ဂျာနယ်များတွင် ပါရှိသည့်
စီးပွားရေးကြော်ငြာများနှင့် ရုပ်သံ ကဏ္ဍများတွင် အမျိုးသမီးများ အား
မည်သို့အသုံးချနေသည်ကို အမျိုးသမီးများ ကိုယ်တိုင် သတိထားသင့်ကြကြောင်း
စာရေးဆရာမ ဂျူး က ပြောသည်။
ရန်ကုန်မြို့တွင် သုံးရက်ကြာ ပြုလုပ်ခဲ့သည့် ‘မီဒီယာထဲမှ အမျိုးသမီးများ’ (Women in Media Forum) ဆွေးနွေးပွဲ
နောက်ဆုံးနေ့ ကြာသပတေးနေ့တွင် ဆရာမက ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“အမျိုးသမီးတွေက
မီဒီယာကို ဘယ်လိုအသုံးချနေသလဲ၊ အမျိုးသမီးတွေကို မီဒီယာက ဘယ်လို
အသုံးချနေသလဲ။ ဒါကို အမျိုးသမီးတွေကိုယ်တိုင် သိဖို့လိုတယ်။ ကြည့်တဲ့
ပရိသတ်လည်း သိဖို့လိုတယ်။ နောက် ကိုယ်တိုင်ပါဝင်တဲ့
အမျိုးသမီးကိုယ်တိုင်လည်း သိဖို့လိုတယ်” ဟု ဂျူး က ပြောဆိုသတိပေးသွားသည်။

အမျိုးသမီးများအား မည်သို့အသုံးချနေသည်ကို အမျိုးသမီးများ ကိုယ်တိုင် သတိထားသင့်ကြကြောင်း စာရေးဆရာမ ဂျူး က ပြော (ဓါတ်ပုံ မဇ္ဈိမ)
Creative
Media House (CMH)၊ Yangon Film School(YFS) နှင့် Local Print Media တို့
ကမကထပြု စီစဉ်ပြီး ရန်ကုန်မြို့ စင်ထရယ် ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် အဆိုပါ
ဆွေးနွေးပွဲ နောက်ဆုံးနေ့သို့ ပြည်တွင်းမှ အမျိုးသမီး သတင်းထောက်များ၊
စာရေးဆရာမများ၊ အနုပညာရှင်များနှင့် အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူများ
စုစုပေါင်း ၃ဝ ခန့် တက်ရောက်ဆွေးနွေးခဲ့ကြသည်။
မီဒီယာလောကအတွင်းမှ
အမျိုးသမီးများ ကြုံတွေ့နေရမှုများကိုလည်း ပြည်တွင်း အမျိုးသမီး
သတင်းထောက်များက အတွေ့အကြုံများ ဖလှယ်ကြရာ ဆဲဗင်းဒေး အပတ်စဉ်ဂျာနယ်မှ
မအေးသူစံကလည်း သူမ ကြုံတွေ့ခဲ့ရသည့် ရုပ်ရှင် မင်းသမီး ထက်ထက်မိုးဦးနှင့်
အမှုအကြာင်း ပြောပြခဲ့သေးသည်။
မအေးသူစံမှာ အင်တာဗျူးမေးခွန်းကြောင့်
သရုပ်ဆောင်မင်းသမီး ထက်ထက်မိုးဦး၏ ကိုယ်ထိလက်ရောက် ကျူးလွန်မှု ကို
ခံခဲ့ရပြီး တရားပြန်လည်စွဲဆိုခဲ့ရာ ရန်ကင်းမြို့နယ် တရားရုံးက
ထက်ထက်မိုးဦးအား ဒဏ်ငွေ တထောင် ပြစ်ဒဏ် ချမှတ်ခဲ့သည်။
မဇ္ဈိမ
No comments:
Post a Comment