပြင်ကို တိုင်း​ပြည်တခုလုံး​နဲ့​ ခြုံ​ပြောရရင် ကိုယ်တို့​တိုင်း​ပြည်က အရမ်း​ကို ဟိုဘက်ဒီဘက် ​ဘေး​အန္တရာယ်များ​တယ် (risky) ဖြစ်တယ်။ ပထဝီနိုင်ငံ​ရေး​အရလည်း​ အင်အား​ကြီး​နိုင်ငံ နှစ်ခုကြား​မှာ ရှိတယ်ဆို​တော့​ ​တော်​တော် ထိန်း​သိမ်း​နိုင်မှ ​တော်ရာကျမယ်။ နိုင်ငံ​ရေး​အမြင်နဲ့​ ​ပြောရမယ်ဆိုရင် ကိုယ်တို့​ တိုင်း​ပြည်သည် ထိန်း​ထိန်း​သိမ်း​သိမ်း​နဲ့​ သွား​နိုင်မှ ​တော်ရာကျမယ်။ ကိုယ့်​အား​ကိုယ်ကိုး​ ကိုယ့်​အချုပ်အချာ အာဏာကို ကိုယ့်​ဟာကိုယ် ထိန်း​သိမ်း​ထား​။ ကိုယ့်​ ပြည်တွင်း​စီး​ပွား​ရေး​ကို ကိုယ့်​ဟာကိုယ် တိုး​တက်​အောင်လုပ်၊​ နိုင်ငံခြား​က အကူအညီယူတယ် ဆိုတာလည်း​ ​နှောင်ကြိုး​မဲ့​ အကူအညီ​တွေနဲ့​၊​ ကိုယ့်​ဟာကိုယ် ကြိုး​စား​နိုင်မှ ​တော်ကာကျမယ်။ တနည်း​အား​ဖြင့်​ ​ပြောမယ်ဆိုရင် ဗိုလ်ချုပ်​ပြောသလို ကုန်း​ရုန်း​လုပ်နိုင်မှ ဆိုတဲ့​ စကား​လုံး​တွေ ရှိတယ်။ အဲဒီလိုလမ်း​ကြောင်း​ပေါ်မှာ ​လျှောက်နိုင်ဖို့​အတွက် ဆိုသည်မှာ နိုင်ငံ​ရေး​ခံယူချက်နဲ့​ မှန်မှန်ကန်ကန် မြင်ဖို့​လိုတယ်။ ကိုယ်တို့​ကလည်း​ ကိုယ့်​ရဲ့​ခံယူချက်၊​ ယုံကြည်ချက်နဲ့​ပဲ ချီတက်​နေတယ်။ ​ဒေါ်​အောင်ဆန်း​စုကြည်လည်း​ ကိုယ့်​ရဲ့​ခံယူချက် ယုံကြည်ချက်နဲ့​ပဲ ချီတက်​နေတယ်။ အဓိက​တော့​ မိဘပြည်သူ​တွေက အရမ်း​ရိုး​သား​ကြတယ်။ သူတို့​မှာ ဘာတခုမှ အပူအပင်မရှိဘူး​။ အဲဒီလူ​တွေကို မလိမ်ချင်ဘူး​။ မဖြစ်နိုင်တာလည်း​ မ​ပြောချင်သလို၊​ ကိုယ့်​အား​ကိုယ်ကိုး​တဲ့​ စိတ်ဓာတ်ကို သင်​ပေး​ချင်တယ်။ အဲဒါ​ကြောင့်​ ဒီလမ်း​ကြောင်း​ပေါ်မှာ ​လျှောက်ဖြစ်​နေတဲ့​ သ​ဘောပဲ။”
