
ပဒိုမန်း ငြိမ်း မောင်
အာဏာပိုင်
တွေက တရားမစွဲပါဘူးဆိုတဲ့ ကတိပေးပြီး သူ့ကို သေဒဏ်ကျနိုင်တဲ့ 
အမှုနဲ့ တရားစွဲဆိုထားတဲ့အတွက် ကေအန်ယူခေါင်းဆောင်တဦးဖြစ်သူ 
ပဒိုမန်းငြိမ်းမောင် စိတ်မကျန်းမာ ဖြစ်နေတယ်လို့ သူ့ရဲ့ရှေ့နေ 
ဦးကြီးမြင့်က ပြောပါတယ်။
ကရင်အမျိုး
သားအစည်းအရုံး (ကေအန်ယူ) ဗဟိုကော်မတီဝင်တဦးဖြစ်သူ 
ပဒိုမန်းငြိမ်းမောင်ကို အစိုးရက နိုင်ငံတော်ပုန်ကန်မှု၊ မတရားအသင်း 
ဆက်သွယ်မှု ပုဒ်မနှစ်ခုနဲ့ စွဲဆိုချက်အပေါ် အင်းစိန်ထောင်တွင်း 
အထူးတရားရုံးမှာ ဒီနေ့ ရုံးထုတ် စစ်ဆေးပါတယ်။
ဒီကနေ့ တရားခွင်ကို ရောက်ရှိတဲ့ ပဒိုမန်းငြိမ်းမောင်ရဲ့ ရှေ့နေ ဦးကြီးမြင့်က တရားခွင်အခြေအနေကို အခုလို ပြောပါတယ်။
“ဒီနေ့ 
ပဒိုမန်းငြိမ်းမောင်ကို စစ်တာပေါ့ဗျာ။ ပဒိုမန်းငြိမ်းမောင်က 
ဘာကြောင့် ကေအန်ယူအဖွဲ့မှာ လူမျိုးစုအနေနဲ့ လက်နက်စွဲကိုင် 
ခုခံရတဲ့အကြောင်းပေါ့။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ၊ ကေအန်ယူရဲ့ 
သမိုင်းကြောင်းနဲ့ ချီပြီး ယှဉ်ပြီးတော့ သူက သက်သေထွက်ဆိုတယ်ဗျ။ 
နောက်တပတ် ကြာသပတေးနေ့ကျရင် ကျနော်တို့ပြတဲ့ သက်သေတွေ၊ 
မီးရထားဝန်ကြီး ဦးအောင်မင်းတို့၊ နေပြည်တော်က လာတဲ့ 
အရာရှိကြီးတွေ အားလုံး ၈ ယောက်ပေါ့။ သူတို့ကိုစစ်ဖို့ 
ကျနော်တို့က စာတင်ထားတယ်။ အဲဒါတွေကို တရားရုံးက ခေါ်ပေးမယ်၊ 
မပေးဘူးဆိုတာကို ကြာသပတေးနေ့ကျရင် အမိန့်ချမယ်။ ခေါ်ပေးမယ်ဆိုရင် 
ကျနော်တို့ စောင့်ရမှာပေါ့။ ခေါ်မပေးဘူးဆိုရင် နောက်တပတ်မှာ 
လျှောက်လဲချက်ပေးပြီး နောက်တချိန်းမှာ အမိန့်ချမှာဗျာ။”
ဒါ့အပြင် 
ဒီလို ငြိမ်းချမ်းရေးကာလမှာ သူ့ကို ပြစ်မှုကြီးတွေနဲ့ 
တရားစွဲဆိုတဲ့အပေါ် စိတ်မကျန်းမာကြောင်း ပဒိုမန်းငြိမ်းမောင်က 
ပြောတယ်လို့ ရှေ့နေဦးကြီးမြင့်က ဆိုပါတယ်။
“သူ့ကို 
တရားမစွဲပါဘူး။ ငြိမ်းချမ်းရေးကိစ္စတွေ ကူညီပါလို့ ပြောတယ်။ 
ငြိမ်းချမ်းရေးတွေလည်း ပဏာမ လက်မှတ်ထိုးနိုင်ပြီး။ သူ့ကို 
ပေးထားတဲ့ တရားမစွဲပါဘူး ဆိုတဲ့ ကတိကို ချိုးဖျက်ပြီးတော့ 
