Tuesday, February 7, 2012

 လာမည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍ အသုံးစရိတ်ကို လေးဆနှင့် ပညာရေးကဏ္ဍ အသုံးစရိတ်ကို နှစ်ဆတိုးကာ လျာထား သုံးစွဲသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ၀န်ကြီး ပြောကြား

November | 2/07/2012 09:48:00 PM | Best Blogger Tips
လာမည့်၂၀၁၂-၂၀၁၃ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍ အသုံးစရိတ်ကို လေးဆနှင့် ပညာရေးကဏ္ဍ အသုံးစရိတ်ကို နှစ်ဆတိုးကာ လျာထားသုံးစွဲသွားမည် ဖြစ်ကြောင်း ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းသည့် ၂၀၁၂ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စု အစိုးရအဖွဲ့ကိုယ်စားဘဏ္ဍာ ရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံ၏ ကျန်းမာရေး အသုံးစရိတ်မှာ ပြုပြင်ပြီး ခန့်မှန်းခြေ ငွေစာရင်းတွင် အသုံးစရိတ်စုစုပေါင်း ကျပ် ၉၂၀၀၈ ဒသမ ၇၈၆ သန်း လျာထားသုံးစွဲခဲ့ပြီး ၂၀၁၂-၂၀၁၃ဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေငွေစာရင်းတွင် အသုံးစရိတ်စုစုပေါင်း ကျပ် ၃၆၇၉၇၀ ဒသမ ၃၇၅ သန်းလျာ ထားသည့်အတွက် ပြီးခဲ့သည့်နှစ်ထက် လေးဆခန့် တိုးတက်လျာထားကြောင်း သိရသည်။
“ကျန်းမာရေးကဏ္ဍအတွက် ၂၀၁၁-၂၀၁၂ ခုနှစ် သာမန်အသုံးစရိတ် သုံးစွဲငွေမှာ ကျပ် ၆၆၇၃၀ ဒသမ ၄၇၆ သန်းဖြစ်ပြီး ၂၀၁၂-၂၀၁၃ ခုနှစ်မှာတော့ သာမန် အသုံးစရိတ် ကျပ် ၁၅၄၄၃၅ ဒသမ ၀၉၃ သန်း လျာထားသည့်အတွက် ဆရာဝန်နှင့် သူနာပြုများ တိုးချဲ့ခန့်ထားနိုင်ခြင်း၊ ဆေးရုံသုံးဆေးပစ္စည်းများ ပိုမိုဝယ်ယူ ဖြည့်တင်းနိုင်ခြင်း၊ ဆေးရုံများအား ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ၂၀၁၁-၂၀၁၂ ခုနှစ်တွင် ငွေလုံးငွေရင်း အသုံးစရိတ်သုံးစွဲငွေမှာ ကျပ် ၂၅၂၇၈ ဒသမ ၃၁၀ သန်းဖြစ်ပြီး ၂၀၁၁-၂၀၁၃ ခုနှစ်တွင် ကျပ် ၂၁၃၅၃၅ ဒသမ ၂၈၂ သန်း လျာထားသည့်အတွက် ဆေးရုံဆေးခန်းများ နှင့် ကျေးလက်ကျန်းမာရေးဌာနများ ပိုမိုတိုးချဲ့ ဖွင့်လှစ်နိုင်မှာဖြစ်ပြီး ဆေးရုံများတွင် လိုအပ်သည့် ဆေးရုံသုံး စက်ပစ္စည်း ကိရိယာ တန်ဆာပလာများ ပိုမိုဝယ်ယူဖြည့်တင်းနိုင်မှာ ဖြစ်ပါတယ်”ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ပြောကြားခဲ့သည်။
ပညာရေး အသုံးစရိတ်ပိုင်းကို  ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းတွင် အသုံးစရိတ် စုစုပေါင်း ကျပ် ၃၁၀၄၀၁ ဒသမ ၆၉၈ သန်း လျာထားသုံးစွဲခဲ့ ပြီး ၂၀၁၁-၂၀၁၃ ဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင် အသုံးစရိတ်စုစုပေါင်း ကျပ် ၆၁၇၂၁၄ ဒသမ ၀၁၀ သန်း လျာထားသည့် အတွက် ပြီးခဲ့သည့်နှစ်ထက် နှစ်ဆခန့် တိုးတက်လျာထားကြောင်း သိရသည်။
“ပညာရေးကဏ္ဍရဲ့ ၂၀၁၁-၂၀၁၂ ခုနှစ် သာမန်အသုံးစရိတ် သုံးစွဲငွေမှာ ကျပ် ၂၇၄၈၆၂ ဒသမ ၈၃၁ သန်းဖြစ်ပြီး ၂၀၁၂-၂၀၁၃ခုနှစ်တွင် သာမန်အသုံးစရိတ်ကျပ် ၄၀၈၁၆၄ ဒသမ ၄ ၁၉ သန်း လျာထားသည့်အတွက် ဆရာ၊ ဆရာမများ ပိုမိုခန့်ထားနိုင်ခြင်း၊ ဥပဓိရုပ် မကောင်းသော အခြေခံပညာ ကျောင်းများအား ပြင်ဆင်ခြင်းများ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ပညာရေးကဏ္ဍ၏ ၂၀၁၁-၂၀၁၂ ခုနှစ်တွင် ငွေလုံးငွေရင်း အသုံးစရိတ်သုံးစွဲငွေမှာ ကျပ် ၃၅၅၃၈ ဒသမ ၈၆၇ သန်းဖြစ်ပြီး ၂၀၁၂-၂၀၁၃ ခုနှစ်တွင် ကျပ် ၂၀၉၀၄၉ ဒသမ ၅၉၁ သန်းလျာထားသည့် အတွက် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်ကောလိပ်များ တိုးချဲ့ ဆောက်လုပ်ခြင်း၊ ပရိဘောဂများ သင်ထောက်ကူပစ္စည်းများ ၀ယ်ယူ ဖြည့်တင်းခြင်းများကို ပိုမိုဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်”ဟု ပြည်ထောင်စု ၀န်ကြီးက ဆက်လက် ပြောကြားခဲ့သည်။
တတိယအကြိမ် လွှတ်တော်အစည်းဝေးများသို့ ပြည်ထောင်စု အစိုးရ အဖွဲ့မှ ၂၀၁၂ ခုနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေ(မူကြမ်း)၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေစာရင်း၊ ၂၀၁၁-၂၀၁၂ ခုနှစ် ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ပြုပြင်ပြီး ရသုံးခန့်မှန်းခြေ ငွေစာရင်း၊ ၂၀၁၂ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းစသည့် ဥပဒေများ ကိုတင်သွင်းပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေး အတည်ပြုကြမည် ဖြစ်သည်။
From EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1