(၁၇.၂.၂၀၁၂) ရက် ၊ သောကြာနေ့ ဖျာပုံမြို့သို့ ပါတီစည်းရုံးရေးခရီးလာရောက်မည့်
ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွင်း ထူးခြားဖြစ်စဉ်များ (အပိုင်း-၁)
ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွင်း အားကစားကွင်း 
(ဘောလုံးကွင်း) အသုံးပြုခွင့် ပိတ်ပင်ခံရပြီးတဲ့နောက်မှာ ... ငိုရခက် 
ရယ်ရခက်ဖြစ်ရပ်တစ်ခု မနေ့က ထပ်မံဖြစ်ပျက်ခဲ့ပါတယ်။ 
ဖျာပုံမြို့ရဲ့ နာမည်ကျော်ကြားတဲ့ ရှေးဟောင်းသမိုင်းဝင် သာစည်ဘုရားကြီးဝင်းအတွင်းမှာ
 (ဘ၀အလှဆင် ဓမ္မသဘင်အဖွဲ့) ကနေ တပေါင်းလဆုတ် (၁) (၂) (၃) ရက်များမှာ 
ကြီးမှူး ကျင်းပမယ့် ဆရာတော် ဦးကောဝိဒတရားပွဲအတွက် ပြင်ဆင်ထားတဲ့ တရားဟော 
မဏ္ဍပ်ကို ဖျက်သိမ်းခိုင်းတဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ ဒီ 
တရားဟောမဏ္ဍပ်ဟာ အခုမှ စတင်ဆောက်လုပ် တာမဟုတ်ဘဲ လွန်ခဲ့တဲ့ 
ရက်ပိုင်းလောက်ကတည်းက ရှင်ဇ၀န (မေတ္တာရှင် ရွှေပြည်သာ) တရားပွဲ 
အတွက်ဆောက်လုပ်ခဲ့တာဖြစ်ပြီး၊ နောက်ထပ် တရားပွဲတစ်ခု 
ထပ်မံကျင်းပဖို့ရှိတာကြောင့် ဖျက်သိမ်းခြင်း မပြုဘဲ 
ဒီအတိုင်းထားခဲ့တာဖြစ်ပါတယ်။ 
           ကြံ့ဖွံ့ပါတီကနေ 
လွှတ်တော်အမတ်ဖြစ်သွားခဲ့တဲ့ ဦးလှဝင်းဗိုလ်က ဦးဆောင်ပြီးတော့ 
တရားပွဲဖြစ်မြောက်ရေးအဖွဲ့ကို လာရောက်ပြောဆို 
ဖျက်သိမ်းခိုင်းခြင်းဖြစ်ပါတယ်။
           ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောပွဲခရီးစဉ်အတွင်းမှာ နေရာအခက်တွေ 
ဖြစ်ပေါ်နေတဲ့ အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ဖြစ်လာတဲ့ ဒီလုပ်ရပ်ဟာ 
မရိုးသားမှုတွေရှိနေတယ်ဆိုတာ ထင်ရှား ပေါ်လွင် နေပါတယ်။ 
တရားပွဲဖြစ်မြောက်ရေးအဖွဲ့က တာဝန်ရှိသူတွေကလည်း ဒီကိစ္စအပေါ်မှာ အတော်လေး 
စိတ်ပျက်လက်ပျက်ဖြစ်နေကြတာကို ကြားသိရပါတယ်။ ကျွန်တော်တို့ 
မြန်မာနိုင်ငံလို ထေရ၀ါဒ ဗုဒ္ဓဘာသာနိုင်ငံတစ်ခုမှာ အခုလိုအဖြစ်အပျက်တွေ 
(တရားဓမ္မကို ပိတ်ပင်သလိုဖြစ်နေတဲ့ လုပ်ရပ်တွေ)  ဖြစ်ပေါ်နေတာဟာ ကောင်းတဲ့ 
လက္ခဏာမဟုတ်ဘူး လို့လည်း ပြောဆို နေကြပါတယ်။
             ဖျာပုံမြို့နယ် NLD အဖွဲ့ချုပ်က တာဝန်ရှိသူတွေကို စုံစမ်းမေးမြန်းကြည့်တဲ့အခါမှာေ
 '' ကျွန်တော်တို့ NLD အနေနဲ့ ဒီလို ဘာသာရေးနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ ဟောပြောပွဲတွေ ပြုလုပ်ဖို့ ကြိုတင်စီစဉ်ထားခြင်းမရှိပါဘူး၊
             ဖျာပုံမြို့ခံ ပြည်သူလူထုတွေကတော့ ဒီလုပ်ရပ်ဟာ 
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောပွဲ  ကို အတတ်နိုင်ဆုံး နှောက်ယှက်မယ်ဆိုတဲ့ 
မသမာတဲ့ အကြံအစည်မျိုးနဲ့ လုပ်တဲ့ လုပ်ရပ်ပဲဖြစ်တယ်လို့ ယူဆ 
