Friday, April 6, 2012

ရန်ကုန်မြို့တွင် ရောင်းချလျက်ရှိသည့် နယ်ဒေသများမှ မိုဘိုင်းဆင်းမ်ကတ်များ မေလရောက်မှ အသုံးပြုနိုင်မည်

Ever November | 4/06/2012 07:12:00 PM | Best Blogger Tips
ရန်ကုန်မြို့တွင် ရောင်းချလျက်ရှိသည့် နယ်ဒေသများမှ ကျပ်နှစ်သိန်းတန် GSM မိုဘိုင်းဖုန်းများနှင့် ကျပ်နှစ်သိန်းခွဲတန် WCDMA မိုဘိုင်းဖုန်းများသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ မေလရောက်
မှသာ ယူဆောင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

ရန်ကုန်မြို့ရှိ မိုဘိုင်းဖုန်းဆိုင်အချို့မှ နယ်ဒေသများတွင် ချထားပေးလျက်ရှိသည့် မိုဘိုင်း Sim Card များအား  ဧပြီလ ၉ ရက်နေ့ ရန်ကုန်တိုင်း ဒေသကြီးအတွင်း၌ စတင်ရောင်းချမည့် ကျပ်နှစ်သိန်းတန် GSM မိုဘိုင်းဖုန်း များ လိုင်းပွင့်မည့်အချိန်တွင် အသုံးပြုနိုင်မည်ဟု မှတ်ထင်ကာ ရောင်းချလျက်ရှိကြောင်းနှင့် အမှန်တကယ် ၎င်းနယ် ဒေသများမှ မိုဘိုင်း Sim Card များသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ မေလအတွင်းမှသာ ယူဆောင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
''အခုရောင်းနေကြတာက မကွေးဘက်မှာ ရောင်းနေတဲ့ကတ်တွေနဲ့ မွန်ပြည်နယ်ဘက်မှာ ရောင်းနေတဲ့ ကတ်တွေများတယ်။ မကွေးဘက်က ဖုန်းနံပါတ်တွေက ၀၉၄၂၈၀ နဲ့စတာ။ ရန်ကုန်မှာအခု ၉ ရက်နေ့ စရောင်းမယ့် ဖုန်းတွေက ၀၉ ၄၂၀၀ နဲ့ ၀၉ ၄၂၁၀ ဂဏန်းတွေနဲ့စမှာ။ ရန်ကုန်ကထွက်တဲ့ ဖုန်းတွေက တစ်နိုင်ငံလုံးကိုယူပြီး ပြောလို့ရပါတယ်။ တခြားနယ်က ဖုန်းတွေကိုတော့ မန္တလေးစည်ပင်သာယာ နယ်နိမိတ်ထဲ ယူသုံးလို့ မရနိုင်သေးဘူး။ မန္တလေးတိုင်းဒေသကြီးထဲကိုတော့ ယူသုံးလို့ရမယ်။ ရန်ကုန်တိုင်းဒေသကြီး တစ်ခုလုံးအတွင်းကိုတော့ တခြားပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ချထားပေးနေတဲ့ ကျပ်နှစ်သိန်းတန် ဖုန်းတွေအားလုံး မေလရောက်မှ ယူဆောင်ပြောလို့ရမှာပါ''ဟု Elite Tech Service မှ တာဝန်ရှိသူက ဆိုသည်။

ရန်ကုန်မြို့နှင့် မန္တလေးမြို့များအတွက် ကျပ်နှစ်သိန်းတန် GSM အား ဧပြီလ ၉ ရက်နေ့နှင့် ကျပ်နှစ်သိန်းခွဲတန် WCDMA ဖုန်းများအား ဧပြီ ၂၃ ရက်တွင် ရောင်းချပေးမည်ဖြစ်သည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1