Thursday, February 2, 2012

"NLD ချမ်းသာခြင်း ဒဏ်ခံနိုင်ရည်ရှိ မရှိ စမ်းပေးကြပါဟု ထားဝယ်ပြည်သူများအား ဒေါ်အောင်ဆန်းစုကြည် ပြောကြား"

November | 2/02/2012 10:56:00 AM | Best Blogger Tips
နှစ် ၂ဝ ကျော်ကြာဆင်း ရဲဒဏ် ခံခဲ့ရသော NLD ကို ချမ်းသာခြင်း၏ ဒဏ်ခံနိုင်ရည် ရှိ မရှိ စမ်းကြည့်ပေးကြပါဟု ဒေါ်အောင်ဆန်းစုကြည်က ထားဝယ်ပြည်သူများအား ပြော ကြားခဲ့သည်။
ဇန်နဝါရီ ၂၉ ရက်နေ့တွင် ထားဝယ်မြို့၌ ပြည်သူများနှင့် တွေ့ ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
''ကျွန်မတို့လိုချင်တာ ပြည်သူ ရဲ့မဲလားဆိုတော့ မဲကတော့ ရွေး ကောက်ပွဲမှာ အရေးကြီးလို့ မဲလို ချင်တာတော့ အမှန်ပဲ။ တကယ် လိုချင်တာက ပြည်သူရဲ့ စိတ်ထဲက ထောက်ခံမှုပဲဖြစ်တယ်။ မဲရပြီးတော့ ပြည်သူရဲ့မေတ္တာနဲ့ ယုံကြည်မှုကို မရ လို့ရှိရင် ဘာမှအဓိပ္ပာယ်မရှိတဲ့ အနှစ် သာရမရှိတဲ့ အရာပဲ။ ဒါကသင်္ကြန် အမြောက်လိုပါပဲ။ အသံချည်းပဲရှိ ပြီးတော့ ဘာမှအနှစ်သာရမရှိဘူး'' ဟု ၄င်းကပြောသည်။
ဒေါ်အောင်ဆန်းစုကြည် မရောက်မီ တစ်ရက်ကတည်းက ထားဝယ်မြို့တွင် ပန်းဝယ်၍မရ အောင် ပြတ်သွားခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ဟော ပြောပွဲသို့ အနီးမြို့များက လာရောက် ကြပြီး လူတစ်သိန်းကျော်ရှိမည်ဟု ထင်ကြောင်း ထားဝယ်မြို့မှ ဦးဇော်သူရက ပြောသည်။
ဆက်လက်၍ ဒေါ်အောင် ဆန်းစုကြည်က ကတိအနေနှင့် ဘာမျှမပေးနိုင်ကြောင်း၊ပြည်သူတွေ လုပ်ချင်တာ အခွင့်အရေးရနိုင်အောင် ကြိုးစားပေးမည်ဟုဆိုကြောင်း ထားဝယ်ဒေသခံတစ်ဦးက ဖုန်းဖြင့် ပြောသည်။
ထားဝယ်မြို့မှ ဦးအောင်ဇော် ဟိန်း က ''တော်တော်လေး အံ့သြ သွားတယ်။ အရင်ကဆို ထားဝယ် က နိုင်ငံရေးအပေါ်မှာ စိတ်ဝင်စား မှု မရှိတော့ဘူးလားလို့ ထင်ထားခဲ့ တယ်။ အခု မထင်မှတ်နိုင်လောက် အောင် ဖြစ်သွားတယ်။

အခုတော့ အမေစုကို မဲပေးမယ်။ နောက်ဆိုရင် တော့စဉ်းစားမယ်။ ဘာကြောင့်လဲ ဆိုတော့ တစ်ပါတီတည်းအားကြီး သွားမှာကိုစိုးတယ်။ အကုန်လုံး မျှမျှ တတဖြစ်စေချင်တယ်'' ဟု ဆို သည်။
ဒေါ်အောင်ဆန်းစုကြည် ပြော ကြားခဲ့သည့် ပါတီများအနေဖြင့် လူထုကို မလိမ်ညာမိဖို့လိုကြောင်း၊ ပြည်သူလူထုအား မလုပ်ပေးနိုင် သည်များကို မပြောဖို့လိုကြောင်း ဆိုသည့်စကားရပ်ကို အကြိုက်ဆုံး ဖြစ်မိသည်ဟု ထားဝယ်ဒေသခံ တစ်ဦးကပြောသည်။
''ဒေါ်အောင်ဆန်းစုကြည်က လူထုဖြစ်ချင်တာကို အဆင်ပြေပြေ နဲ့ အကောင်အထည်ဖော်ပေးနိုင်မယ် လို့တော့မြင်တယ်'' ဟု ဦးဇော်သူရ က ဆက်လက်ပြောသည်။
''ဒေါ်အောင်ဆန်းစုကြည်၏ ထားဝယ်မိန့်ခွန်းထဲတွင် အခြေခံ ဥပဒေထဲမှ ပြည်သူကို အကျိုးမဖြစ် စေသည့်အပိုင်းကို ပြုပြင်မည်ဖြစ် ကြောင်းနှင့် ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စများကို ထည့်သွင်းပြောကြား ခဲ့သည်ဟု ထားဝယ်ဒေသခံတို့ထံမှ သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ထားဝယ်မြို့၊ လောင်းလုံမြို့နယ်၊ အောက်ရေဖြူရွာ ၊ သောကြာပြင်ရွာ နှင့် မောင်းမကန် ကမ်းခြေတို့သို့ သွားရောက်ခဲ့ကြောင်း ထားဝယ်ဒေသခံ တစ်ဦးကပြောသည်။

ပေါ်ပျူလာဂျာနယ်

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1