ဝန်ထမ်းမသမာမှု၊ အဂတိလိုက်စားမှုနှင့်သက်ဆိုင်သည့် တိုင်စာများကို 
နိုင်ငံတော်အဆင့်အနေဖြင့် ဖော်ထုတ်အရေးယူသွားရန် ညွှန်ကြားထားကြောင်း 
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက 
ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ကျင်းပသည့် ပထမအကြိမ်အမျိုးသားလွှတ်တော် 
တတိယပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ပထမအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် 
မန္တလေးတိုင်းဒေသကြီးမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်းက 
လုပ်ပိုင်ခွင့်ရှိဝန်ထမ်းများ လာဘ်ပေးလာဘ်ယူမှုနှင့် မလျော်သြဇာ 
ကျင့်သုံးမှုများ ဆက်လက်ပြုကျင့်နေဆဲရှိ နေပါသဖြင့် ထိုအပြုအမူများ 
ပျောက်ကွယ်သွားရန် လက်တွေ့ကျကျ ဆောင်ရွက်သွားမည့်အစီအစဉ် ရှိ၊ မရှိ 
မေးမြန်းခဲ့သည်။
အဆိုပါမေးမြန်းမှုများကို ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက 
''၀န်ထမ်းမသမာမှု၊ အဂတိလိုက်စားမှုနှင့်သက်ဆိုင်သည့် တိုင်စာများကို 
နိုင်ငံတော်အဆင့်အနေဖြင့် ဖော်ထုတ်အရေးယူသွားရန် ညွှန်ကြား ထားကြောင်း၊ 
ယင်းကဲ့သို့ ကျူးလွန်မှုများ ပေါ်ပေါက်ပါက တိုင်းကြားနိုင်ရန် 
ဝန်ကြီးဌာနများအလိုက် တယ်လီဖုန်းနံပါတ်များ ထုတ်ပြန်ပေးထားပါတယ်။ ၂၀၀၅ 
ခုနှစ်ကတည်းက ကုလသမဂ္ဂအဂတိ လိုက်စားမှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်းမှာ 
သဘောတူလက်မှတ်ရေးထိုးထားပါတယ်။ ၀န်ထမ်းမသမာမှု၊ အဂတိ လိုက်စားမှုတွေနဲ့ 
မလျော်သြဇာသုံးစွဲမှုတွေပပျောက်ဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ 
လာဘ်ပေးသူ၊ လာဘ်ယူသူတွေ ပြုပြင်ဆင်ခြင်ထိန်းသိမ်းနိုင်ရေးအတွက် ဌာနဆိုင်ရာ 
အဖွဲ့အစည်းတွေနဲ့ ပြည်သူများအကြား အသိပညာပေးခြင်း၊ 
ထိရောက်စွာအရေးယူခြင်းတို့နဲ့ ကုစားဆောင်ရွက်သွားရမှာ ဖြစ် ပါတယ်။ 
တိုင်ကြားသူတွေအနေနဲ့လည်း ဖြစ်ရပ်မှန်ကို ပြည့်စုံမှန်ကန်တဲ့ အချက်အလက်၊ 
ခိုင်လုံတိကျတဲ့အထောက်အထားတွေနဲ့ စနစ်တကျ တိုင်ကြားဖို့လိုပါတယ်။ ဒါမှသာ 
သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းတွေအနေနဲ့ ပါဝင်ပတ်သက်ကျူးလွန်နေသူတွေ 
စိစစ်ဖော်ထုတ်ပြီး ထိရောက်စွာ အရေးယူဆောင်ရွက်သွားနိုင်မှာဖြစ်ပါတယ်''ဟု 
ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ကျင်းပသည့် ပထမအကြိမ်အမျိုးသားလွှတ်တော် 
တတိယပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့သည်။ ပြန်လည်ဖြေကြားခဲ့သည်။
| 
လာဘ်ပေးလာဘ်ယူမှုနဲ့ မလျော်သြဇာကျင့်သုံးမှုများ 
အမှန်တကယ်ပျောက်ကွယ်သွားရန်အတွက် ကာယကံရှင်နစ်နာသူ သို့မဟုတ် ပြည်သူများအနေဖြင့် အဖြစ်မှန် 
အခြေအနေမှန်များကို အထောက်အထားခိုင်လုံစွာတာဝန်ယူပြီး 
စနစ်တကျတိုင်ကြားပါက စိစစ်အရေးယူသွားမည်ဖြစ်ကြောင်း  . . .လာဘ်ပေးလာဘ်ယူမှုနဲ့ 
မလျော်သြဇာကျင့်သုံးမှုများ အမှန်တကယ်ပျောက်ကွယ်သွားရန်အတွက် 
ကာယကံရှင်နစ်နာသူ သို့မဟုတ် ပြည်သူများအနေဖြင့် 
အဖြစ်မှန် အခြေအနေမှန်များကို 
အထောက်အထားခိုင်လုံစွာတာဝန်ယူပြီးစနစ်တကျတိုင်ကြားပါက 
စိစစ်အရေးယူသွားမည်ဖြစ်ကြောင်း  . . . | 
From EMG
 

 
No comments:
Post a Comment