Monday, March 12, 2012

ဘတ်ဂျက် ဥပဒေကြမ်းအရ ၂၀၁၂ ခုနှစ်တွင် ပြည်ထောင်စု၏ အခွန်အကောက်ရငွေမှာ ကျပ်ငွေ ၁၄၄၄ ဘီလျံ ရှိမည်ဖြစ်ပြီး အခွန်နှုန်းကို တိုးမြှင့်ရန် မလိုဘဲ အခွန်ကောက်ခံမှု စနစ်များကို ပြင်ဆင်ကျင့်သုံးပါက ဘတ်ဂျက်လိုငွေကို ကုစားနိုင်မည်ဖြစ်ကြောင်း ပြည်သူ့ငွေစာရင်း ကော်မတီတင်ပြ

November | 3/12/2012 10:53:00 AM | Best Blogger Tips
ဘတ်ဂျက်ဥပဒေကြမ်းအရ ၂၀၁၂ ခုနှစ်တွင် ပြည်ထောင်စု၏ ရငွေစုစုပေါင်းတွင် အခွန်အကောက် ရငွေမှာ ငွေကျပ် ၁၄၄၄ ဘီလျံရှိ မည်ဖြစ်ပြီး ၎င်းရငွေမှာ ဂျီဒီပီ၏ ၂ ဒသမ ၈ ရာခိုင်နှုန်းသာရှိကြောင်း ပထမအကြိမ် ပြည်သူ့လွှတ်တော်တတိယပုံမှန်အစည်းဝေးသို့တင်သွင်းသည့် ပြည်သူ့ငွေစာရင်း ကော်
မတီ၏ အစီအရင်ခံစာတွင် ဖ်ာပြထားသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ အခွန်နှုန်းထားများမှာ နိုင်ငံတကာစံနှုန်း များအရ အမြင့်ဆုံး အနေအထားတွင် ရှိသောကြောင့် အခွန်နှုန်းကို တိုးမြှင့် ရန်မလိုဘဲ အခွန်ကောက်ခံမှုစနစ် များကိုပြင်ဆင်ကျင့်သုံးပါက ဘတ် ဂျက်လိုငွေကို ကုစားနိုင်မည်ဖြစ်ကြောင်း ပထမအကြိမ် ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ၏ အစီအရင်ခံစာတွင် ဖော်ပြထားကြောင်း သိရှိရသည်။
“ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၀၁၂ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေတွင် ပြည်ထောင်စု၏ ရငွေစုစုပေါင်း(Revenue) တွင် အခွန်အကောက်ရငွေမှာ ၁၄၄၄ ကျပ် ဘီလီယံသာဖြစ်ကြောင်း သိရှိရပါသည်။ ၎င်းရရှိငွေမှာ GDP ၏ ၂ ဒသမ ၈ ရာခိုင်နှုန်းသာရှိကြောင်း တွေ့ရှိရပါသည်။ နိုင်ငံတကာ စံနှုန်းများအရ အခွန်ရငွေနှင့် GDP ၏အ ချိုးမှာ ၁၀ ရာခိုင်နှုန်းအထက် ရှိကြောင်း သိရပါသည်။ မြန်မာနိုင်ငံ၏ အခွန်နှုန်းထားများမှာ နိုင်ငံတကာ စံနှုန်းများအရ အမြင့်ဆုံး အနေအထားတွင် ရှိသောကြောင့် အခွန်နှုန်းကို တိုးမြှင့်ရန်မလိုဘဲ အခွန်ကောက်ခံမှု စနစ်များကို ပြင်ဆင်ကျင့်သုံးပါက ဘတ် ဂျက်လိုငွေကို ကုစားနိုင်မည်ဖြစ်ပါသည်။ ပြည်ထောင်စုအစိုးရသည် အခွန်ကောက်ခံရရှိမှုကို နိုင်ငံတကာ စံနှုန်းများအတိုင်း အခွန်ရငွေနှင့် GDP အချိုးကို ၁၀ ရာခိုင်နှုန်းခန့် ရရှိအောင် ဆောင်ရွက်နိုင်ပါက အခွန်ရငွေသည် လက်ရှိထက် ကျပ် ၃၀၀၀ ဘီလျံခန့် ပိုမိုရရှိလာမည် ဖြစ်သောကြောင့် ဘတ်ဂျက်လိုငွေကို ကာမိနိုင်မည် ဖြစ်ပါသည်။ ပြည်ထောင်စု အစိုးရသည် သုံးငွေကိုသာ တိုးမြှင့်မနေဘဲရငွေများ တိုးမြှင့်နိုင်ရေးအတွက် လည်းလုပ်ဆောင်ရန် လိုအပ်ကြောင်း တွေ့ရှိရပါတယ်”ဟု အစီအရင်ခံထားသည်။ ၂၀၁၁-၂၀၁၂ ခုနှစ် အခွန် အကောက်ရငွေသည် ၂၀၁၀-၂၀၁၁ ခုနှစ် အခွန်အကောက် ရငွေထက် ကျပ် ၁၈၂ ဒသမ ၅၂၄ ဘီလီယံ လျော့နည်း ရရှိမည်ဟု ခန့်မှန်းထားကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက လွှတ်တော်တွင် ပြောကြားခဲ့သည်။
ပြည်ထောင်စု၏ အခွန်ရငွေ လျော့နည်း ခန့်မှန်းရသည့် အကြောင်းများထဲတွင် ယခုဘဏ္ဍာရေးနှစ် အတွင်းတွင် ပို့ကုန်အပေါ် ကောက်ခံသည့်အခွန်ကို ၈ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းသို့ လျော့ပေါ့သက်သာ ခွင့်ပြုခြင်း၊ အချို့ပို့ကုန်များအပေါ် အခွန်လုံးဝ ကင်းလွတ်သက်သာ ခွင့်ပြုခြင်း၊ နိုင်ငံခြားဝင်ငွေဖြင့် ရရှိသည့် လက်ခစားလုပ်ငန်းနှင့် လစာမှဝင်ငွေများအပေါ် ကောက်ခံသော ၀င်ငွေခွန်ကို ၁၀ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းသို့ လျော့ချခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရသည်။
Ref; EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1