ခုန ​ပြောတဲ့​ ​ဖြေကြား​ချက်တခုကို ပြည်တွင်း​ ဂျာနယ်တခုမှာ ဖတ်ခဲ့​ရတယ်။ သူ​ရေး​ထား​တာ သိပ်မရှင်း​လင်း​ဘူး​ ဖြစ်​နေတယ်။ သူ​ရေး​ထား​တဲ့​ အတိအကျဆိုရင် ဖြူစင်တဲ့​ ပြည်သူ​တွေကို စည်း​ရုံး​တဲ့​သူ​တွေက ဖြူစင်စွာနဲ့​ပဲ ပြည်သူ​တွေကို မလိမ်ဘဲနဲ့​ စည်း​ရုံး​ပြောကြား​ရမှာလို့​ ​ပြောထား​တယ်။ နှစ်ခါ ကျွန်ဖြစ်မခံကြ​ပေမယ့်​ ပြည်သူ​တွေကို ဘယ်သူမှ မလိမ်ရဲပါဘူး​လို့​ ​ပြောတာက အဲဒါဘာကိုဆိုလိုတာလဲ။ တချို့​လူ​တွေက ဒါကို အဓိပ္ပာယ်ဖွဲ့​ဆိုတာ ​ဒေါ်​အောင်ဆန်း​စုကြည်ကို မဲ​ပေး​ရင် နှစ်ခါ ကျွန်ဖြစ်မယ်ဆိုတဲ့​ သ​ဘောမျိုး​ ​ပြောဆို​ဝေဖန်​နေကြတာ ကြား​တယ်။ အဲဒါ​လေး​ကို ရှင်း​ပြ​ပေး​ပါလား​။
“​ဒေါ်​ အောင်ဆန်း​စုကြည်ဆိုရင် ကိုယ့်​ရဲ့​ အစ်မ အ​ဒေါ် အရွယ်ပါ။ အစ်မကိုလည်း​ ဘာတခုမှ ပုတ်ခတ်စရာ အ​ကြောင်း​မရှိဘူး​။ အစ်မ ​လျှောက်​နေတဲ့​ လမ်း​ကြောင်း​ပေါ်မှာ ကိုယ်တို့​ဘာမှ ​ပြောစရာမရှိဘူး​။ တဘက်ကလည်း​ ကိုယ့်​ပြည်သူ​တွေရဲ့​ အနာဂတ်အ​ရေး​က ကိုယ်တို့​ရဲ့​ဘက် ကိုယ်တို့​ရဲ့​အမြင်​ပေါ့​။ ဖြတ်သန်း​လာတဲ့​ ​ခေတ်ရဲ့​ ဆိုး​ကျိုး​တွေ ကိုယ်တို့​သိတယ်။ ​ကောင်း​ကျိုး​တွေလည်း​ ကိုယ်တို့​သိတယ်။ အ​ကောင်း​အဆိုး​တွေလည်း​ ဒွန်တွဲ​နေတယ်။ ဘာလို့​လဲဆို​တော့​ ပြည်သူ​တွေ နား​လည်​အောင် ပြည်သူ​တွေမှာ အာဏာရှိတာကို၊​ သူတို့​က ကိုယ့်​ကို ခန့်​မှ ကိုယ်က တာဝန်ယူ​ပေး​ရမှာကို၊​ ပြည်သူ​တွေ လက်ထဲမှာ အာဏာရှိတဲ့​အတွက် ပြည်သူ​တွေက သူတို့​ အာဏာကို အသုံး​ချမှား​မှာ တချက် စိုး​တယ်။ အဲ​တော့​ အာဏာတခုကို အသုံး​ချဖို့​အတွက်ဆိုရင် အမြင်မှန်ဖို့​လိုတယ်။ အ​တွေး​အ​ခေါ်လိုတယ်။ ဒါ​ပေမယ့်​ တို့​ပြည်သူ​တွေမှာ အများ​ကြီး​ ​လေ့​ကျင့်​သင်ကြား​ ​ပေး​ရဦး​မယ်။ နိုင်ငံ​ရေး​အ​ကြောင်း​ကို သူတို့​တွေသိတယ် ဆို​ပေမယ့်​လည်း​ ​လေ့​ကျင့်​ သင်ကြား​ထား​တဲ့​ သူ​တွေ​လောက် မသိ​လောက်ဘူး​။ အဲ​တော့​ သူတို့​တွေ ဆုံး​ဖြတ်ချက် မှား​သွား​မယ်။ ဥပမာ ကျွန်ဖြစ်တယ်ဆိုတဲ့​ စကား​လုံး​ပြောပြမယ်။ အဓိပ္ပာယ် ဖွင့်​ဆိုချက်က အများ​ကြီး​ရှိတယ်။ ကိုယ့်​တို့​ ​တောမှာ ဆန်စက်ပိုင်ရှင်သည် ပိုင်ရှင်၊​ သူ့​ရဲ့​သား​သည် နိုင်ငံခြား​သွား​ အလုပ်လုပ်ရင် သူက ဟိုမှာ လုပ်ငန်း​ရှင်​တော့​ ဖြစ်မှာ မဟုတ်ဘူး​။ အလုပ်သမား​ပဲ ဖြစ်မှာပဲ။ ဒီသ​ဘောတရား​ပဲ။ ကိုယ်ပိုင်လုပ်ငန်း​နဲ့​ သူများ​ဆီမှာ လုပ်တဲ့​လုပ်ငန်း​၊​ နိုင်ငံ​ရေး​အရ ကျွန်ဖြစ်မယ့်​ကိစ္စ​တွေ သူများ​ခိုင်း​တာ လုပ်ရမယ့်​ကိစ္စ​တွေ စီး​ပွား​ရေး​အရ သူများ​ကုမ္ပဏီမှာ အမှုထမ်း​ရမယ့်​ကိစ္စ​တွေ ကိုယ့်​နိုင်ငံရဲ့​ ကိုယ့်​ရဲ့​ကိုယ်ပိုင်ကုမ္ပဏီ​တွေ ကိုယ့်​ရဲ့​နိုင်ငံမှာ မြန်မာ​တွေပိုင်တဲ့​ ကုမ္ပဏီ​တွေ မြန်မာ​တွေပိုင်တဲ့​ အလုပ်​တွေ၊​ မြန်မာ​တွေပိုင်တဲ့​ စီး​ပွား​ရေး​လုပ်ငန်း​တွေ ဖြစ်​ပေါ်လာ​စေချင်တယ်။ ကိုယ့်​ရဲ့​ဆန္ဒ​ပေါ့​။ အဲ့​လိုဖြစ်​ပေါ်လာဖို့​ ကိုယ့်​ဟာကိုယ် ကြိုး​စား​မှဖြစ်မှာ။ သူများ​ကုမ္ပဏီ​တွေ လာပြီး​အလုပ်လုပ်လို့​ ကိုယ်တို့​ သယံဇာတ​တွေ သုံး​သွား​လို့​ရှိရင် ဘယ်သူမဆို စီး​ပွား​ရေး​သမား​ဆိုတာ အမြတ်မရှိရင် မလုပ်ဘူး​။ ကိုယ်တို့​တွေက အလုပ်သမား​ဘဝနဲ့​ပဲ တပြည်လုံး​ ​နေသွား​ရမယ်ဆိုရင် ဒီဟာလည်း​ စီး​ပွား​ရေး​အရ ကျွန်ပဲ​လေ။ အဲဒီ နှစ်ခုကို ​တွေး​ကြည့်​ပြီး​တော့​ တချိန်တုန်း​ကလည်း​ အင်္ဂလိပ်​တွေ​ကြောင့်​၊​ လာတိုက်လို့​ ဗိုလ်ချုပ်​အောင်ဆန်း​ ကစပြီး​တော့​ အသက်​တွေ အများ​ကြီး​ပေး​ပြီး​တော့​ ကိုယ်တို့​တွေ လွတ်လပ်​ရေး​ ပြန်ယူခဲ့​ရ ပြီး​ပြီ။ ပြည်တွင်း​စစ်ကြီး​ကိုလည်း​ အသက်​တွေ အများ​ကြီး​ ​ပေး​ပြီး​တော့​ ကိုယ်တို့​ ပြန်ငြိမ်း​ချမ်း​အောင် လုပ်ခဲ့​ရပြီး​ပြီ။ ကိုယ်တို့​ စစ်မှုထမ်း​ဆို​တော့​ ပိုဆိုး​တယ်။ မြင်​တွေ့​နေရတာ​တွေ အကုန်လုံး​က ဟိုဘက်​ကော ဒီဘက်​ကော ​သေကြ​ကျေကြနဲ့​ ကြည့်​မ​ကောင်း​ဘူး​။ အဲဒီဘဝ​တွေကို ပြန်မသွား​ချင်ဘူး​။ ဒါ​ကြောင့်​မို့​ နှစ်ခါ ကျွန်ဖြစ်တယ်ဆိုတာ တခါက အုပ်ချုပ်​ရေး​အရ ကျွန်ဖြစ်ခဲ့​ပြီး​၊​ ဒုတိယအကြိမ် စီး​ပွား​ရေး​အရ ကျွန်မဖြစ်ချင်ဘူး​။ အဲဒါ​တွေကို ပြည်သူ​တွေ နား​လည်​အောင် ရှင်း​ပြ​နေရတာပါ။”
