Sunday, February 5, 2012

ဒေါ်အောင်ဆန်းစုကြည် ဧရာဝတီတိုင်းသို့ ပါ​တီစည်းရုံးရေး ခရီးထွက်မည်

November | 2/05/2012 07:31:00 PM | Best Blogger Tips
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဧရာဝတီတိုင်း ပါတီစည်းရုံးရေးခရီးကို ဖေဖော်ဝါရီ ၇ ရက်မှာ စတင်မှာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၇ ရက် မနက်ပိုင်းမှာ ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်း၊ ညနေပိုင်းမှာတော့ မြောင်းမြမြို့က မီတာလေးရာ အားကစားကွင်းတို့မှာ လူထု ဟောပြောပွဲ ပြုလုပ်မှာ ဖြစ်တယ်လို့ ဧရာဝတီတိုင်း စည်းရုံးရေး အဖွဲ့ဝင် ဦးကျော်ဟိုးက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီစည်းရုံးရေး ခရီးစဉ်အတွင်း ပုသိမ်မြို့က ကျောက်တိုင် အားကစားကွင်းမှာ ဟောပြော စည်းရုံးခွင့်ပြုဖို့ ခွင့်တောင်းရာမှာ ကော်မရှင်က ခွင့်ပြုချက် မပေးခဲ့ပေမယ့် တိုင်း ကော်မရှင်ဘက်က မမှားပါဘူးလို့  ဦးကျော်ဟိုးက ခုလို ပြောပြပါတယ်။

“သူတို့ အကြောင်းပြချက်ကတော့ မမှားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ထုတ်ထားတဲ့ ကော်မရှင်က စာအရ ဆိုရင် ရုံးတွေ၊ ကျောင်းတွေ၊ ဆေးရုံနဲ့ ဈေးတို့ နီးတဲ့နေရာ မပေးရဘူးလို့ သတ်မှတ်ချက် ရှိတာကိုး။ ကျနော်တို့ တောင်းတဲ့ ကျောက်တိုင်ကွင်းက မြို့လယ်ခေါင်မှာ ရှိတဲ့ ကွင်းကို အဲမှာက ရုံးနဲ့ နီးတယ်၊ ဆေးရုံနဲ့နီးတယ်။ ကျောင်းနဲ့လည်း နီးတယ်ပေါ့။”
အဲ့ဒီနေ့မှာ ပုသိမ်တက္ကသိုလ် ကျောင်းသားတွေကို ရုတ်တရက် စာမေးပွဲ ဖြေဆိုခိုင်းတာမျိုး၊ အထက်တန်းကျောင်းတွေမှာ ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားတွေ ကျင်းပပြီး ကျောင်းသားမိဘတွေကိုပါ တက်ရောက်ဖို့ ညွှန်ကြားတာမျိုးတွေလည်း ရှိတယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အဲ့ဒီနေ့မှာ ရန်ကုန်ကနေ မော်တော်ကားနဲ့ ခရီးထွက်မှာ ဖြစ်ပြီး ၁၉၈၉ ခု နောက်ပိုင်း နှစ်ပေါင်း ၂၀ ကျော်အတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဧရာဝတီတိုင်းအတွင်း  ပထမဆုံး စည်းရုံးရေးခရီးစဉ်လည်း ဖြစ်ပါတယ်။ 
From DVB

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1