ကြားဖြတ်
ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီတွေကို အစိုးရပိုင်
ရေဒီယိုနဲ့ရုပ်မြင်သံကြားကနေ မဲဆွယ် စည်းရုံး
ဟောပြောခွင့်ပေးမယ်လို့ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က
ဒီနေ့ ရက်စွဲနဲ့ထုတ်ပြန်ကြေညာလိုက်ပါတယ်။
လွှတ်တော်အသီး
သီးမှာ လစ်လပ်နေတဲ့ မဲဆန္ဒနယ် ၄၈ နေရာအတွက် ဧပြီ ၁ ရက်နေ့
ပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ
ဝင်ပြိုင်ဖို့စာရင်းသွင်းထားတဲ့ နိုင်ငံရေးပါတီ ၁၇ ပါတီကို
ပါတီမူဝါဒနဲ့လုပ်ငန်းစဉ်တွေ စည်းရုံးမဲဆွယ် ဟောပြောခွင့်
ပေးမယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။
ပါတီဥက္ကဋ္ဌ
ဒါမှမဟုတ် အတွင်းရေးမှူးက ဟောပြောမယ့် အကြောင်းအရာ စာမူကို
အနည်းဆုံး သီတင်းတပတ်ကြိုတင်ပြီး ရွေးကောက်ပွဲကော်မရှင်ကို
တင်သွင်းလျှောက်ထားရမှာဖြစ်ပြီး စာမူကို
ပြန်ကြားရေးဌာနနဲ့ကော်မရှင်တို့စိစစ်ပြီးမှ
ခွင့်ပြုမယ်လို့ဆိုပါတယ်။
ရွေး
ကောက်ပွဲဝင်ပြိုင်မယ့် ပါတီအတွေအနေနဲ့ ရေဒီယိုနဲ့
ရုပ်မြင်သံကြားတွေမှာ ၁၅ မိနစ်ကြာ ဟောပြောမဲဆွဲစည်းရုံးခွင့်ရမှာပါ။
ဒါပေမယ့် ဘယ်နေ့မှာ စတင်မဲဆွယ်ခွင့်ရမလဲဆိုတာ မဖော်ပြထားပါဘူး။
ပါတီတခုချင်း
အလိုက် မဲဆွယ်ဟောပြောခွင့်ရမယ့် နေ့ရက်နဲ့အချိန်ဇယားကို တော့
ရွေးကောက်ပွဲကော်မရှင်က သက်ဆိုင်ရာ ဌာန၊
အဖွဲ့အစည်းတွေနဲ့ညှိနှိုင်းပြီး သတ်မှတ်ပေးမယ်လို့သိရပါတယ်။
From DVB
No comments:
Post a Comment