တကယ်လို့ ​များ​ ​ဒေါက်တာစိုး​မင်း​ အ​နေနဲ့​ အ​ရွေး​ခံရမယ်ဆိုရင် လွှတ်​တော်အမတ် တဦး​အ​နေနဲ့​ တိုင်း​ပြည်​ကောင်း​ကျိုး​ကို အထူး​သဖြင့်​ ကိုယ်စား​ပြုတဲ့​ ​ကော့​မှူး​မြို့​နယ်က မဲဆန္ဒရှင်​တွေရဲ့​ ဘဝ​တွေ တိုး​တက် ​ကောင်း​မွန်ဖို့​အတွက် ဘာ​တွေ လုပ်​ပေး​သွား​မယ်လို့​ စိတ်ကူး​ထား​လဲ။
“ကိုယ့်​ရဲ့​ မိဘပြည်သူ​တွေကို နံပါတ်တစ်က​တော့​ ကိုယ့်​ဘဝနဲ့​ ကိုယ်ချင်း​စာပြီး​တော့​ အဲဒီမှာရှိတဲ့​ ​နောက်ထပ် ​ပေါ်​ပေါက်လာတဲ့​ လူငယ်​လေး​တွေ၊​ လမ်း​မှား​ရောက်​နေတဲ့​ လူငယ်​တွေ၊​ နိုင်ငံခြား​အဝတ်အစား​ဝတ်ပြီး​ ​ပေါက်ကရလုပ်​နေတဲ့​ လူငယ်​တွေ၊​ အရက်​တွေ မူး​ယစ်​ဆေး​ဝါး​တွေ ​သောက်စား​သုံး​စွဲပြီး​ ပျက်စီး​နေတဲ့​ လူငယ်​တွေလည်း​ ​တွေ့​ရတယ်။ သူများ​နိုင်ငံ​တွေမှာ သွား​ပြီး​တော့​ အလုပ်လုပ်​နေရတဲ့​ လူငယ်​တွေလည်း​ ​တွေ့​ရတယ်။ အကုန်လုံး​ကို ​တွေ့​နေရတယ်။ အဲဒါအညွန့်​လေး​တွေပဲ။ အဲဒါကိုယ်နဲ့​အတူ ကိုယ်ချင်း​စာပြီး​ ပညာ​ရေး​တွေ ဆုံး​ခန်း​တိုင်​အောင် ပညာ​ရေး​ထောက်ပံ့​မှု အဖွဲ့​အစည်း​တွေနဲ့​ ကိုယ်တ​ယောက်တည်း​ မနိုင်ရင်လည်း​ အဖွဲ့​အစည်း​တွေနဲ့​ လုပ်ရမှာ​ပေါ့​။ နံပါတ်တစ် ဘဝထွက်​ပေါက်ဖြစ်တဲ့​ ပညာ​ရေး​၊​ ပညာ​ရေး​မှာမှ ဆယ်တန်း​ကိုလည်း​ ထူး​ချွန်စွာ ​အောင်မြင်ပြီး​ တက္ကသိုလ်က ဘွဲ့​တွေရရမယ်။ အဲဒီက​နေ ကိုယ်ထူး​ချွန်ရင် နိုင်ငံခြား​မှာ​တောင် ပညာသွား​သင်နိုင်​အောင် ​ထောက်ပံ့​ပေး​နိုင်တဲ့​အထိ ပညာ​ရေး​မှာ ကိုယ်တို့​ ဝိုင်း​ကြိုး​စား​ပေး​ရမှာ​ပေါ့​။ ဒါဆိုရင် မျိုး​ဆက်တဆက်က မြင့်​ပြီ​ပေါ့​။ စီး​ပွား​ရေး​က ကိုယ်တို့​ဒေသမှာ တဘက်က လယ်ကွင်း​တွေနဲ့​၊​ ဆန်၊​ စပါး​ထွက်တယ်။ တဘက်မှာ​တော့​ တွံ​တေး​ ​တောကြီး​တန်း​ ဆို​တော့​ ခြံလုပ်ငန်း​တွေရှိတယ်။ အဲ​တော့​ ခြံလုပ်ငန်း​တွေနဲ့​ကော၊​ ဆန်စပါး​ လုပ်ငန်း​တွေနဲ့​ကော ကမ္ဘာ့​အဆင့်​မီလာ​အောင် နည်း​ပညာ​တွေ အများ​ကြီး​လို​သေး​တယ်။ အရင်း​အနှီး​တွေလည်း​ အများ​ကြီး​လို​သေး​တယ်။ ဒါ​တွေကို ကိုယ်တို့​ဒေသကလူ​တွေ ပိုနား​လည်ပြီး​တော့​ ပိုပြီး​တော့​ စီး​ပွား​ရေး​ဆန်ဆန် တိုး​တက်လာ​အောင် အဲဒါ​တွေကို ဆက်​ဆောင်ရွက်သွား​မယ်။ တနည်း​အား​ဖြင့်​ ကိုယ်က ပါတီတရပ်ကို ကိုယ်စား​ပြုတဲ့​အတွက် ပါတီကိုလည်း​ ဒါ​တွေကို တင်ပြရမယ်။ နိုင်ငံ​တော်ကိုလည်း​ တင်ပြရမယ်။ ကြား​ခံ​ပေါ့​။ အ​ပေါ်လည်း​တင်ပြမယ်။ ​အောက်ကိုလည်း​ ရှင်း​ပြသွား​မယ်။ ကိုယ်ယူဆပါတယ်။”
ဒေါ်​အောင်ဆန်း​စုကြည်ထက်စာရင် ​ဒေါက်တာစိုး​မင်း​ကို ဘာ​ကြောင့်​မဲ​ပေး​သင့်​သလဲလို့ ပြည်သူ​တွေက ​မေး​လာရင် ဘယ်လိုဖြေမလဲ။
“ပြည်သူ​ တွေရဲ့​ ဆန္ဒမဲဆိုတဲ့​အတွက် ပြည်သူ​တွေရဲ့​ ဆန္ဒ​ပေါ်မူတည်တယ်။ အဲ​တော့​ ​ရှေ့​ဖြစ်လာမယ့်​ကိစ္စ​တွေအဝဝကို ဒီပြည်သူ​တွေရဲ့​ ဆန္ဒကပဲ သမိုင်း​ကို​ရေး​ပြီး​ ဆုံး​ဖြတ်သွား​မယ့်​ အ​နေအထား​မှာ ရှိပါတယ်။ ပြီး​တော့​ သမိုင်း​တခုကို ​ရေး​မယ့်​ပြည်သူ​တွေ အ​နေနဲ့​ ကိုယ့်​ကိုမဲ​ပေး​ပါ၊​ သူ့​ကိုမဲ​ပေး​ပါလို့​ ကိုယ်​တော့​မ​ပြောဘူး​။ သို့​သော်လည်း​ ကိုယ်သည် ကိုယ့်​ရဲ့​ မဲဆန္ဒရှင်​တွေနဲ့​တွေ့​တိုင်း​ ကိုယ်တို့​ရဲ့​ တိုင်း​ပြည်ရဲ့​ သမိုင်း​ကြောင်း​၊​ ​ဒေသရဲ့​ သမိုင်း​ကြောင်း​၊​ ကိုယ်တို့​ ဦး​တည်ရမယ့်​ လမ်း​ကြောင်း​၊​ သူတို့​ကို အသိပညာ​ပေး​တယ်။ ​ပြောသင့်​တာ​တွေ ​ပြောတယ်။ သိသင့်​တာ​တွေကို အသိ​ပေး​မယ်။ အဲဒီက​နေ ပြီး​တော့​မှ သူတို့​ရဲ့​ ဆုံး​ဖြတ်ချက်အတိုင်း​ သူတို့​ဆုံး​ဖြတ်ချက်နဲ့​ ကိုယ်လက်ခံမယ်။ အဲဒီဆုံး​ဖြတ်ချက်သည် တကယ်လို့​ အစွန်း​ရောက်သွား​ရင်လည်း​ ကိုယ်ပြန်တည့်​ဖို့​ အချိန်​တွေ အများ​ကြီး​ ရှိပါ​သေး​တယ်။ ​စောင်း​သွား​ရင်လည်း​ ပြန်တည့်​ပေး​မယ်။ မှန်​နေရင်လည်း​ လက်ခုပ်တီး​ပြီး​ လက်ခံရမှာ​ပေါ့​။”
From DVB

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1