ပြောဆိုနေကြကြောင်းပါဗျာ ... ... .... ။
ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွင်း ထူးခြားဖြစ်စဉ်များ (အပိုင်း-၁)
ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွင်း အားကစားကွင်း (ဘောလုံးကွင်း) အသုံးပြုခွင့် ပိတ်ပင်ခံရပြီးတဲ့နောက်မှာ ... ငိုရခက် ရယ်ရခက်ဖြစ်ရပ်တစ်ခု မနေ့က ထပ်မံဖြစ်ပျက်ခဲ့ပါတယ်။
ဖျာပုံမြို့ရဲ့ နာမည်ကျော်ကြားတဲ့ ရှေးဟောင်းသမိုင်းဝင် သာစည်ဘုရားကြီးဝင်းအတွင်းမှာ (ဘ၀အလှဆင် ဓမ္မသဘင်အဖွဲ့) ကနေ တပေါင်းလဆုတ် (၁) (၂) (၃) ရက်များမှာ ကြီးမှူး ကျင်းပမယ့် ဆရာတော် ဦးကောဝိဒတရားပွဲအတွက် ပြင်ဆင်ထားတဲ့ တရားဟော မဏ္ဍပ်ကို ဖျက်သိမ်းခိုင်းတဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ ဒီ တရားဟောမဏ္ဍပ်ဟာ အခုမှ စတင်ဆောက်လုပ် တာမဟုတ်ဘဲ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်ကတည်းက ရှင်ဇ၀န (မေတ္တာရှင် ရွှေပြည်သာ) တရားပွဲ အတွက်ဆောက်လုပ်ခဲ့တာဖြစ်ပြီး၊ နောက်ထပ် တရားပွဲတစ်ခု ထပ်မံကျင်းပဖို့ရှိတာကြောင့် ဖျက်သိမ်းခြင်း မပြုဘဲ ဒီအတိုင်းထားခဲ့တာဖြစ်ပါတယ်။
ကြံ့ဖွံ့ပါတီကနေ လွှတ်တော်အမတ်ဖြစ်သွားခဲ့တဲ့ ဦးလှဝင်းဗိုလ်က ဦးဆောင်ပြီးတော့ တရားပွဲဖြစ်မြောက်ရေးအဖွဲ့ကို လာရောက်ပြောဆို ဖျက်သိမ်းခိုင်းခြင်းဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောပွဲခရီးစဉ်အတွင်းမှာ နေရာအခက်တွေ ဖြစ်ပေါ်နေတဲ့ အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ဖြစ်လာတဲ့ ဒီလုပ်ရပ်ဟာ မရိုးသားမှုတွေရှိနေတယ်ဆိုတာ ထင်ရှား ပေါ်လွင် နေပါတယ်။ တရားပွဲဖြစ်မြောက်ရေးအဖွဲ့က တာဝန်ရှိသူတွေကလည်း ဒီကိစ္စအပေါ်မှာ အတော်လေး စိတ်ပျက်လက်ပျက်ဖြစ်နေကြတာကို ကြားသိရပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံလို ထေရ၀ါဒ ဗုဒ္ဓဘာသာနိုင်ငံတစ်ခုမှာ အခုလိုအဖြစ်အပျက်တွေ (တရားဓမ္မကို ပိတ်ပင်သလိုဖြစ်နေတဲ့ လုပ်ရပ်တွေ) ဖြစ်ပေါ်နေတာဟာ ကောင်းတဲ့ လက္ခဏာမဟုတ်ဘူး လို့လည်း ပြောဆို နေကြပါတယ်။
ဖျာပုံမြို့နယ် NLD အဖွဲ့ချုပ်က တာဝန်ရှိသူတွေကို စုံစမ်းမေးမြန်းကြည့်တဲ့အခါမှာေ
'' ကျွန်တော်တို့ NLD အနေနဲ့ ဒီလို ဘာသာရေးနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ ဟောပြောပွဲတွေ ပြုလုပ်ဖို့ ကြိုတင်စီစဉ်ထားခြင်းမရှိပါဘူး၊
ဖျာပုံမြို့ခံ ပြည်သူလူထုတွေကတော့ ဒီလုပ်ရပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောပွဲ ကို အတတ်နိုင်ဆုံး နှောက်ယှက်မယ်ဆိုတဲ့ မသမာတဲ့ အကြံအစည်မျိုးနဲ့ လုပ်တဲ့ လုပ်ရပ်ပဲဖြစ်တယ်လို့ ယူဆ ပြောဆိုနေကြကြောင်းပါဗျာ ... ... .... ။
 

 
  
No comments:
Post a Comment