ကော့ကရိတ်-သင်္ကန်းညီနောင် လမ်းအူကြောင်းသစ်ပြ မြေပုံ 
အရှေ့အာရှ စီးပွားရေးစင်္ကြံ၏ အဓိကလမ်းအစိတ်အပိုင်းဖြစ်သော 
မြ၀တီ-သင်္ကန်းညီနောင်၊ ကော့ကရိတ် ဒုတိယမြေပြန့်လမ်းသစ်ကိုထိုင်းနိုင်ငံSeeSangကုမ္ပဏီလီမိတက်မှရက်ပေါင်း၈၄၀အတွင်းအပြီး
တည်ဆောက်ဖောက်လုပ်ရန်နှင့်
မကြာမီရက်ပိုင်း၌စတင်တည် 
ဆောက်တော့မည်ဖြစ်ကြောင်း
 မြန်မာ့ဆောက်လုပ်ရေးဌာနမှ သိရှိရသည်။
''See Sang  ကုမ္ပဏီကမကြာခင် ရောက်လာတော့မှာပါ။ ကုမ္ပဏီအနေနဲ့ 
လက်ရှိတံတားဟောင်း ကြံ့ခိုင်မှုအပိုင်း၊ မြ၀တီ-သင်္ကန်းညီ နောင်လမ်းပိုင်း၊ 
ဒုတိယလမ်းသစ်ရယ်ကို အရင်ဆုံး လုပ်ဆောင်သွားမှာဖြစ်ပါတယ်''ဟု 
ပြည်သူ့ဆောက်လုပ်ရေး မြို့နယ်အင်ဂျင်နီယာရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
နယ်စပ်မြ၀တီမြိုမှ လက်ရှိသွားလာနေသော သင်္ကန်းညီနောင်-ကော့ကရိတ် 
ဒေါနတောင်ကျော် ကုန်သွယ်လမ်းမှလမ်းပိုင်းမှာ ခရီးမိုင် ၃၀ ရှိပြီး 
ယခုဖောက်လုပ်မည့် ဒုတိယလမ်းမှာ ၁၈ မိုင်၊ ၂၈ ဒသမ ၆၀၇ ကီလိုမီတာ 
ရှည်လျားကြောင်း၊ လမ်းအကျယ် ၁၀ မီတာရှိပြီး နိုင်လွန်ကတ္တရာလမ်း 
အမျိုးအစားဖြစ်ကြောင်း၊ ထိုင်း၊ မြန်မာ-အိန္ဒိယလမ်းပိုင်းစီမံကိန်း၏ ဘီအဆင့်
 ဒုတိယလမ်းပိုင်း ရွေးချယ်ဖောက်လုပ်ခဲ့ခြင်းဖြစ်ပြီး မူလသင်္ကန်းညီနောင်-ကော့
 ကရိတ်လမ်းပိုင်းထက် ၁၂ မိုင် တိုတောင်းသွားကာ ဘတ် ၁၁၆၆  သန်း 
ကုန်ကျခံတည်ဆောက်သွားရန် လျာထားကြောင်းလည်း သိရသည်။
မြ၀တီ-သင်္ကန်းညီနောင်-ကော့ကရိတ် ဒုတိယလမ်းမှာ ဂျပန်ခေတ်က ဖောက်လုပ်ခဲ့သော
 လမ်းအူကြောင်းလည်းဖြစ်ပြီး အောက်ခံမြေသား ကောင်းမွန်ခြင်း၊ 
ဒေါနတောင်ရှောင်ကွင်းကာ ညီနောင်-တတံကူး-ကော့နွဲ့၊ 
ချောင်းတောင်-လှိုင်ဝရွာတွင် လက်ရှိလမ်းဟောင်းနှင့် ပေါင်းဆုံမည်ဖြစ်ကြောင်း
  သိရသည်။
အဆိုပါ လမ်းပိုင်းတည်ဆောက်ရေးလုပ်ငန်းတွင် မိုင်တိုင် အမှတ် 
(၉၂/၇)မှစတင်ကာ ခုနစ်ကီလိုမီတာ (၄ ဒသမ ၃၅၁၉) မိုင်ကို မြ၀တီမြို့နယ် 
အင်ဂျင်နီယာများက တာဝန်ယူကြီးကြပ်ပြီး ကော့ကရိတ်ဘက်ခြမ်း 
၂၁ကီလိုမီတာ(၁၃ဒသမ၀၅၅၇)မိုင်ကို ကော့ကရိတ်ခရိုင် အင်ဂျင်နီယာမှူးကြီးက 
ကြီးကြပ်ပြီး ထိုင်းနိုင်ငံ See Sang ကုမ္ပဏီလီမိတက်မှ တာဝန်ယူဖောက်လုပ်ကာ 
အခြေခံအလုပ်သမားများအား မြန်မာနိုင်ငံအတွင်းမှ 
ခေါ်ယူလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
Ref; EMG 

No comments:
Post a Comment