Thursday, February 16, 2012

OSS အဖွဲ့၏ ကား CIF ဈေးနှုန်းသတ်မှတ်ချက်အချို့ မှားယွင်းနေကြောင်း ဝေဖန်လာကြ Alphard အမျိုးအစားကားတစ်မျိုးတည်း၏ ဈေးကွဲလွဲမှုသည်ပင် နိုင်ငံအတွက်အခွန်ကျပ် ၁၀ ဘီလျံနစ်နာနိုင်

November | 2/16/2012 03:21:00 PM | Best Blogger Tips
အနိမ့်ဆုံး အမေရိကန်ဒေါ်လာ ၁၅၀၀၀ မှ ၂၀၀၀၀ အထိတန်ကြေးရှိပြီး နိုင်ငံတော်မှ အခွန် ကျပ် ၁၀ ဘီလျံဝန်းကျင်အထိ နစ်နာသွားနိုင်သည့် Toyota Alphard 2002အမျိုးအစားကား


ဘီလျံနစ်နာနိုင်
OSS အဖွဲ့၏ ကား CIF ဈေး နှုန်းများသတ်မှတ်မှုမှာ လွဲချော်မှုများ ရှိနေကြောင်းနှင့် Alphard အမျိုးအစား ကားတစ်မျိုးတည်း သတ်မှတ်သည့်အပေါ် အခြေခံတွက်ချက်လျှင်ပင် ကျပ် ၁၀ ဘီလျံဝန်းကျင်အထိ နစ်နာသွား မည်ဖြစ်ကြောင်း လုပ်ငန်း ရှင်များက သုံးသပ်ခဲ့ကြသည်။
အမေရိကန်ဒေါ်လာ ၅၀၀၀ ၀န်းကျင်သာ တန်ကြေးရှိသော်လည်း Toyota Alphard 2002 ထက်ပို၍ အခွန်ပိုမိုပေးဆောင်ရသည့် Toyota Estima ကားအမျိုးအစား
''Alphard ၂၀၀၂ ကတစ်ကယ်တော့ အမေရိကန်ဒေါ်လာ အနည်းဆုံး ၁၅၀၀၀ ကနေ ၂၀၀၀၀ လောက်ထိ ရှိတာပါ။ ဒါကို ဒေါ်လာ ၅၀၀၀ ပဲသတ်မှတ်ပြီး အခွန်ကောက်တယ်။ အဲဒီအတွက် နိုင်ငံတော်က ရသင့် ရထိုက်တဲ့ အခွန်တစ်စီးကို ကျပ် သိန်း ၁၀၀ လောက်နစ်နာတယ်။ အခု ကားဟောင်းရော၊ သင်္ဘောသားနဲ့ အခြားကားသွင်းခွင့်အပါအ၀င် စုစုပေါင်း အစီး ၇၀၀၀၀ သွင်းဖို့ သတ်မှတ်ထားတယ်။ အခုသွင်းပြီးသား အစီးရေရော အခုလိုဈေးကွဲလွဲနေတဲ့ အတွက်ရော သွင်းလာကြမယ့်အစီးရေက ၁၀၀၀ လောက်ရှိလိမ့်မယ်။ ၂၀၀၆ မော်ဒယ်အထိတိုးပြီး သတ်မှတ်တဲ့အခါကျမှ Alphard တင်သွင်းခွင့်ပေးခဲ့တာ။ အခုတောက်လျောက် Alphard အများကြီးသွင်းနေပြီ။ အစီး ၁၀၀၀ ထိဆိုရင် ကျပ် ၁၀ ဘီလျံ လောက် နိုင်ငံ့အခွန် နစ်နာသွားပါပြီ။ ဒါတောင် ကားအမျိုးအစားတစ်မျိုးတည်းကိုပဲ တွက်ချက်ပြောပြတာပါ။ Alphard 2002 ကို အမေရိကန်ဒေါ်လာ ၅၀၀၀ ပဲ သတ်မှတ်ပြီး ဒေါ်လာ ၅၀၀၀ လောက်တန်တဲ့ Estima ကို