
photo -  google map
ရန်ကုန် 
တာမွေမြို့နယ် ကျိုက္ကဆံလမ်းပေါ်က တာမွေဗလီအနီးမှာ ယာယီ တာမွေဈေးကို 
ရွှေ့ပြောင်းပြီးတော့ ဈေးသည်တွေကို အခွန်လွတ်ဈေးမှာ 
နေရာချထားပေးဖို့ ဈေးတာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၄ ရက်နေ့နဲ့ ဒီကနေ့အပါအဝင် နှစ်ကြိမ် ဈေးတာဝန်ရှိသူတွေက လာရောက် ပြောဆိုခဲ့တာပါ။
အစားထိုး 
ပြန်လည် ရောင်းချခွင့်ရမယ့် နေရာသစ်ဟာ ကျဉ်းသလို 
အဝင်အထွက်လမ်းကလည်း ကျဉ်းမြောင်းတာကြောင့် ဈေးသူဈေးသားတွေက 
မရွှေ့ပြောင်းချင်ကြဘဲ ဖြစ်နေကြတာပါ။
ရန်ကုန်မြို့
တော် စည်ပင်သာယာရေးကော်မတီ (ဈေးများဌာန) ဒုတိယဌာနမှူး 
ဦးမောင်မောင်အေးက ဈေးသူဈေးသားတွေရဲ့ သဘောထားကို ဖေဖော်ဝါရီ 
၁၄ ရက်နေ့က လာရောက် မေးမြန်းခဲ့တာ ဖြစ်ပြီး ဒီနေ့မနက်တော့ 
ခရိုင်မှူးက ထပ်ပြောဆိုခဲ့တယ်လို့ ဈေးသည် တဦးက ပြောပါတယ်။
“သူက 
ဘာပြောလဲဆိုတော့ ကျနော်တို့က ခင်ဗျားတို့ကို အတင်းအကျပ် လုပ်တာ 
မဟုတ်ဘူးပေါ့နော်။ ဒါပေမဲ့ သူတို့ပေးတဲ့ အခု နေရာကိုလည်း 
ယူပေါ့လေ။ မယူလို့ရှိရင် နောင်တချိန်ကျရင် နေရာ 
ပျောက်သွားခဲ့လို့ရှိရင် သူတို့ အနေနဲ့။ ခင်ဗျားတို့ 
ဒုက္ခရောက်မယ်ပေါ့ အဲဒီပုံစံ ပြောသွားတာလေ။ သူ ပေါ်တင်မပြောပေမယ့် 
တွက်ကြည့်ရင်တော့ ဒီပုံစံပဲ ဖြစ်နေတာပေါ့။”
ဈေး
တာဝန်ရှိသူတွေဘက်က ဖယ်ရှားတဲ့ အကြောင်းရင်းကို မပြောပြပေမယ့် 
ဈေးသည်တွေကတော့ ဂမုန်းပွင့်ကုန်တိုက် ဆောက်ဖို့ ဖယ်ခိုင်းတာ 
ဖြစ်နိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။
ဒီသတင်းနဲ့ ပတ်သက်လို့ အကြောင်းစုံကို သိရဖို့ စည်ပင်ဌာနကို မေးမြန်းပေမယ့်လည်း ပြန်လည် ဖြေဆိုခြင်း မရှိပါဘူး။
ဈေးမှာ မှတ်ပုံတင်ဆိုင်ခန်း လက်ရှိ ၆၀၀ နီးပါး ရှိနေပြီးတော့ ပျံကျဈေး ရောင်းချသူ ၁၂၀၀ လောက် ရှိနေပါတယ်။
ဈေးသူဈေးသားတွေရဲ့ ဆန္ဒကို ဈေးသည် တဦးက ခုလို ပြောပြပါတယ်။
“ဈေးသူဈေး
သားတွေရဲ့ ဆန္ဒကတော့ ကျနော်တို့က မရွှေ့ချင်ဘူးပေါ့နော်။ 
ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က ပထမတကြိမ်မှာ ကျနော်တို့က 
ဈေးဟောင်းပေါ့နော်။ အခု လက်ရှိ ပလာဇာပေါ့၊ ကျနော်တို့က 
ဒီနေရာကြီးကို လုံးဝ စွန့်လွှတ်ခဲ့ရပြီးပြီ။ အခုတခါ ကျနော်တို့က 
ဒီနေရာလေးမှာ ၁၈ နှစ် ကြာခဲ့ပြီပေါ့နော်။ ၁၈ နှစ်ဆိုတော့ ၄၊ ၅၊ ၆
 နှစ်လောက်ကို ကျနော်တို့ ဈေးသည်တွေက အလူးအလဲကို ဒုက္ခခံခဲ့ရတာ။ ဒီ 
အရိုးတွေ၊ အုတ်ဂူတွေ အဲဒီကြားထဲမှာ ကျနော်တို့က ခုနကပြောသလို 
ရောင်းချပြီးတော့ ကျနော်တို့က 
စားသုံးခဲ့ရတဲ့အတွက်ကြောင့်မို့လို့၊ အခု ၁၂ နှစ် ဆိုတော့ 
ကျနော်တို့က နည်းနည်းလေး အသားကျလာတဲ့ အခါကျတော့ ဈေးသူဈေးသား 
အားလုံး ဆန္ဒ အနေအထားကတော့ ဒီနေရာကို အဆင့်မြင့် 
ဈေးကြီးဆောက်ပြီးတော့ ပြန်လည် ရယူစေချင်တယ်။”
အခု 
ယာယီဈေးသည်တွေဟာ အရင်တချိန်တုန်းကလည်း တာမွေပလာဇာ ဆောက်လုပ်ဖို့ 
နေရာ ဖယ်ပေးခဲ့ရဖူးခဲ့သလို လက်ရှိနေရာက အရင် သုသာန်ဟောင်းကို 
ရှင်းလင်းပြီး ဈေးတည်ထားခဲ့ရတာ ဖြစ်ပါတယ်။ 
From DVB 
 

 
No comments:
Post a Comment