Tuesday, February 7, 2012

ဗိုလ်ချုပ်​စော​ဌေး​မောင်အဖွဲ့​ ငြိမ်း​ချမ်း​ရေး​ ပဏာမသ​ဘောတူညီချက်ရရှိ

November | 2/07/2012 09:50:00 PM | Best Blogger Tips
ဗိုလ်ချုပ် ​စော​ဌေး​မောင် ဦး​ဆောင်တဲ့​ ​ကေအန်ယူ/ ​ကေအန်အယ်လ်​အေ ငြိမ်း​ချမ်း​ရေး​ကောင်စီနဲ့​ ကရင်ပြည်နယ် ငြိမ်း​ချမ်း​ရေး​ဖော်​ဆောင်​ရေး​အဖွဲ့​ ငြိမ်း​ချမ်း​ရေး​အတွက် ပဏာမ သ​ဘောတူညီချက် ရရှိခဲ့​တယ်လို့​ သိရပါတယ်။

နေပြည်​တော် အမရာဟိုတယ်မှာ ပြုလုပ်တဲ့​ ​ဆွေး​နွေး​ပွဲမှာ အချက် ၇ ချက်ပါ သ​ဘောတူညီချက် ရရှိအပြီး​မှာ လက်မှတ်​ရေး​ထိုး​ခဲ့​တယ်လို့​ အဲဒီ ​ဆွေး​နွေး​ပွဲကို ကိုယ်တိုင် တက်​ရောက်သတင်း​ယူတဲ့​ ရန်ကုန်တိုင်း​(မ်)ဂျာနယ်က အယ်ဒီတာချုပ် ဦး​ကျော်စွာမင်း​က ​ပြောပါတယ်။
“တပ်မ​တော်နဲ့ ​ ​ကေအန်ယူ၊​ ​ကေအန်အယ်လ်​အေ ငြိမ်း​ချမ်း​ရေး​ကောင်စီတို့​အကြား​ လက်ရှိတည်ရှိ​နေ​သော ငြိမ်း​ချမ်း​ရေး​ကို ဆက်လက်ထိန်း​သိမ်း​မည်။
“(ခ) ​ကေအန်ယူ၊​ ​ကေအန်အယ်လ်​အေ ငြိမ်း​ချမ်း​ရေး​ ​ကောင်စီဝင်များ​ကို မယ်လ၊​ ထို့​ကောကိုး​ နယ်​မြေများ​တွင် ​နေထိုင်ရန် သ​ဘောတူသည်။
“(ဂ) နှစ်ဖက် အပြန်အလှန် ဆက်သွယ်​ဆွေး​နွေး​မှုများ​ ပြုလုပ်နိုင်ရန်အတွက် နှစ်ဖက်သ​ဘောတူ​သော ​နေရာများ​တွင် နှစ်ဖက်သ​ဘောတူ​သော ပုဂ္ဂိုလ်များ​ဖြင့်​ ဆက်ဆံ​ရေး​စခန်း​များ​ကို ထူ​ထောင်မည်။ ကုမ္ပဏီစီး​ပွား​ရေး​ဆိုင်ရာ ရုံး​များ​ကို ဘား​အံ၊​ မြဝတီ၊​ ဘုရား​သုံး​ဆူ၊​ ​ကော့​ကရိတ်​မော်​တောင်း​၊​ ​ကော့​သောင်း​တို့​တွင် ထား​ရှိမည်။
“(ဃ) ၂ ဖက်သ​ဘောတူ​သော နယ်​မြေများ​မှ​ကျော်လွန်၍ လက်နက်ကိုင်​ဆောင် သွား​လာမှုကို နှစ်ဖက်ကြိုတင်​ဆောင်ရွက်မည်။
“(င) ပြည်​ထောင်စုအဆင့်​ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ရေး​ အဖွဲ့​နှင့်​ ​ကေအန်ယူ၊​ ​ကေအန်အယ်လ်​အေ ငြိမ်း​ချမ်း​ရေး​ကောင်စီမှ အဆင့်​မြင့်​ ငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​ရေး​အဖွဲ့​တို့​သည် နှစ်ဖက် သ​ဘောတူညီ​သော​နေရာ၊​ တူညီ​သောအချိန်ကာလတွင် ​တွေ့​ဆုံမည်၊​ နယ်​မြေတည်ငြိမ်​အေး​ချမ်း​ရေး​ ဖွံ့​ဖြိုး​တိုး​တက်​ရေး​၊​ တပ်ဖွဲ့​ဝင်များ​ အ​ခြေတကျ ​နေထိုင်လုပ်ကိုင် စား​သောက်နိုင်​ရေး​နှင့်​ ထာဝရငြိမ်း​ချမ်း​ရေး​ရသည်အထိ ဆက်လက်​ဆွေး​နွေး​ရန် သ​ဘောတူသည်။
“(စ) ပဏာမငြိမ်း​ချမ်း​ရေး​ ​ဆောင်ရွက်ပြီး​သည့်​နောက်တွင် တဖက်နိုင်ငံသို့​ ​ရောက်ရှိ​နေ​သော တိုင်း​ရင်း​သား​တို့​၏ ပြန်လည်ဝင်​ရောက် အ​ခြေချ​နေထိုင်မည့်​ ​နေရာတွင် ၎င်းတို့​၏ စား​ဝတ်​နေ​ရေး​၊​ ပညာ​ရေး​၊​ ကျန်း​မာ​ရေး​၊​ လမ်း​ပန်း​ဆက်သွယ်​ရေး​၊​ ​ရေမီး​အစရှိသည့်​ ဖွံ့​ဖြိုး​ရေး​လုပ်ငန်း​များ​ အလျင်အမြန် အ​ကောင်အထည်​ဖော် ​ဆောင်ရွက်နိုင်​ရေး​အတွက် နိုင်ငံ​တော်မှ ခွင့်​ပြု၍ ကိုယ်ထူကိုယ်ထ လုပ်​ဆောင်ခွင့်​ကို ပံ့​ပိုး​သွား​မည်။
“(ဆ) ​ကေအန်ယူ၊​ ​ကေအန်အယ်လ်​အေ ငြိမ်း​ချမ်း​ရေး​ကောင်စီမှ တင်ပြထား​သော ငြိမ်း​ချမ်း​ရေး​အဓိပ္ပာယ်နှင့်​ ဖွင့်​ဆိုချက်များ​အ​ပေါ်မူအား​ဖြင့်​ သ​ဘောတူညီ၍ နှစ်ဦး​နှစ်ဖက် ကြိုး​ပမ်း​သွား​မည်ဖြစ်ပါသည်။”
ကေအန်ယူ/​ ကေအန်အယ်လ်​အေ ငြိမ်း​ချမ်း​ရေး​ကောင်စီဟာ ပြည်ပ​ရောက် ကရင်ဒုက္ခသည်​တွေ ​နေရာပြန်လည်ချထား​ရေး​အတွက် စီး​ပွား​ရေး​နဲ့​ ရင်း​နှီး​မြှုပ်နှံမှုကို အဓိကထား​တဲ့​ ​တောင်း​ဆိုချက် ၃ ခုကို မြန်မာအစိုး​ရထံ ​တောင်း​ဆိုခဲ့​တယ်လို့​ သိရပါတယ်။
နိုင်ငံတကာ ရင်း​နှီး​မြှုပ်နှံမှုများ​ကို ဖိတ်​ခေါ်ပြီး​ အကျိုး​တူ ပူး​ပေါင်း​ဆောင်ရွက်​ရေး​၊​ သတ္တုတူး​ဖော်​ရေး​လုပ်ငန်း​အပြင် ဟိုတယ်နဲ့​ ခရီး​သွား​ရေး​လုပ်ငန်း​များ​တွေကိုလည်း​ ​တောင်း​ဆိုတယ်လို့​ သိရပါတယ်။
ကေအန်ယူ/​ ကေအန်အယ်လ်​အေ ငြိမ်း​ချမ်း​ရေး​ကောင်စီကို ဗိုလ်ချုပ်​ဌေး​မောင် ဦး​ဆောင်ပြီး​တော့​ ဗိုလ်ချုပ်​ထော့​လေး​၊​ ဗိုလ်ချုပ်ရင်နု၊​ ဗိုလ်ချုပ် ​နော်က​ပေါ်ထူး​နဲ့​ ဗိုလ်မှုး​ချုပ်တ်ီမသီတို့​ ပါဝင်ပါတယ်။
ကေအန်ယူ/​ ကေအန်အယ်​အေ ငြိမ်း​ချမ်း​ရေး​ကောင်စီဟာ ၂၀၀၇ ခုနှစ်မှာ ​ကေအန်ယူက​နေ ခွဲထွက်ခဲ့​ပြီး​ မြန်မာစစ်အစိုး​ရနဲ့​ ငြိမ်း​ချမ်း​ရေး​ယူထား​ပြီး​ အစိုး​ရရဲ နယ်ခြား​စောင့်​တပ် ဖွဲ့​စည်း​ရေး​ကို လက်မခံတဲ့​ အဖွဲ့​လည်း​ ဖြစ်ပါတယ်။ 
From DVB

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1