Thursday, February 16, 2012

CDMA 800mhz Phone များ၏ Miss Call အသုံးပြုမှုအား Phone Bill ၃၀၀ကျပ် ဖြတ်တောက်ခံနေရ

November | 2/16/2012 09:22:00 PM | Best Blogger Tips
CDMA 800mhz Phone များ၏ Miss Call အသုံးပြုမှုအား Phone Bill ၃၀၀ကျပ် ဖြတ်တောက်ခံနေရကြောင်း အသုံးပြုနေသူများထံမှ ကြားသိနေရပါသည်။ 
(''ဒီနေ့ သူငယ်ချင်းတစ်ယောက်မှ ပြောပြသဖြင့် မိမိကိုယ်တိုင်ပင်စမ်းသပ်အသုံးပြုကြည့်ပါသည်။
အသုံးမပြုမှီက ဖုန်းတွင်းမှလက်ကျန်ငွေအား စစ်ထားလိုက်ပါသည် ၆၁၇၅ကျပ်ကျန်ရှိပါသည်။

ထို့နောက်အနားတွင်ရှိနေသော သူငယ်ချင်း၏ဖုန်းအား Miss Call ပေးကြည့်ပါသည်။ဖုန်းတွင်းရှိ
လက်ကျန်ငွေကို ပြန်စစ်ကြည့်သောအခါ ၅၈၇၅ကျပ်သာကျန်ရှိနေပါတော့သည်။'')
Miss Call အသုံးပြုရခြင်းမှာ မိမိဖုန်းတွင် အရေးကြီးကိစ္စပြောရန် လက်ကျန်ငွေနည်းနေ၍ဖြစ်စေ
မိမိသည်ဖုန်းငွေဖြည့်ကဒ်ဝယ်ယူရန်မရနှိင်သည့်နေရာတွင်ရောက်ရှိနေ၍ အသုံးပြုရခြင်းဖြစ်သည်။
CDMA 800mhz Phone များ၏ အထွက်ခေါ်ဆိုမှုအတွက်တစ်မိနစ်လျှင် ၅၀ကျပ်ကောက်ခံခြင်း
ဖြစ်သည်။Miss Call အသုံးပြုမှုအတွက် ၃၀၀ကျပ်မှာအင်မတန်များပြားလှပါသည်။Software Error
ကြောင့်လား၊ဘာအကြောင်းကြောင့်လည်းဆိုသည်ကိုတော့ သိရှိရခြင်းမရှိသေးပါ။
By November

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1