Thursday, February 2, 2012

ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် လာရောက်

November | 2/02/2012 11:17:00 AM | Best Blogger Tips


Photo
7Day News Journal
ရန်ကုန်၊ ဇန်န၀ါရီ - ၃၀
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးစောင့်ကြည့်ရေးအထူးစောင့်ကြည့်ရေး ကိုယ်စားလှယ် မစ္စတာသောမတ်စ်ကင်တားနားသည် ဇန်န၀ါရီ ၃၁ရက်တွင် ရန်ကုန်မြို့သို့ရောက်ရှိ မည်ဖြစ်ပြီး သူ၏ခရီးစဉ်မှာ
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးများကို သုံးသပ်သွားရန် လာရောက်ခြင်းဖြစ်ကြောင်းယင်းက ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ် သြဂုတ်လက လာရောက်ခဲ့သော ခရီးစဉ်၏နောက်ဆက်တွဲအဖြစ် မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ် ပြောင်းလဲလျက်ရှိသော အပြောင်းအလဲများနှင့် လူ့အခွင့်အရေးကိစ္စများကို ထပ်မံလေ့လာသုံးသပ်ရန် အဓိကဖြစ်ကာ ခရီးစဉ်အတွင်း အစိုးရတာဝန်ရှိသူများ၊ ဥပဒေပြုရေးပညာရှင်များနှင့်  အမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့်  တွေ့ဆုံဆွေးနွေးသွားပြီးပါက  ဖေဖော်ဝါရီ ၅ ရက်တွင် သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်သွားမည်ဖြစ်သည်။                  
Ref; Time of oman

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1