
ဦးထွန်းလွင်
ထွန်းလွင်
ဖောင်ဒေးရှင်းနဲ့ အန်ဂျီအို အဖွဲ့အစည်းတခုဖြစ်တဲ့ Ecodep တို့ 
ပူးပေါင်းပြီး ဧရာဝတီတိုင်းမှာ မိုးလေဝသနဲ့ သဘာဝဘေးအန္တရာယ် 
သတင်းထုတ်ပြန်ရေးစခန်း တခု မတ်လမှာ စတင် ဆောင်ရွက်သွားမယ်လို့ 
ဦးထွန်းလွင်က ပြောပါတယ်။
ဧရာဝတီတိုင်း
က အင်တာနက် အသုံးပြုလို့ရတဲ့ မြို့တွေမှာ မိုးလေဝသနဲ့ 
သဘာဝဘေးအန္တရာယ် သတင်းထုတ်ပြန်ရေးစခန်း ဖွင့်လှစ်မှာလို့ 
ဦးထွန်းလွင်က ပြောပါတယ်။
“ကျနော်က
တော့ ဒီ သတင်းအချက်အလက် ထုတ်ပြန်တဲ့ အလုပ်ကို Ecodepနဲ့ 
ဖောင်ဒေးရှင်းက ပေးမှာပေါ့လေ။ အဲဒီသတင်းကတော့ ကျနော်တို့က 
အင်တာနက်မှာပဲ အဓိက ထားမှာပေါ့။ အဲဒီတော့ နယ်မြေမှာ 
အင်တာနက်သုံးလို့ရတဲ့ မြို့ကြီးတွေ ရှိနေပြီပေါ့။ ဥပမာ – 
ဘိုကလေးတို့၊ ဖျာပုံတို့ ဒီလိုနေရာမျိုးတွေမှာ ကျနော်တို့ နယ်မြေ
 အထူးကုမ္ပဏီတွေလည်း ရှိနေတယ်။ နောက်ပြီးတော့ ကျနော်ဆီကိုလည်း 
ရေလုပ်သားအဖွဲ့အစည်းတွေက လာတယ်။ အဲဒီတော့ သူတို့က အဲဒီမှာ 
သတင်းအချက်အလက် စင်တာဆိုပြီးတော့ ဖွဲ့ရမှာပေါ့နော်။ အဲဒီအဖွဲ့မှာ 
အင်တာနက် ဝန်ဆောင်မှုတွေလိုမယ်။ နောက်ပြီးတော့ အင်တာနက်သုံးတတ်တဲ့ 
ကလေးတွေ လိုမယ်။ နောက်ပြီးတော့ ဒီကနေ ရလာတဲ့ သတင်းအချက်အလက်ကို 
အဲဒီ လယ်သမားနဲ့ ရေလုပ်သားတွေဆီကို သူတို့အဖွဲ့တွေ အလိုက်ပေါ့နော်။
 ရေလုပ်သားဆိုလည်း ရေလုပ်သားအဖွဲ့ပေါ့။ နောက် လယ်သမားဆိုရင်လည်း 
ဆန်စပါးအသင်းလို အဖွဲ့မျိုးကနေပြီးတော့ ထပ်ဆင့် ဖြန့်ဝေပြီးတော့
 ထုတ်ပေးတဲ့။ တနည်းပြောရရင်တော့ အောက်ခြေလူတန်းစားအထိ သတင်းကို 
ခိုင်ခိုင်မာမာနဲ့ မြန်မြန်ဆန်ဆန်ရောက်ဖို့ လုပ်တဲ့သဘောပါပဲ။ သူတို့ 
နားလည်သိနိုင်တဲ့ ဘာသာစကားကိုလည်း သုံးမယ်။ အကြံပေးတွေလည်း 
ထည့်ပေးမယ်ပေါ့။”
ဒီစခန်းမှာ 
အင်တာနက် တပ်ဆင်ထားပြီး နိုင်ငံတကာ မိုးလေဝသများ၊ သဘာဝ ဘေးအန္တရာယ် 
သတင်းထုတ်ပြန်ချက်များနဲ့ ပြည်တွင်းရှိ မိုးလေဝသ သတင်းတွေကို 
တိုက်ရိုက်ထုတ်ပြန် သတင်းပေးပို့ သွားမယ်လို့ ဦးထွန်းလွင်က 
ပြောပါတယ်။
အထူးသဖြင့် 
ကျေးလက်နေပြည်သူ၊ လယ်သမားများနဲ့ ရေလုပ်သားတွေ အတွက် 
သတင်းမှန်နဲ့ အမြန်ဆုံး ရောက်ရှိဖို့ ရည်ရွယ်ပြုလုပ်တာလို့ 
ပြောပါတယ်။ ဒီသတင်းထုတ်ပြန်မှုကို ရေဒီယို အသံလှိုင်းနဲ့ ထုတ်လွှင့်မှာ
 မဟုတ်ဘဲ လက်ကမ်းစာစောင်ကနေ ဖြန့်ဝေမယ်လို့ ဦးထွန်းလွင်က 
ပြောပါတယ်။
From DVB 
 

 
No comments:
Post a Comment