သူ့ကို အခုလို သေဒဏ်ထိုက်စေတဲ့ အမှုတွေနဲ့ ရုံးတင် စစ်ဆေးနေတဲ့ 
အပေါ်မှာတော့ သူ့ကို လိမ်လည်ခံရတယ်။ သူ့အပေါ်မှာ ကတိဖောက်ဖျက်ခြင်း 
ခံရတယ်လို့ ခံစားရတဲ့ အတွက်ကြောင့်မို့လို့ 
စိတ်မကျန်းမာဘူးပေါ့ဗျာ။ အဲဒါကလည်း ကျနော့်ကို အဲဒီ့လို 
ပြောပြပါဗျာတဲ့ စိတ်မကျန်းမာဘူးတဲ့ အဲဒီလို ပြောတယ်။ ပြီးတော့လည်း
 ဒီအချိန်ကြီးမှာပေါ့ဗျာ ဒီလို အခါမျိုးကြီးမှာ ဒီလို 
ပုဒ်မမျိုးတွေနဲ့ ဒီလိုဟာမျိုး မစွဲသင့်တော့ဘူးပေါ့။ 
ငြိမ်းချမ်းရေးတွေလည်းပဲ ဆောင်ရွက်နေပြီ။ အဲ့လိုမျိုးတော့ 
သူပြောတယ်။”
နိုင်ငံ
တော်ပုန်ကန်မှုဟာ တသက်တကျွန်းအထိ ထောင်ဒဏ် ချမှတ်ခံရနိုင်ပြီး 
တရားမဝင်အသင်းဖွဲ့ အမှုကတော့ ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်ကြောင်း
 ဦးကြီးမြင့်က ပြောပါတယ်။ လာမယ့် အပတ် ကြာသာပတေးနေ့မှာလည်း 
ပဒိုမန်းငြိမ်းမောင်ဘက်က သက်သေပြုမယ့်သူကို လက်ခံ၊ မခံ 
အမိန့်ချမှတ်မယ်လို့ ပြောပါတယ်။
ပဒိုမန်း
ငြိမ်းမောင်ဟာ မနှစ် နှစ်လယ်ပိုင်းက တရုတ်နိုင်ငံကို ရောက်ရှိစဉ်မှာ 
ထိုင်းနိုင်ငံကို ပြန်ဖို့ ပြည်ဝင်ခွင့် အခက်အခဲ ဖြစ်ရာကနေ အစပြုကာ 
မြန်မာအာဏာပိုင် လက်ထဲ အပ်ခံရပြီး ဖမ်းဆီး တရားစွဲခံနေရတာပါ။
အခုနှစ်ဆန်း
ပိုင်းက ကေအန်ယူနှင့် အစိုးရတို့ကြား ငြိမ်းချမ်းရေး ပဏာမ 
သဘောတူညီမှု ရရှိခဲ့ပြီးနောက် ပဒိုမန်းငြိမ်းမောင်ကို 
လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်လို့ အစိုးရဘက်က ကတိပေးခဲ့ပေမယ့် 
အခု ထောင်နှစ်ရှည်ကျခံနိုင်တဲ့အမှုနဲ့ တရားရင်ဆိုင်နေရတာပါ။
ပဒိုမန်း
ငြိမ်းမောင်ဟာ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) မှာ 
ဗဟိုကော်မတီဝင်ဖြစ်သလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၁၂) 
ဖွဲ့နဲ့ ပူးပေါင်းဖွဲ့စည်းထားတဲ့ ညီညွှတ်သော တိုင်းရင်းသား 
လူမျိုးများ ဖက်ဒရယ်ကောင်စီ မှာလည်း ကော်မတီဝင်တဦး ဖြစ်ပါတယ်။ 
From DVB 
 

 
No comments:
Post a Comment