Thursday, February 2, 2012

ဦး​ခင်​ရွှေ၏ စက်မှုဇုန် အ​ကောင်အထည်​ဖော်မှု ရပ်ဆိုင်း​ရန် ညွှန်ကြား

November | 2/02/2012 03:45:00 PM | Best Blogger Tips


ရန်ကုန်တိုင်း ​ မင်္ဂလာဒုံမြို့​နယ် ​ရွှေနံ့​သာ ​ကျေး​ရွာအုပ်စုမှာ အ​ကောင်အထည်​ဖော်​နေတဲ့​ ​ဇေကမ္ဘာစက်မှုဇုန် အပိုင်း​ ၄ ကို ရပ်ဆိုင်း​ထား​ဖို့​ ရန်ကုန်တိုင်း​ဒေသကြီး​ အစိုး​ရက ညွှန်ကြား​လိုက်ပါတယ်။

ဦးခင် ရွှေ
ဦး​ခင်​ ရွှေပိုင် ​ဇေကမ္ဘာကုမ္ပဏီက မင်္ဂလာဒုံမြို့​နယ် ​ရွှေနံ့​သာ​ကျေး​ရွာအုပ်စုမှာ လွန်ခဲ့​တဲ့​ ၂၀၁၀ ဧပြီလက လယ်သမား​တွေလုပ်​နေတဲ့​ လယ်​မြေ ၈၁၅ ဧကကို တဧက ကျပ် ၃ သိန်း​နှုန်း​နဲ့​ ကရုဏာ​ကြေး​အဖြစ် ​ပေး​ပြီး​ စက်မှုဇုန် အ​ကောင်အထည်​ဖော်​နေတာ ဖြစ်ပါတယ်။
ဒီစက်မှုဇုန် စီမံကိန်း​နဲ့​ ပတ်သက်လို့​ လယ်သိမ်း​ခံရတဲ့​ လယ်သမား​တွေက တိုင်ကြား​ခဲ့​ပြီး​တဲ့​နောက် အဲဒီစီမံကိန်း​ကို ရပ်နား​ထား​ဖို့​ ရန်ကုန်တိုင်း​ဒေသကြီး​ ဝန်ကြီး​ချုပ်ရဲ့​ ညွှန်ကြား​ချက်ကို ​ဇေကမ္ဘာကုမ္ပဏီမန်​နေဂျာ ဦး​မြင့်​ဇော်ကိုဆင့်ခေါ်ပြီး မနှစ် ဒီဇင်ဘာလ ၂၃ ရက်​နေ့​မှာ ဖတ်ပြပါတယ်။
ရန်ကုန်တိုင်း ​ ​ဒေသကြီး​အစိုး​ရရဲ့​ ညွှန်ကြား​ချက်မှာ စက်မှုဇုန်​ဖော်​ဆောင်ခွင့်​ ပြသဖို့​ လယ်​မြေ​ပေါ်မှာ စက်မှုဇုန် လုပ်ခွင့်​ မရှိတာ​ကြောင့်​ သီး​စား​ချထား​ပေး​တာကို ပြန်လည်ရုပ်သိမ်း​မှာ ဖြစ်တဲ့​အ​ကြောင်း​ ပါရှိပါတယ်။
တကယ်လို့​ မလိုက်နာရင် အ​ရေး​ယူခံရမယ် ဆိုတဲ့​စာသား​ကို စာလက်ဝယ်ရထား​သူ လယ်သိမ်း​ခံရတဲ့​ ဆရာမ ​ဒေါ်အုန်း​မြင့်​က ခုလို ဖတ်ပြပါတယ်။
“ခွင့်​ ပြုချက် တစုံတရာ မရှိဘဲ စက်မှုဇုန်အဖြစ် ဆက်လက် အ​ကောင်အထည်​ဖော် ​ဆောင်ရွက်​နေပါက လယ်​မြေကို ဖျက်ဆီး​ခြင်း​ဟု သတ်မှတ်၍ အ​ရေး​ယူ​ဆောင်ရွက်သွား​မှာ ဖြစ်တယ်တဲ့​။”
ရန်ကုန်တိုင်း ​ဒေသကြီး​အစိုး​ရက ​ဇေကမ္ဘာကုမ္ပဏီ မန်​နေဂျာကို မ​ခေါ်ခင်မှာ ​ဇေကမ္ဘာဥက္ကဋ္ဌ ဦး​ခင်​ရွှေနဲ့​ ဒုတိယဥက္ကဋ္ဌ ဦး​ရွှေသီဟတို့​ကို ဆင့်​ခေါ်​ပေမယ့်​ မွန်ပြည်နယ် ဘီး​လင်း​မြို့​ ကျိုက်ထီး​ဆောင်း​စေတီမှာ မနှစ် ဒီဇင်ဘာ ၁၉ ရက်က​နေ ၂၇ အထိ ပဉ္စင်း​ဝတ်​နေတာ​ကြောင့်​ မလာ​ရောက်နိုင်ခဲ့​တာလို့​ ဆိုပါတယ်။
