Friday, April 6, 2012

အစိုးရနှင့် ဆွေးနွေးမှု အားရဖွယ်ရှိသည်ဟု KNU ပြော

Ever November | 4/06/2012 07:27:00 PM | Best Blogger Tips
ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ပြုလုပ်နေသည့် ကရင်အမျိုးသား အစည်းအရုံး KNU နှင့်
မြန်မာအစိုးရအကြား သောကြာနေ့မနက် ငြိမ်းချမ်းရေး ဆွေးနွေးမှုမှာ အားရကျေနပ်ဖွယ် 
ရှိကြောင်း KNU ကိုယ်စားလှယ်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ နော်မေဦးမုတြော် က ပြောသည်။
“ဒါပေမယ့် ဆွေးနွေးတဲ့အကြောင်းအရာက တအားခက်ပြီးတော့ နက်နက်ရှိုင်းရှိုင်း ဖြစ်နေတဲ့အခါကျတော့ ထင်သလောက်တော့ ခရီးက မပေါက်ဘူး။ ဒါပေမယ့် နားလည်မှုတွေ ရှိတဲ့အခါကျတော့ ကျမထင်တယ် ဒီဥစ္စာ ကောင်းတဲ့အလားအလာ ဖြစ်တယ်ဆိုတာ” ဟု ဆွေးနွေးပွဲတွင်း အခြေအနေများကို ပြောဆိုခဲ့သည်။

ဆွေးနွေးနေမှုဖြစ်စဉ်တွင်အရေးကြီးဆုံးအချက်အနေဖြင့်ယုံကြည်မှုတည်ဆောက်နိုင်ဖို့သာ ဖြစ်ကြောင်းကို
လည်းပြောဆိုခဲ့သည်။

အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန် ခေါင်းဆောင်သည့် KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် ဦးအောင်မင်း ဦးဆောင်သည့် မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ဆက်လက်ဆွေးနွေးဆဲဖြစ်ပြီးသောကြာနေ့ ညနေပိုင်းတွင်သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမည်ဖြစ်သည်။
မဇ္ဈိမ

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1