Monday, March 12, 2012

 အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်း မြန်မာနိုင်ငံသို့ ယခုနှစ်အတွင်း လာရောက် လည်ပတ်မည် ၂၅နှစ်အတွင်း မြန်မာနိုင်ငံသို့ အိန္ဒိယ ၀န်ကြီးချုပ် တစ်ဦး လာရောက်ခြင်းဖြစ်

November | 3/12/2012 03:56:00 PM | Best Blogger Tips

အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းသည် မြန်မာနိုင်ငံသို့ ယခုနှစ် အတွင်း လာရောက် လည်ပတ်မည် ဖြစ်ကြောင်း အိန္ဒိယသမ္မတနိုင်ငံ နိုင်ငံခြားရေး အတွင်းဝန် Ranjan Mathai က မြန်မာ ဂျာနယ်လစ်များနှင့် မတ်လ ၉ ရက်နေ့ ညပိုင်းက တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။
အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းသည် မြန်မာနိုင်ငံသို့ ယခုနှစ် အတွင်း လာရောက် လည်ပတ်မည် ဖြစ်ကြောင်းနှင့် အစောဆုံး လာရောက်နိုင်ရန်လည်း ဆောင်ရွက်နေကြောင်း အိန္ဒိယ သမ္မတနိုင်ငံ နိုင်ငံခြားရေး အတွင်းဝန် Ranjan Mathai က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသို့ ယခုနှစ်အတွင်း လာရောက်ရန် စီစဉ်နေသည့် အိန္ဒိယ ၀န်ကြီးချုပ် မန်မိုဟန်ဆင်း၏ မြန်မာနိုင်ငံခရီးစဉ်သည် ၂၅ နှစ်အတွင်း အိန္ဒိယ၀န်ကြီးချုပ်တစ်ဦး အနေဖြင့် လာရောက်ခြင်း လည်း ဖြစ်သည်။
မြန်မာနိုင်ငံသို့ ရာဂျစ်ဂန္ဒီသည် အိန္ဒိယ၀န်ကြီးချုပ် အဖြစ် ၁၉၈၇ ခု နှစ် ဒီဇင်ဘာလ က လာရောက် လည်ပတ်ခဲ့သည်။ အိန္ဒိယသမ္မတနိုင်ငံ နိုင်ငံခြားရေး အတွင်းဝန် Ranjan Mathai  သည် နေပြည်တော်တွင် ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးအား မတ်လ ၈ ရက်နေ့ ည နေပိုင်းက သွားရောက်တွေ့ဆုံပြီး နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။
Ref; EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1