အမေရိကန်ဒေါ်လာ ၁၅၀၀၀ လောက် ဆောင်ထားရတာကလည်း လွဲနေတာပဲ။ 2011 Camry ကို အမေရိကန်ဒေါ်လာ ၄၃၅၀၀ သတ်မှတ်တယ်၊ 2011 Mark X ကျတော့ ၅၀၀၀၀ သတ်မှတ်တာကလည်း လွဲနေတာပဲလေ။ ၂၀၁၁ မော်ဒယ်မှာကျတော့ Camry က ဈေးနိမ့်ပြီး Mark X က ဈေးမြင့်တယ်။ ၂၀၀၇ ကနေ ၂၀၁၀ မော်ဒယ်အတွင်း သတ်မှတ်တာကျတော့ Camry က မြင့်ပြီး Mark X က နည်းနေတယ်။ ဘာကိုကြည့်ပြီး ဈေးသတ်မှတ်တာလဲ မသိပေမယ့် ကားလုပ်ငန်းရှင်တစ်ချို့ သွင်းချင်တဲ့ပုံစံမျိုး လုပ်ပေးသလိုဖြစ်နေတယ်။ OSS အဖွဲ့အနေနဲ့ ဂျပန်လေလံဈေးကွက်ဈေးကို ယူရင် ယူ၊ ဒါမှမဟုတ် ကားဈေးနဲ့ပတ်သက်တဲ့ နိုင်ငံတကာ Websiteတစ်ခုကိုပဲ အမှန်ယူပြီး ဈေးနှုန်းယူတာက ပိုပြီးထင်သာမြင်သာ ရှိမယ်ထင်ပါတယ်။ အင်တာနက်လောက်တော့ ကြည့်သင့်ပါတယ်။ ကားသွင်းတဲ့အစီအစဉ် လုပ်ကိုင်နေတာလည်း ၆ လလောက်ရှိနေပါပြီ။ လုပ်ငန်းကျွမ်းကျင်မှု ရှိနေပါပြီ။ လုပ်ငန်းမကျွမ်းကျင်တာမဟုတ်ပဲ စီးပွားရေးလုပ်ငန်းရှင်တွေ လုပ်ချင်တဲ့ပုံစံအတိုင်း သတ်မှတ်နေတာမျိုး မဖြစ်ဖို့တော့ မျှော်လင့်ပါတယ်။ နောက်ဆုံးအလွဲဆုံးတစ်ချက်ကို ထောက်ပြရရင်တော့ ဒီဇယ်နဲ့ ဓာတ်ဆီအင်ဂျင် မှာ မြန်မာနိုင်ငံကသွင်းနေတဲ့ အမျိုးအတွေထဲမှာ ဓာတ်ဆီအင်ဂျင်ကဈေးနိမ့်ပြီး ဒီဇယ်က ဈေးမြင့်တာ အားလုံးသိတယ်။ ဂျပန်ကားလုပ်တဲ့ သူတွေအားလုံး သိတယ်။ အခု ဓာတ်ဆီကားက ဈေးမြင့်ပြီး ဒီဇယ်ကို ဈေးနည်း ထားတာကလည်း  ပြောစရာဖြစ်နေတယ်။ သွင်းသင့်တဲ့ကားမသွင်းရပဲ။ မသွင်းသင့်တဲ့ကားသွင်းနေရတယ်'' ဟု ကားဟောင်းအပ်ကာ ကားသစ် တင်သွင်းမည့်သူတစ်ဦးကဆိုသည်။
''OSS အဖွဲ့ရဲ့သတ်မှတ်တဲ့အတိုင်း သွင်းလာတဲ့ ၁၃၀၀ စီစီကားကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ကားထုတ်တော့ ဈေးတိုးသတ်မှတ်မယ်ဆိုလို့ ကားထုတ်မရဘူး။ Alphard သွင်းတဲ့သူတွေကျတော့ CIF ၅၀၀၀ နဲ့ရတယ်။ အဲဒီအထိ လွဲနေကြပါ တယ်''ဟု သင်္ဘောသားတစ်ဦးကလည်း ပြောပြခဲ့ပါသည်။
From EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1