Thursday, February 9, 2012

ကမ္ဘာလှည့်ခရီးသွား အမြောက်အမြား ၀င်ရောက်လာခြင်းကြောင့် ၀န်ဆောင်မှုပိုင်းတွင် အားနည်းချက်များ ကြုံတွေ့လာ

November | 2/09/2012 09:19:00 AM | Best Blogger Tips
ပုဂံဒေသသို့ ယခုနှစ်ခရီးသွားရာသီအတွင်း ကမ္ဘာလှည့်ခရီးသွားဧည့်သည် အမြောက်အမြား ၀င်ရောက်လာရာ ခရီးသွားလုပ်ငန်း၏ ၀န်ဆောင်မှုကဏ္ဍအသီးသီးတွင် အားနည်းချက်များဖြင့် ကြုံတွေ့ခဲ့ရကြောင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူများထံမှ သိရှိရပါသည်။

''ပုဂံတစ်ခုတည်း မဟုတ်ပါဘူး။ ဒီနှစ်ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲ အားနည်းချက်တွေက နေရာတိုင်းပဲ။ ကုမ္ပဏီတွေအနေနဲ့ လေယာဉ်လက်မှတ်ကစလို့ ဟိုတယ်၊ ကား၊ ဂိုက်ဖြစ်သလို စီစဉ်ပေးလိုက်ရတာ အများကြီး။ Last minute  မှ စီစဉ်ရတဲ့ ခရီးသွားတွေ ပိုဆိုးတယ်''ဟု ရန်ကုန်မှ လာသော ကုမ္ပဏီဧည့်လမ်းညွှန်တစ်ဦးက ပြောပါသည်။


ပုဂံဒေသသို့ လေဆိပ်၊ ရေဆိပ်၊ ကားဂိတ်အသီးသီးမှဝင်ရောက်လာသည့် ပြည်ပခရီးသွားဧည့်သည်  အချို့ပြီးခဲ့သည့်ကာလများတွင် ဟိုတယ်၊ တည်းခိုခန်းကျပ်တည်းသည့် နေ့များကြုံတွေ့ခဲ့ကြောင်း သိရသည်။ ထို့ပြင်ဝင်ရောက်လာသည့် ခရီးသွားနှင့်ဧည့်လမ်းညွှန် မမျှတသည့် ပြဿ နာကြောင့် အရည်အသွေးအားနည်းချက်ရှိသော ဧည့်လမ်းညွှန်များကို သုံးခဲ့ရမှုများလည်း ရှိကြောင်း၊ ဟိုတယ်နှင့်ပို့ဆောင်ရေးပိုင်းတွင်လည်း အလားတူ ဖြေရှင်းခဲ့ရကြောင်း သိရသည်။

''ခရီးသွားလုပ်ငန်းဆိုတာ ၀ုန်းကနဲတက်ပြီး ၀ုန်းကနဲပြန်ကျသွားတာမျိုး ဖြစ်တတ်တယ်''ဟု ဧည့်လမ်းညွှန်ကိုမြင့်သန်းက ပြောသည်။ ကုမ္ပဏီအချို့သည် ရတုန်းရခိုက်ဆိုသည့်သဘောဖြင့် ခရီးစဉ်များကို လက်ခံကြရာ ၀န်ဆောင်မှုပိုင်းတွင် အားနည်းချက်များတွေ့ကြုံသွားရပါ က နောင်နှစ်ရာသီများအတွက် အလားအလာမကောင်းနိုင်ကြောင်း ဧည့်လမ်းညွှန်အချို့က သုံးသပ်ပြောဆိုပါသည်။ ပြီးခဲ့သည့်နှစ်တွင် ပုဂံသို့ ခရီးသွားတစ်သိန်းကျော် စံချိန်တင်ဝင်ရောက်ခဲ့ပြီး ယခုနှစ် ဇန်န၀ါရီလ င်ရောက်မှုသည် ယခင်နှစ်ဇန်န၀ါရီလထက် နှစ်ဆခန့် ပိုလာနိုင်ကြောင်း သိရသည်။
From EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1