ဒီသတင်း​နဲ့​ ပတ်သက်လို့​ ​ဇေကမ္ဘာကုမ္ပဏီ တာဝန်ရှိသူ​တွေကို ဆက်သွယ်လို့​ မရ​သေး​ပါဘူး​။ လွန်ခဲ့​တဲ့​ရက်ပိုင်း​အထိ လယ်သမား​တွေရဲ့​ လယ်ကန်သင်း​တွေကို ဘူဒိုဇာနဲ့​ ထိုး​ဖျက်​နေရာက​နေ အခုရက်ပိုင်း​မှာ​တော့​ ရပ်နား​ထား​တယ်လို့​ လယ်ဧက ၅၀ ပါသွား​တဲ့​ ဦး​ကျော်စိန်က ​ပြောပါတယ်၊​။
“သူတို့​ နှစ်တိုင်း​ တာဝန်​ကျေစပါး​တွေ၊​ ကျ​နော်တို့​ သီး​ထပ်တင်တဲ့​အချိန် သီး​ထပ်တင်တယ်။ စိုက်ဘဏ်တို့​ ရိတ်ဘဏ်တို့​ အကုန်လုံး​ထုတ်​နေကြ။ နှစ်တိုင်း​ထုတ်​နေကြ။ အခု သူဝင်လာ​နှောင့်​ယှက်မှ ဦး​တို့​ လယ်သမား​တွေ ဘာမှ မဖြစ်​တော့​ဘူး​။ တကယ့်​လယ်သမား​အစစ်ဆိုတာ ဦး​တို့​ လယ်သမား​ပါ။”
အဲဒီအချိန်က စစ်​ကောင်စီ​ခေတ်ဖြစ်ပြီး​ လယ်​မြေ​တွေကို နိုင်ငံ​တော်ပိုင်​မြေအဖြစ် သိမ်း​မယ်လို့​ သတင်း​ ကျယ်ကျယ်ပြန့်​ပြန့်​ ထွက်တာ​ကြောင့်​ လယ်သမား​တွေက ဆုံး​မယ့်​အတူတူ ကျပ် ​ငွေ ၃ သိန်း​ ရတာကိုပဲ ​ကျေး​ဇူး​တင်ခဲ့​ကြတယ်လို့​ ဆိုပါတယ်။
ဒါ့​အပြင် ဦး​ခင်​ရွှေကိုယ်တိုင် စင်​ပေါ်တက်ပြီး​ ဒီ​မြေ​တွေမှာ ဆက်လက်လုပ်ကိုင်ခွင့်​ ရှိတယ်လို့​ လယ်သမား​တွေကို ကတိပြုပြီး​ မကြာခင်မှာ လုပ်ခွင့်​မ​ပေး​တော့​ဘူး​လို့​ ၁၄ ဧက ဆုံး​ရှုံး​ခဲ့​တဲ့​ ဆရာမ ​ဒေါ်အုန်း​မြင့်​က ​ပြောပါတယ်။
“ပိုက်ဆံ​ပေး​ တာက ကရုဏာ​ကြေး​ပေး​တာတဲ့​၊​ လယ်ဝယ်တာမဟုတ်ဘူး​တဲ့​။ ဦး​ခင်​ရွှေကိုယ်တိုင် ​ပြောသွား​တာပဲ။ လယ်သမား​တွေ ဘာမှ စိတ်မပျက်နဲ့​ ဒီတိုင်း​ပဲလုပ်စား​တဲ့​။ ကျမတို့​လည်း​ ဝမ်း​သာအား​ရ​ပေါ့​။ ယူပြီး​ တနှစ်​တောင် မရှိ​သေး​ခင် တခါတည်း​ တံစဉ်း​တွေ အကုန်ဖျက်ပြီး​ လယ်မလုပ်ခိုင်း​ဘူး​လေ။”
သူတို့​လယ်​ မြေ​တွေဟာ တဧကကို ကျပ်​ငွေ သိန်း​ ၃၀ က​နေ သိန်း​ ၅၀ အထိ ​ပေါက်​နေတာ​ကြောင့်​ အစိုး​ရသစ်လက်ထက်မှာ သူတို့​လယ်​တွေမှာ ပြန်လုပ်ခွင့်​ပေး​ဖို့​ အကြိမ်ကြိမ်တိုင်တန်း​ခဲ့​တယ်လို့​ ဦး​ကျော်စိန်က ​ပြောပါတယ်။
တား​ မြစ်ခံရတဲ့​ ​ဇေကမ္ဘာဦး​ခင်​ရွှေရဲ့​ စက်မှုဇုန်ဟာ ​ဒေသခံလယ်သမား​တွေ နှစ် ၂၀ ခန့်​ လုပ်ကိုင်စား​သောက်တဲ့​ ​မြေဖြစ်တယ်လို့​ လယ်ဆုံး​ရှုံး​ခံရတဲ့​ လယ်သမား​တွေက ​ပြောပါတယ်။ 
DVB

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1