မုံရွာမြို့ ၊ ဘူတာရုံအရှေ့ဘက် ချမ်းမြသာစည် ရပ်ကွက်၊ 
မီးရထားလိုင်းခန်းတွင် အိမ်သာကျင်းတူးရာမှ ဒုတိယကမ္ဘာစစ်ကျန်ဗုံး 
အလုံးပေါင်း (၁၃၀)တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
                                   
ဒုတိယ ကမ္ဘာစစ်ကျန်ဗုံးများအား တွေ့ရှိရစဉ်
ယခုလ (၁၄)ရက်နေ့ ညနေ(၅)နာရီခန့်က ချမ်းမြသာစည်ရပ်ကွက်၊ မြန်မာ့မီးရထား 
ဝန်ထမ်းလိုင်းခန်း ဦးဇော်လင်း ၏ နေအိမ်  အနောက်မြောက်ဘက်တွင်  
မြန်မာ့မီးရထား အိမ်သာ(၄)ခန်းတွဲ ဆောက်လုပ်ရန် အိမ်သာကျင်းအား 
ပန်ရံဦးဝင်းဇော် နှင့် လုပ်သား(၃)ယောက် တူးကြစဉ် အကျယ် ၁၆ x ၁၂ အနက် 
(၂)ပေခန့် အရောက်တွင် ထိပ်ဖူးအရှည် ၁၀ လက်မ လုံးပတ် ၁၀ လက်မ ဒလက်၎လက်မ 
စိန်ပြောင်းဗုံးဟု ယူဆရသော ၈၁ လေယာဉ်ပစ်ဗုံး(၁၂၆) လုံးနှင့် ၃၆ ခွင်းဗုံး 
(လက်ပစ်ဗုံး) (၄)လုံးတို့အား တွေ့ရှိရသဖြင့် သက်ဆိုင်ရာမှ   လာရောက် 
စစ်ဆေးကြည့်ရှု၍   ရှင်းလင်းပေးကာ ညတွင်းချင်း စစ်လက်နက်တပ်ရင်း  
အမှတ်(၇၄၇)သို့အပ်နှံ ရန် စီစဉ်ခဲ့ကြောင်း သိရသည်။
From ရန်ကုန်တိုင်းမ်
 





 
No comments:
Post a Comment