Tuesday, February 28, 2012

ဒီပဲရင်းကိစ္စကို ဒေါ်အောင်ဆန်းစုကြည်က ခေါင်းထဲမှာ မရှိဟု အစိုးရခေါင်းဆောင်ကိုပြော

November | 2/28/2012 08:49:00 PM | Best Blogger Tips
                                               ဦးတင်ဦးဖွင့်လှစ်ပေးနေစဉ်
၂၀၀၃ ခုနှစ်မေလက စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ဒီပဲရင်း အဖြစ်အပျက်အတွက်ကို မိမိခေါင်းထဲ၌ မထားပါကြောင်းလက်ရှိအစိုးရအဖွဲ့အဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ်က ဒေါ်အောင်ဆန်းစုကြည်က ပြောကြား
ခဲ့ကြောင်း ဦးတင်ဦးက ပြောကြားလိုက်သည်။


ယင်းအဖြစ်အပျက်ဖြစ်ပျက်ပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရခေါင်းဆောင်နှင့် ပထမဆုံး တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်ပြီး ၊ ပြောရသည့် အကြောင်းရင်းမှာ တိုင်းပြည်ငြိမ်းချမ်းစေချင်သည့် တခုထည်းအတွက်ဖြစ်သည်ဟုလည်း ဦးတင်ဦးကပြောဆိုသွားသည်။
သို့ရာတွင် ဒေါ်အောင်ဆန်းစုကြည်က ဒီပဲရင်းအဖြစ်အပျက်မျိုး  နောက်နောင် မြန်မာနိုင်ငံတွင် မည်သည့်အခါမျှ ထပ်မံမဖြစ်ပွားရန်တော့ လိုအပ်သည်ဟုလည်း တွေ့ဆုံစဉ်ပြောဆိုခဲ့ကြောင်း ဦးတင်ဦးက ပြောသည်။

ယနေ့နံနက်ပိုင်း ဗိုလ်တထောင်မြို့နယ် အန်အယ်လ်ဒီရုံးခန်းဖွင့်ပွဲတွင် သဘာပတိအဖွဲ့နာယက ဦးတင်ဦး က ဖွင့်ပွဲအမှာစကားပြောကြားစဉ် ဒီပဲရင်း အဖြစ်အပျက်အကြောင်းကို ထုတ်ဖေါ်ပြောကြားလိုက်ခြင်းဖြစ်သည်။

ဒီပဲရင်း အဖြစ်အပျက်ဖြစ်ပျက်ဖြစ်သည့်နေ့က  ဒေါ်အောင်ဆန်းစုကြည်အား ဦးတင်ဦးက လုံခြုံရေး အခြေအနေကို အကဲခတ်ကာ မသွားဖို့ တိုက်တွန်းသော်လည်း ဒေါ်အောင်ဆန်းစုကြည်က သွားရောက်ရန် ဆုံးဖြတ်ခဲ့သည်ဟုလည်း ဦးတင်ဦးက ယနေ့ မိန့်ခွန်းတွင် ထည့်သွင်းပြောသွားသည်။

ဒေါ်အောင်ဆန်းစုကြည်က စာရေးသားရာမှ ရရှိသည့်ဝင်ငွေဖြင့်  ဒီပဲရင်း အဖြစ်အပျက်ကြောင့် ဒုက္ခရောက်ခဲ့ရသူများအား ယနေ့တိုင် ထောက်ပံ့ပေးလျက်ရှိသည်ဟုလည်းဦးတင်ဦးက ပြောဆိုသည်။

ဒီပဲရင်း အဖြစ်အပျက်မှာ ၂၀၀၃ ခုနှစ်မေလ ၃၀ ရက်နေ့ စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်သို့ စည်းရုံးရေး ခရီးစဉ် သွားရောက်လျှက်ရှိသည့်  ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီ အဖွဲ့ဝင်များကို ကျည်ရွာအနီးတွင် ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ဝင်များဟု ယူဆရသည့် အကြမ်းဖက်သူ အုပ်စုက ရိုက်နှက်သတ်ဖြတ်ခဲ့သည့် ဖြစ်ရပ်ဖြစ်သည်။

ယင်းအဖြစ်အပျက်နှင့် ပတ်သက်၍ န၀တ အစိုးရ က လူ ၄ဦးသေဆုံးပြီး ၅၀ ခန့်ဒဏ်ရာရခဲ့သည်ဟု ဆိုသော်လည်း အတိုက်အခံဘက်မှ ပြောဆိုချက်အရ လူ ၇၀ ကျော် သေဆုံးခဲ့သည်ဟု ဆိုသည်။
Ref; MNN


No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1